Kantharyar Centre
×





Credit:Thit Htoo Lwin

#Unicode Version
သင့်အနေနဲ့ Bus ကားပေါ်မှာ အင်တာနက် ဒေတာ သုံးလို့တဲ့ Feeling ကိုခံစားကြည့်ပါ။ အမေရိကန် အင်တာနက် ဘီလူးကြီးအနေနဲ့ မကြာခင်မှာ Google Station ဆိုတဲ့ ပရောဂျက်ကို မိတ်ဆက်ခဲ့ပြီး အဲ့ဒါဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘူတာရုံနဲ့ ဘတ်စ်ကားတွေမှာ Free Wi-Fi အနေနဲ့ အသုံးပြုလို့ရမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ပြောကြားခဲ့ပါတယ်။

ဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ်တုန်းက အိန္ဒိယနိုင်ငံမှာ စတင်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ချဲ့ထွင်ဖို့အတွက် လုပ်ဆောင်နေခဲ့တာပါ။

“ကျွန်တော်တို့ရဲ့ သုတေသနကို IPSPS နဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး Wi Fi ပေးထားတဲ့ ဘူတာရုံတွေကိုလာရောက်ပြီး အိန္ဒိယလူမျိုး တစ်သောင်းခွဲကျော်ဟာ အွန်လိုင်းလာသုံးကြပါတယ်” လို့ Caesar Sengupta ကဆိုပါတယ်။

Google အနေနဲ့ ဒီပရောဂျက်အတွက် ပူးပေါင်းလုပ်ဆောင်ဖို့အတွက်၊ ပြည်တွင်းမှာရှိတဲ့ Telecom တွေ၊ ဖိုက်ဘာတည်ဆောက်သူတွေကို ဖိတ်ခေါ်နေတာလည်း ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top