Kantharyar Centre
×

ပင္ဆယ္လ္ဗီးနီးယားျပည္နယ္သားတစ္ဦးဟာ ေဟာလိဝုဒ္မင္းသမီးေတြရဲ႕ အီးေမးလ္အေကာင့္ေတြအပါအဝင္ Apple နဲ႔ Google အီးေမးလ္အေကာင့္ ၁၀၀ ေက်ာ္ hack လုပ္ျခင္းအတြက္ ေထာင္ဒဏ္ ၁၈ လ ခ်မွတ္ခံခဲ့တယ္လုိ႔ အာဏာပုိင္ေတြက ေျပာဆုိခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္အရြယ္ Ryan Collins က ၾကီးေလးတဲ့ျပစ္မႈ Computer Fraud and Abuse Act ျပစ္မႈနဲ႔ အျပစ္ရိွေၾကာင္း ေမလက အသနားခံေလွ်ာက္လဲခဲ့ပါတယ္။ ၂ ႏွစ္ၾကာ victim ေတြဆီ အခ်က္အလက္ရရိွဖို႔ အီးေမးလ္ေပးပုိ႔ခဲ့ျပီး အေကာင့္ဝင္ေရာက္ခြင့္ရျပီးတဲ့ေနာက္ အေဖာ္အခ်ြတ္ပုံေတြနဲ႔ ဗီဒီယုိေတြအပါအဝင္ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြ ရယူခဲ့တာလုိ႔ အစိုးရေရွ႕ေနေတြက ဆုိပါတယ္။

သရုပ္ေဆာင္ Jennifer Lawrence နဲ႔ ေမာ္ဒယ္ Kate Upton အပါအဝင္ အႏုပညာရွင္ေတြဆီက ကုိယ္ေရးကုိယ္တာဓာတ္ပုံေတြ ၂၀၁၄ စက္တင္ဘာလက အြန္လုိင္းေပၚ ေပါက္ၾကားသြားတဲ့  Cebebgate သုိ႔မဟုတ္ "The Fappening" အျဖစ္ လူသိမ်ားလာျပီးေနာက္ ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေပါက္ၾကားမႈေတြဟာ Collins နဲ႔ အမွန္တကယ္ ပတ္သက္ဆက္ႏြယ္ေနသလားဆုိတာကိုေတာ့ စုံစမ္းစစ္ေဆးသူေတြ ခုခ်ိန္ထိ သက္ေသအေထာက္အထားတစ္စုံတစ္ရာ မေတြ႔ေသးပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trendMyanmar

#Unicode Version

ပင်ဆယ်လ်ဗီးနီးယားပြည်နယ်သားတစ်ဦးဟာ ဟောလိဝုဒ်မင်းသမီးတွေရဲ့ အီးမေးလ်အကောင့်တွေအပါအဝင် Apple နဲ့ Google အီးမေးလ်အကောင့် ၁၀၀ ကျော် hack လုပ်ခြင်းအတွက် ထောင်ဒဏ် ၁၈ လ ချမှတ်ခံခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် Ryan Collins က ကြီးလေးတဲ့ပြစ်မှု Computer Fraud and Abuse Act ပြစ်မှုနဲ့ အပြစ်ရှိကြောင်း မေလက အသနားခံလျှောက်လဲခဲ့ပါတယ်။ ၂ နှစ်ကြာ victim တွေဆီ အချက်အလက်ရရှိဖို့ အီးမေးလ်ပေးပို့ခဲ့ပြီး အကောင့်ဝင်ရောက်ခွင့်ရပြီးတဲ့နောက် အဖော်အချွတ်ပုံတွေနဲ့ ဗီဒီယိုတွေအပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ရယူခဲ့တာလို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။

သရုပ်ဆောင် Jennifer Lawrence နဲ့ မော်ဒယ် Kate Upton အပါအဝင် အနုပညာရှင်တွေဆီက ကိုယ်ရေးကိုယ်တာဓာတ်ပုံတွေ ၂၀၁၄ စက်တင်ဘာလက အွန်လိုင်းပေါ် ပေါက်ကြားသွားတဲ့  Cebebgate သို့မဟုတ် "The Fappening" အဖြစ် လူသိများလာပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီပေါက်ကြားမှုတွေဟာ Collins နဲ့ အမှန်တကယ် ပတ်သက်ဆက်နွယ်နေသလားဆိုတာကိုတော့ စုံစမ်းစစ်ဆေးသူတွေ ခုချိန်ထိ သက်သေအထောက်အထားတစ်စုံတစ်ရာ မတွေ့သေးပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: trendMyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top