Property Expo
×

 ျပည္ပေရာက္ ျမန္မာ ႏုိင္ငံသားမ်ားအတြက္ ရည္ရြယ္၍ ျမန္မာဇာတ္ကားမ်ား အဓိကျပသေပးမည့္ ထိုင္းအေျခစိုက္ မဟာ ခ်န္နယ္ကို ေအာက္တိုဘာ ၃၀ ရက္တြင္ စတင္ထုတ္လႊင့္ ျပသေပးမည္ျဖစ္ေၾကာင္း ABC Con-tent Solutions ကုမၸဏီ အမႈ ေဆာင္အရာရွိခ်ဳပ္ ဦးဝင္းခုိင္က ေျပာသည္။

ယင္းခ်န္နယ္ကို ထုိင္းအေျခ စိုက္ PSI ႐ုပ္သံလုိင္းက ထုတ္ လႊင့္ျပသမည္ျဖစ္သည္။

‘‘ထိုင္းနဲ႔ မေလးရွားမွာရွိတဲ့ ျမန္မာေတြ ၾကည့္႐ႈႏုိင္ေအာင္ အဓိကထုတ္လႊင့္ျခင္းျဖစ္ပါတယ္။ကြၽန္ေတာ္တုိ႔ မဟာ႐ုပ္သံလိုင္းက ႏုိင္ငံျပင္ပမွာ ပထမဆံုးထုတ္လႊင့္ တဲ့ ျမန္မာ႐ုပ္သံလိုင္းျဖစ္မွာပါ။ ဒီ ႐ုပ္သံလိုင္းက ျမန္မာ Content ေတြကို အဓိကထားၿပီး၊ ျမန္မာ ျပည္သူေတြအတြက္ကို အဓိက ထားၿပီး ထုတ္လႊင့္တာျဖစ္ပါ တယ္’’ဟု မဟာ႐ုပ္သံလိုင္းထုတ္ လႊင့္ျဖစ္သည့္အေၾကာင္းကို ၎ က ေျပာသည္။

ယင္း႐ုပ္သံလုိင္းကို ေအာက္တိုဘာ ၁၈ ရက္တြင္ စတင္စမ္း သပ္ထုတ္လႊင့္ခဲ့ၿပီး ေအာက္တို ဘာ ၃၀ ရက္ကစ၍ ေန႔စဥ္ နံနက္ ၆ နာရီ (ထိုင္းစံေတာ္ခ်ိန္ ၆ နာရီခြဲ)ကစ၍ တစ္ရက္လွ်င္ ၂၂ နာရီ ထုတ္လႊင့္ျပသေပးမည္ျဖစ္သည္။မဟာ႐ုပ္သံလုိင္းကို PSI Set Top Box ရွိပါက အခမဲ့ဖမ္းယူ ၾကည့္႐ႈႏုိင္္ၿပီး ထိုင္း၊ မေလးရွား၊ လာအိုႏွင့္ ျမန္မာႏုိင္ငံတုိ႔၌လည္း ဖမ္းယူၾကည့္႐ႈႏိုင္ သည္။

‘‘ဒီ႐ုပ္သံလုိင္းကို ျမန္မာ ႏုိင္ငံကလူေတြ ၾကည့္႐ႈႏုိင္ဖို႔အ တြက္ကိုလည္း ျမန္မာႏုိင္ငံမွာရွိ တဲ့ ႐ုပ္သံလုိင္းေတြနဲ႔ ထပ္မံခ်ိတ္ ဆက္ၿပီး ပ်ံ႕ႏွံ႔မႈ ပိုမိုေကာင္းမြန္ ေအာင္ ေဆာင္ရြက္မွာ ျဖစ္ပါ တယ္’’ဟု ဦးဝင္းခုိင္က ေျပာၾကား သည္။

ABC Content Solutions ကုမၸဏီအေနျဖင့္ မဟာ Applica-tion ကို ယခုႏွစ္ ဇန္နဝါရီတြင္ စတင္လုပ္ကိုင္ၿပီး မဟာ႐ုပ္သံ လုိင္းကို အဆုိပါ Application တြင္ ၾကည့္႐ႈႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

မဟာ႐ုပ္သံလိုင္းတြင္ ျပသ မည့္ ဇာတ္ကားမ်ားသည္ မူပိုင္ ခြင့္ရရွိထားသည့္ ဇာတ္ကားမ်ား ျဖစ္ၿပီး ေနာက္ပိုင္းတြင္ မဟာ႐ုပ္ သံလိုင္းတစ္ခုတည္းတြင္သာ ၾကည့္႐ႈႏိုင္မည့္ ဇာတ္ကားသစ္ မ်ားကို တစ္လလွ်င္ ေလးကားမွ ရွစ္ကားအထိ ျပသေပးရန္ အစီ အစဥ္ရွိေၾကာင္း ဦးဝင္းခုိင္က  ေျပာသည္။

PSI Corporation သည္ စေလာင္းထုတ္ကုန္မ်ားႏွင့္ စေလာင္းျဖန္႔ျဖဴးေသာ ကုမၸဏီ ျဖစ္ၿပီး လက္ရွိအထိ PSI Set Top Box အလံုးေရ ၁၈ သန္း ေရာင္းခ်ထားကာ ျမန္မာႏုိင္ငံတြင္လည္း ႏွစ္သန္းခန္႔ ေရာင္းခ်ထားရ ေၾကာင္း အဆုိပါကုမၸဏီ မန္ေန ဂ်ာ Mr PHANUWAY က ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ပြည်ပရောက် မြန်မာ နိုင်ငံသားများအတွက် ရည်ရွယ်၍ မြန်မာဇာတ်ကားများ အဓိကပြသပေးမည့် ထိုင်းအခြေစိုက် မဟာ ချန်နယ်ကို အောက်တိုဘာ ၃၀ ရက်တွင် စတင်ထုတ်လွှင့် ပြသပေးမည်ဖြစ်ကြောင်း ABC Con-tent Solutions ကုမ္ပဏီ အမှု ဆောင်အရာရှိချုပ် ဦးဝင်းခိုင်က ပြောသည်။

ယင်းချန်နယ်ကို ထိုင်းအခြေ စိုက် PSI ရုပ်သံလိုင်းက ထုတ် လွှင့်ပြသမည်ဖြစ်သည်။

‘‘ထိုင်းနဲ့ မလေးရှားမှာရှိတဲ့ မြန်မာတွေ ကြည့်ရှုနိုင်အောင် အဓိကထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ မဟာရုပ်သံလိုင်းက နိုင်ငံပြင်ပမှာ ပထမဆုံးထုတ်လွှင့် တဲ့ မြန်မာရုပ်သံလိုင်းဖြစ်မှာပါ။ ဒီ ရုပ်သံလိုင်းက မြန်မာ Content တွေကို အဓိကထားပြီး၊ မြန်မာ ပြည်သူတွေအတွက်ကို အဓိက ထားပြီး ထုတ်လွှင့်တာဖြစ်ပါ တယ်’’ဟု မဟာရုပ်သံလိုင်းထုတ် လွှင့်ဖြစ်သည့်အကြောင်းကို ၎င်း က ပြောသည်။

ယင်းရုပ်သံလိုင်းကို အောက်တိုဘာ ၁၈ ရက်တွင် စတင်စမ်း သပ်ထုတ်လွှင့်ခဲ့ပြီး အောက်တို ဘာ ၃၀ ရက်ကစ၍ နေ့စဉ် နံနက် ၆ နာရီ (ထိုင်းစံတော်ချိန် ၆ နာရီခွဲ)ကစ၍ တစ်ရက်လျှင် ၂၂ နာရီ ထုတ်လွှင့်ပြသပေးမည်ဖြစ်သည်။မဟာရုပ်သံလိုင်းကို PSI Set Top Box ရှိပါက အခမဲ့ဖမ်းယူ ကြည့်ရှုနိုင်ပြီး ထိုင်း၊ မလေးရှား၊ လာအိုနှင့် မြန်မာနိုင်ငံတို့၌လည်း ဖမ်းယူကြည့်ရှုနိုင် သည်။

‘‘ဒီရုပ်သံလိုင်းကို မြန်မာ နိုင်ငံကလူတွေ ကြည့်ရှုနိုင်ဖို့အ တွက်ကိုလည်း မြန်မာနိုင်ငံမှာရှိ တဲ့ ရုပ်သံလိုင်းတွေနဲ့ ထပ်မံချိတ် ဆက်ပြီး ပျံ့နှံ့မှု ပိုမိုကောင်းမွန် အောင် ဆောင်ရွက်မှာ ဖြစ်ပါ တယ်’’ဟု ဦးဝင်းခိုင်က ပြောကြား သည်။

ABC Content Solutions ကုမ္ပဏီအနေဖြင့် မဟာ Applica-tion ကို ယခုနှစ် ဇန်နဝါရီတွင် စတင်လုပ်ကိုင်ပြီး မဟာရုပ်သံ လိုင်းကို အဆိုပါ Application တွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မဟာရုပ်သံလိုင်းတွင် ပြသ မည့် ဇာတ်ကားများသည် မူပိုင် ခွင့်ရရှိထားသည့် ဇာတ်ကားများ ဖြစ်ပြီး နောက်ပိုင်းတွင် မဟာရုပ် သံလိုင်းတစ်ခုတည်းတွင်သာ ကြည့်ရှုနိုင်မည့် ဇာတ်ကားသစ် များကို တစ်လလျှင် လေးကားမှ ရှစ်ကားအထိ ပြသပေးရန် အစီ အစဉ်ရှိကြောင်း ဦးဝင်းခိုင်က  ပြောသည်။

PSI Corporation သည် စလောင်းထုတ်ကုန်များနှင့် စလောင်းဖြန့်ဖြူးသော ကုမ္ပဏီ ဖြစ်ပြီး လက်ရှိအထိ PSI Set Top Box အလုံးရေ ၁၈ သန်း ရောင်းချထားကာ မြန်မာနိုင်ငံတွင်လည်း နှစ်သန်းခန့် ရောင်းချထားရ ကြောင်း အဆိုပါကုမ္ပဏီ မန်နေ ဂျာ Mr PHANUWAY က ပြော သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top