Property Expo
×







Credit: 7 day daily

#Unicode Version

အမေရိကန် နာ မည်ကြီးပေါ့ပ်အဆိုတော် ဘရုနိုမားစ်က သုံးနှစ်အတွင်း ပထမ ဆုံး တေးအယ်လ်ဘမ်ဖြစ်သည့် 24k Magic ကို နိုဝင်ဘာတွင် ဖြန့်ချိရန် စီစဉ်နေစဉ် 24k Magic ခေါင်းစဉ်ဖြင့် သီချင်းကို မိတ်ဆက်လိုက်သည်။

‘နှစ်ဆယ့်လေးကာရက် မှော်အစွမ်းဟု အဓိပ္ပာယ်ရသော သီချင်းခွေနှင့်ပတ်သက်၍ ဘရူနို မားစ်က ‘ဒီခွေကို ကျွန်တော့်ရဲ့ ပထမဆုံးခွေလို့ ခင်ဗျားတို့ ပြော နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကတော့ ဒီခွေကို ပါတီပွဲဖိတ်စာ လို့ပဲ ပြောပါမယ်’’ဟု ပြောကြား သည်။

ဂရမ်မီဆုအများအပြား ရရှိထားသော ဘရူနိုမားစ်သည် Young Girls တေးအယ်လ်ဘမ်ကို ထုတ် ဝေခဲ့ပြီးနောက် ယခု 24kMagic အား ထပ်မံထုတ်ဝေရန် စီစဉ်ထားသည်။

ထို့အပြင် ဘရူနိုမားစ်သည် အောက်တိုဘာ ၁၅ ရက်တွင် ၎င်း၏သီချင်းသစ်ကို တိုက် ရိုက်ဖျော်ဖြေ ထုတ်လွှင့်မည်ဖြစ် သည်။

၂၀၁၂ က ထွက်ခဲ့သော ၎င်း၏ Unorthodox Jukebox တေးအယ်လ်ဘမ်သည် အမေရိ ကန်၊ ဗြိတိန်နှင့် ကနေဒါ၊ သြ စတြီးယားနိုင်ငံတို့တွင် နံပါတ် (၁) နေရာ၌ ရပ်တည်ခဲ့သည်။

24k Magic အခွေကို နိုဝင် ဘာ ၁၈ ရက်တွင် Atlantic Records ကုမ္ပဏီမှတစ်ဆင့် ဖြန့် ချိမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top