Property Expo
×




Credit:MOI

#Unicode Version
ရန်ကုန်မြို့ထဲမှာ သီတင်းကျွတ်ပွဲတော်ကျင်းပလေ့ရှိတဲ့ နေရာတွေထဲက အထင်ကနေရာတစ်ခုဖြစ်တဲ့ ရေကျော်သီတင်းကျွတ်ပွဲတော်မှာ လုံခြုံရေတင်းကြပ်သွားမယ်လို့ သိရပြီး CCTV ကင်မရာတွေလည်း တပ်ဆင်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

ငါးရက်ကြာကျင်းပမယ့် ရေကျော်သီတင်းကျွတ်ပွဲတော်မှာ ပွဲတော်ကာလအတွင်း အမှတ်(၉) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနဲ့ ရေကျော်လမ်းမပေါ်မှာ CCTV ကင်မရာတွေ အကွာအဝေးအပေါ်မူတည်ကာ တပ်ဆင်သွားမှာဖြစ်သလို မီးသတ်အင်အား ၃၀ကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား ၂၀ ဝန်းကျင် စောင့်ကြပ်ပေးသွားမယ်လို့ သိရပါတယ်။

ပွဲတော်ရက်အတွင်းမှာ ပျော်ပွဲရွှင်ပွဲတွေအနေနဲ့ ပထမနှစ်ရက်မှာမာယာဒေဝီ တေးသရုပ်ဖော်အစီအစဉ်၊ ၁၅ ရက်မှာ ဟားတစ်သိုက်အငြိမ့်အဖွဲ့ ၊ ၁၆ ရက်မှာ Ugly Band ၊ အောက်တိုဘာ ၁၇ ရက်မှာ Five Stars အငြိမ့်အဖွဲ့တို့က ဖျော်ဖြေတင်ဆက်သွားမယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:MOI
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top