က်ပ္သိန္း (၁၀၀) မွ သိန္း (၁၀၀၀) အတြင္း ျမိဳ ႔နယ္စံု အိမ္ရာ အေရာင္းျပပြဲ
×

အိန္ဂ်ယ္လ္လီနာဂ်ဳိလီက သူမနဲ႕ ဘရက္ပစ္ရဲ႕ ပတ္သက္သမွ် တစ္စြန္းတစ္စေတာင္ ခ်န္မထားခ်င္ဘူးဆုိတာကို သူမခႏၶာကိုယ္ေပၚက ဘရက္ပစ္နဲ႕ပတ္သက္တဲ့ တက္တူးေတြ အားလံုးဖ်က္ပစ္ကာ သက္ေသျပခဲ့ပါတယ္။ ဂ်ိဳလီဟာ ဘရက္ပစ္နဲ႕ ပတ္သက္ျပီး ဘရက္ပစ္ရဲ႕ခ်က္ျမဳပ္ဇာတိကို သူမလက္ေမာင္းေပၚ တက္တူးထိုးထားခဲ့သလို ကေမာၻဒီယားႏုိင္ငံေရာက္တုန္းကလည္း သူတုိ႔ႏွစ္ဦးလုံးဟာ ရုိမန္တစ္ဆန္ဆန္ ဒီဇိုင္းတစ္ခုစီကို သူတို႕ရဲ႕ ခႏၶာကိုယ္ေပၚ တင္ခဲ့ၾကပါေသးတယ္။ ဒါေတြ မဖ်က္ခင္တုန္းကတည္းက သူမအေနနဲ႔ အဲဒီတက္တူးႏွစ္ခုစလုံးကို ရွင္းပစ္ခ်င္ေၾကာင္းကိုလည္း  အတြင္းလူတစ္ဦးကို ဖြင့္ဟခဲ့တယ္လို႕ သိရပါတယ္။။

အခုအခ်ိန္မွာေတာ့ သူမဟာ အၾကင္နာမဲ့၊ အသည္းမာသူတစ္ဦးျဖစ္ေနျပီး သူမကိုယ္သူမ အညံ့ခံေတာ့မွာ မဟုတ္ဘူးလုိ႔ ယင္းသတင္းအရင္းအျမစ္က ထပ္မံေျပာဆုိသြားပါတယ္။ ဂ်ိဳလီဟာ တက္တူးေတြ ျပန္ဖ်က္ပစ္ခဲ့တာ ဒါပထမဆုံးအၾကိမ္ေတာ့ မဟုတ္ပါဘူး။ တစ္ခ်ိန္က Billy Bod နဲ႔ပတ္သက္တဲ့ တက္တူးကိုလည္း သူမ ဖယ္ရွားခဲ့ရပါေသးတယ္။ ဒီေတာ့ အခ်စ္ေရးနဲ႔စပ္လ်ဥ္းျပီး သူမဟာ ဘယ္ေတာ့မွ တက္တူးထုိးေတာ့မွာ မဟုတ္ဘူးလုိ႔ ကတိျပဳလိုက္ျပီျဖစ္ေၾကင္း အသက္ ၄၁ ႏွစ္အရြယ္ဂ်ဳိလီရဲ႕ အတြင္းလူက ေျပာပါတယ္။

တက္တူးဖ်က္တာဟာ အလြန္႔အလြန္ နာက်င္တဲ့ကိစၥတစ္ခုျဖစ္တာမို႔ ဒါဟာ ဘရက္ပစ္အေပၚ သူမ ဘယ္ေလာက္နာက်ည္းခဲ့ေၾကာင္း သက္ေသျပလုိက္တာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

အိန်ဂျယ်လ်လီနာဂျိုလီက သူမနဲ့ ဘရက်ပစ်ရဲ့ ပတ်သက်သမျှ တစ်စွန်းတစ်စတောင် ချန်မထားချင်ဘူးဆိုတာကို သူမခန္ဓာကိုယ်ပေါ်က ဘရက်ပစ်နဲ့ပတ်သက်တဲ့ တက်တူးတွေ အားလုံးဖျက်ပစ်ကာ သက်သေပြခဲ့ပါတယ်။ ဂျိုလီဟာ ဘရက်ပစ်နဲ့ ပတ်သက်ပြီး ဘရက်ပစ်ရဲ့ချက်မြုပ်ဇာတိကို သူမလက်မောင်းပေါ် တက်တူးထိုးထားခဲ့သလို ကမ္ဘောဒီယားနိုင်ငံရောက်တုန်းကလည်း သူတို့နှစ်ဦးလုံးဟာ ရိုမန်တစ်ဆန်ဆန် ဒီဇိုင်းတစ်ခုစီကို သူတို့ရဲ့ ခန္ဓာကိုယ်ပေါ် တင်ခဲ့ကြပါသေးတယ်။ ဒါတွေ မဖျက်ခင်တုန်းကတည်းက သူမအနေနဲ့ အဲဒီတက်တူးနှစ်ခုစလုံးကို ရှင်းပစ်ချင်ကြောင်းကိုလည်း  အတွင်းလူတစ်ဦးကို ဖွင့်ဟခဲ့တယ်လို့ သိရပါတယ်။။

အခုအချိန်မှာတော့ သူမဟာ အကြင်နာမဲ့၊ အသည်းမာသူတစ်ဦးဖြစ်နေပြီး သူမကိုယ်သူမ အညံ့ခံတော့မှာ မဟုတ်ဘူးလို့ ယင်းသတင်းအရင်းအမြစ်က ထပ်မံပြောဆိုသွားပါတယ်။ ဂျိုလီဟာ တက်တူးတွေ ပြန်ဖျက်ပစ်ခဲ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ တစ်ချိန်က Billy Bod နဲ့ပတ်သက်တဲ့ တက်တူးကိုလည်း သူမ ဖယ်ရှားခဲ့ရပါသေးတယ်။ ဒီတော့ အချစ်ရေးနဲ့စပ်လျဉ်းပြီး သူမဟာ ဘယ်တော့မှ တက်တူးထိုးတော့မှာ မဟုတ်ဘူးလို့ ကတိပြုလိုက်ပြီဖြစ်ကြေင်း အသက် ၄၁ နှစ်အရွယ်ဂျိုလီရဲ့ အတွင်းလူက ပြောပါတယ်။

တက်တူးဖျက်တာဟာ အလွန့်အလွန် နာကျင်တဲ့ကိစ္စတစ်ခုဖြစ်တာမို့ ဒါဟာ ဘရက်ပစ်အပေါ် သူမ ဘယ်လောက်နာကျည်းခဲ့ကြောင်း သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top