Property Expo
×

အႏုပညာရွင္ေတြရဲ႕ အကြဲအျပဲဇာတ္လမ္းေတြ ဆက္တုိက္ၾကားေနရတဲ့ ႏွစ္ကေတာ့ ၂၀၁၆ခုႏွစ္လုိ႕ ဆုိရင္ မမွားပါဘူး။ အဲ့ဒီလိုအတြဲေတြၾကား Twilight မင္းသမီး Kristen Stewart ကေတာ့ ကိုယ္သေဘာက်တဲ့သူနဲ႕ လက္တြဲႏိုင္ဖုိ႕ အားသြန္ခြန္စိုက္ကို ၾကိဳဳးစားေနပါတယ္။

ကမ႓ာေက်ာ္ေမာ္ဒယ္ Cara Delevingne နဲ႕ အဆုိေတာ္ St. Vincent (Annie Clark)တုိ႕ လမ္းခြဲလိုက္ၾကျပီဆုိတဲ့ သတင္းထြက္ေပၚလာခဲ့ျပီး မၾကာခင္မွာပဲ Kristen Stewart က St. Vincent ကို စတင္ဆက္သြယ္ခဲ့ပံု ရပါတယ္။ US Weekly က ေဖာ္ျပခ်က္အရဆုိရင္ မင္းသမီးဟာ အဆုိေတာ္မေလးကို သူမရဲ႕ ဇာတ္ကားသစ္တစ္ကား ျဖစ္တဲ့ Certain Women ဇာတ္ကားကို သူမနဲ႕အတူ New York ရုပ္ရွင္ပြဲေတာ္မွာ အတူ ၾကည့္ရႈဖုိ႕ ဖိတ္ၾကားခဲ့ပါတယ္တဲ့။

ခိုင္မာတဲ့သတင္းရပ္ကြက္က ထြက္လာတဲ့ အခ်က္အလက္ေတြအရေတာ့ သူတုိ႕ႏွစ္ေယာက္ဟာ အတူရွိခ်ိန္မွာ အရမ္းကို ရိုမန္တစ္ဆန္ၾကျပီး Kristen ဟာ တစ္ခုခုဆိုတာနဲ႕ အဆိုေတာ္ေကာင္မေလးနား ကပ္ျပီး တီးတိုးစကားဆုိကာ သူမအျမင္ဘယ္လိုရွိတယ္ဆုိတာ အျမဲေမးတတ္တယ္လုိ႕ ဖြင့္ဟသြားပါတယ္။  သူတုိ႕ႏွစ္ဦးဟာ နယူးေယာ့ခ္မွာ အတူေလ်ွာက္ျပီး လည္ပတ္ခဲ့တဲ့အျပင္ St. Vincent ကလည္း သူမရဲ႕ေဖ်ာ္ေျဖပြဲကို လာေရာက္ၾကည့္ရႈဖုိ႕ Kristen Stewartကို  ဖိတ္ၾကားခဲ့ပါေသးတယ္လို႕ သိရပါတယ္။

မ်ားေသာအားျဖင့္ အခ်စ္ေရးဆုိ အျမဲလ်ွိဳ႕၀ွက္စြာေျဖၾကားတတ္တဲ့ Kristen ဟာ Elle ကအင္တာဗ်ဳဴးတစ္ခုမွာေတာ့ "က်ြန္မ ရွက္လည္း မရွက္ေတာ့ပါဘူး။ စိတ္ရႈပ္ေထြးေနတာမ်ိဳးလည္း မရွိေတာ့ဘူး။ အရာအားလံုး က ေျပာင္းလဲသြားခဲ့ျပီ" လုိ႕ ေျဖၾကားသြားခဲ့ပါတယ္။ အဆိုေတာ္ေကာင္မေလးနဲ႕ မေတြ႕ခင္က Kristen ဟာ Alicia Cargile နဲ႕ ျပတ္လိုက္ဆက္လိုက္ တြဲခဲ့ၾကပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Uncode Version

အနုပညာရှင်တွေရဲ့ အကွဲအပြဲဇာတ်လမ်းတွေ ဆက်တိုက်ကြားနေရတဲ့ နှစ်ကတော့ ၂၀၁၆ခုနှစ်လို့ ဆိုရင် မမှားပါဘူး။ အဲ့ဒီလိုအတွဲတွေကြား Twilight မင်းသမီး Kristen Stewart ကတော့ ကိုယ်သဘောကျတဲ့သူနဲ့ လက်တွဲနိုင်ဖို့ အားသွန်ခွန်စိုက်ကို ကြိုုးစားနေပါတယ်။

ကမ္ဘာကျော်မော်ဒယ် Cara Delevingne နဲ့ အဆိုတော် St. Vincent (Annie Clark)တို့ လမ်းခွဲလိုက်ကြပြီဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပြီး မကြာခင်မှာပဲ Kristen Stewart က St. Vincent ကို စတင်ဆက်သွယ်ခဲ့ပုံ ရပါတယ်။ US Weekly က ဖော်ပြချက်အရဆိုရင် မင်းသမီးဟာ အဆိုတော်မလေးကို သူမရဲ့ ဇာတ်ကားသစ်တစ်ကား ဖြစ်တဲ့ Certain Women ဇာတ်ကားကို သူမနဲ့အတူ New York ရုပ်ရှင်ပွဲတော်မှာ အတူ ကြည့်ရှုဖို့ ဖိတ်ကြားခဲ့ပါတယ်တဲ့။

ခိုင်မာတဲ့သတင်းရပ်ကွက်က ထွက်လာတဲ့ အချက်အလက်တွေအရတော့ သူတို့နှစ်ယောက်ဟာ အတူရှိချိန်မှာ အရမ်းကို ရိုမန်တစ်ဆန်ကြပြီး Kristen ဟာ တစ်ခုခုဆိုတာနဲ့ အဆိုတော်ကောင်မလေးနား ကပ်ပြီး တီးတိုးစကားဆိုကာ သူမအမြင်ဘယ်လိုရှိတယ်ဆိုတာ အမြဲမေးတတ်တယ်လို့ ဖွင့်ဟသွားပါတယ်။  သူတို့နှစ်ဦးဟာ နယူးယော့ခ်မှာ အတူလျှောက်ပြီး လည်ပတ်ခဲ့တဲ့အပြင် St. Vincent ကလည်း သူမရဲ့ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုဖို့ Kristen Stewartကို  ဖိတ်ကြားခဲ့ပါသေးတယ်လို့ သိရပါတယ်။

များသောအားဖြင့် အချစ်ရေးဆို အမြဲလျှို့ဝှက်စွာဖြေကြားတတ်တဲ့ Kristen ဟာ Elle ကအင်တာဗျုူးတစ်ခုမှာတော့ "ကျွန်မ ရှက်လည်း မရှက်တော့ပါဘူး။ စိတ်ရှုပ်ထွေးနေတာမျိုးလည်း မရှိတော့ဘူး။ အရာအားလုံး က ပြောင်းလဲသွားခဲ့ပြီ" လို့ ဖြေကြားသွားခဲ့ပါတယ်။ အဆိုတော်ကောင်မလေးနဲ့ မတွေ့ခင်က Kristen ဟာ Alicia Cargile နဲ့ ပြတ်လိုက်ဆက်လိုက် တွဲခဲ့ကြပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top