Kantharyar Centre
×

ရန္ကုန္ၿမိဳ႕တြင္ စည္းကမ္းမဲ့ေမာင္းႏွင္ေနၿပီး ဥပေဒမဲ့ရမ္းကားေနသည့္ BM ယာဥ္လုိင္းမ်ားကို ပိုမိုၾကပ္မတ္၍ အေရးယူမည္ျဖစ္ၿပီး ယခုခ်မွတ္ထားေသာျပစ္ဒဏ္မ်ားသည္ ေပါ့ေန၍ ျပစ္ဒဏ္မ်ား တုိးျမႇင့္ခ်မွတ္ရန္ စီစဥ္ေဆာင္ရြက္ေနေၾကာင္း ရန္ကုန္တိုင္း လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာၾကားသည္။

ေအာက္တုိဘာ ၂၈ ရက္တြင္ျပဳလုပ္သည့္ ရန္ကုန္တိုင္းလႊတ္ ေတာ္ အစည္းအေဝးတြင္ BM ယာဥ္လိုင္းမ်ားသည္ ဥပေဒကို မထီမဲ့ျမင္ျပဳလုပ္၍ ျပည္သူမ်ား ထိတ္လန္႔ကာ အသက္ဆံုး႐ႈံးမႈ မ်ားရွိေနေသာေၾကာင့္ အဆိုပါ ယာဥ္လိုင္းမ်ားကို ဥပေဒႏွင့္အ ညီ ေဆာင္ရြက္ေပးရန္ အစီအစဥ္ ရွိ၊ မရွိ ဒဂံုၿမိဳ႕သစ္ ေတာင္ပိုင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကုိယ္ စားလွယ္ ဦးညီညီက ေမးျမန္းရာ ဝန္ႀကီး ေဒၚနီလာေက်ာ္က အ ထက္ပါအတိုင္း ေျဖၾကားျခင္း ျဖစ္သည္။

‘‘ယာဥ္မေတာ္တဆျဖစ္ၿပီး လူေသဆံုးမႈရွိရင္ ျဖစ္စဥ္ျဖစ္ပြား တဲ့ယာဥ္ကို ေျခာက္လပိတ္သိမ္း တဲ့ ျပစ္ဒဏ္ဟာ ေပါ့ေနတယ္လို႔ ကြၽန္မတို႔ယူဆတဲ့အတြက္ ျပစ္ ဒဏ္ကို တိုးျမႇင့္ဖို႔ကိုလည္း စိစစ္ ေဆာင္ရြက္ေနပါတယ္။ ေျခာက္ လပိတ္သိမ္းတာဆိုရင္ ဒီလိုင္းက ပိတ္သိမ္းတာျဖစ္တဲ့အတြက္ တ ျခားယာဥ္လုိင္းမွာ တက္ေမာင္း တာေတြရွိပါတယ္။ အဲဒါကိုလည္း စိစစ္ေဆာင္ရြက္မွာျဖစ္ပါတယ္။ ယာဥ္လိုင္းကိုပါ ပိတ္သိမ္းပစ္တာ မ်ိဳးေပါ့။ ယာဥ္ေမာင္းနဲ႔ ယာဥ္ ေနာက္လိုက္ကေတာ့ ျဖစ္ၿပီးရင္ ေျပးတာပါပဲ။ ကြၽန္မတို႔အေနနဲ႔ ယာဥ္ပိုင္ရွင္ကိုပါ အေရးယူဖို႔ စီ စဥ္ေဆာင္ရြက္ေနပါတယ္။ ထိထိ ေရာက္ေရာက္ ေဆာင္ရြက္သြား မွာျဖစ္ပါတယ္’’ဟု ၎က ေျပာ ၾကားသည္။

အဆိုပါ ျဖစ္စဥ္မ်ား ၾကား သိေနရ၍ စိတ္မေကာင္းျဖစ္ရ ေၾကာင္းႏွင့္ ယခု ေဆာင္ရြက္ေန သည့္ အမ်ားပိုင္ယာဥ္လုိင္းမ်ားမွာ ယင္းျပႆနာမ်ား ခ်ဳပ္ၿငိမ္းသြား ရန္ျဖစ္ေၾကာင္း ဝန္ႀကီး ေဒၚနီလာ ေက်ာ္က ဆက္လက္ေျပာသည္။

ထို႔အျပင္ BM ယာဥ္လိုင္းမ်ားသည္ ခရီးသည္မ်ားကို သတ္မွတ္ထားသည့္ႏႈန္းထက္ ပိုမိုေတာင္းခံၿပီးခရီးစဥ္အစအဆံုး ေမာင္းႏွင္ျခင္း မျပဳဘဲ ခရီးစဥ္မဆံုးမီ ခရီးသည္မ်ားကို ယာဥ္ေပၚမွ အတင္းေမာင္းခ်မႈမ်ား ျပဳလုပ္ေနေၾကာင္း ဒဂံုၿမိဳ႕သစ္ေတာင္ပိုင္းတုိင္းေဒသ ႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦး ညီညီက ေျပာသည္။

‘‘ေတာင္ဒဂံုၿမိဳ႕နယ္အတြင္း မွာ ေျပးဆြဲေနတဲ့ BM ကားေတြ ဟာ အမ်ားအားျဖင့္ ယာဥ္ေမာင္း လိုင္စင္မရွိပါဘူး။ မဆင္မျခင္ ေမာင္းႏွင္ျခင္းတို႔ေၾကာင့္ မၾကာ ခဏ ယာဥ္တုိက္မႈေတြ ရွိေနပါ တယ္။ BM ယာဥ္လိုင္းမွာ ယာဥ္ ေမာင္းမ်ားသည္ အသက္အရြယ္ အားျဖင့္ အနီလိုင္စင္မရရွိေသး သည့္ အရြြယ္မ်ားျဖစ္ပါတယ္။ တစ္စီးနဲ႔ တစ္စီး အလုအယက္ ေမာင္းႏွင္ျခင္းတို႔ေၾကာင့္ ခရီး သည္ေတြမွာလည္း စိုးရိမ္ထိတ္ လန္႔မႈမ်ား ျဖစ္ေပၚလ်က္ ရွိပါ တယ္’’ ဟု လႊတ္ေတာ္ကိုယ္စား လွယ္ ဦးညီညီက ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္ ဒဂံုၿမိဳ႕သစ္ ေတာင္ပိုင္းကို ျဖတ္သန္းေျပးဆြဲ ေနသည့္ BM ယာဥ္လုိင္း ေလး လိုင္းရွိၿပီး ကားအစီးေရ ၁၄၆ စီး ရွိေၾကာင္း ဝန္ႀကီးေဒၚနီလာေက်ာ္ က ေျပာၾကားသည္။

အေရးယူမႈဟာ အားေပ်ာ့ေနတယ္လို႔ ထင္ျမင္ယူဆတဲ့အတြက္ ျပစ္ဒဏ္ေတြကိုလည္း တိုးျမႇင့္ဖို႔အတြက္ စီစဥ္ေဆာင္ရြက္ေနပါတယ္’’ဟု ၎က ဆက္လက္ေျပာၾကားသည္။

ေအာက္တိုဘာ ၂၇ ရက္က သဃၤန္းကြၽန္းၿမိဳ႕နယ္ ဘဝျမင့္မွတ္ တိုင္အနီးတြင္ BM ယာဥ္လုိင္းမွ ယာဥ္ေနာက္လိုက္မ်ားႏွင့္ တကၠစီယာဥ္ေမာင္းသုံးဦး အခ်င္းမ်ားၿပီး BM ယာဥ္လိုင္းမွ ယာဥ္ေနာက္လိုက္ႏွင့္ ၀ိုင္း၀န္း႐ိုက္ႏွက္သျဖင့္  ႏွစ္ဦးဒဏ္ရာရရွိခဲ့သည္။

ေအာက္တုိဘာ ၂၈ ရက္က လည္း BM ယာဥ္တစ္စီးသည္ သန္ျမန္သူ ယာဥ္လုိင္းကို ေက်ာ္ တက္စဥ္ ကားခ်င္းတိုက္မိ၍ ခရီး သည္ အဘြားအိုတစ္ဦး ေသဆံုးခဲ့ေၾကာင္း လႊတ္ေတာ္ကိုယ္စား လွယ္ ဦးညီညီက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ရန်ကုန်မြို့တွင် စည်းကမ်းမဲ့မောင်းနှင်နေပြီး ဥပဒေမဲ့ရမ်းကားနေသည့် BM ယာဉ်လိုင်းများကို ပိုမိုကြပ်မတ်၍ အရေးယူမည်ဖြစ်ပြီး ယခုချမှတ်ထားသောပြစ်ဒဏ်များသည် ပေါ့နေ၍ ပြစ်ဒဏ်များ တိုးမြှင့်ချမှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

အောက်တိုဘာ ၂၈ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ် တော် အစည်းအဝေးတွင် BM ယာဉ်လိုင်းများသည် ဥပဒေကို မထီမဲ့မြင်ပြုလုပ်၍ ပြည်သူများ ထိတ်လန့်ကာ အသက်ဆုံးရှုံးမှု များရှိနေသောကြောင့် အဆိုပါ ယာဉ်လိုင်းများကို ဥပဒေနှင့်အ ညီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ ဒဂုံမြို့သစ် တောင်ပိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးညီညီက မေးမြန်းရာ ဝန်ကြီး ဒေါ်နီလာကျော်က အ ထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

‘‘ယာဉ်မတော်တဆဖြစ်ပြီး လူသေဆုံးမှုရှိရင် ဖြစ်စဉ်ဖြစ်ပွား တဲ့ယာဉ်ကို ခြောက်လပိတ်သိမ်း တဲ့ ပြစ်ဒဏ်ဟာ ပေါ့နေတယ်လို့ ကျွန်မတို့ယူဆတဲ့အတွက် ပြစ် ဒဏ်ကို တိုးမြှင့်ဖို့ကိုလည်း စိစစ် ဆောင်ရွက်နေပါတယ်။ ခြောက် လပိတ်သိမ်းတာဆိုရင် ဒီလိုင်းက ပိတ်သိမ်းတာဖြစ်တဲ့အတွက် တ ခြားယာဉ်လိုင်းမှာ တက်မောင်း တာတွေရှိပါတယ်။ အဲဒါကိုလည်း စိစစ်ဆောင်ရွက်မှာဖြစ်ပါတယ်။ ယာဉ်လိုင်းကိုပါ ပိတ်သိမ်းပစ်တာ မျိုးပေါ့။ ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်ကတော့ ဖြစ်ပြီးရင် ပြေးတာပါပဲ။ ကျွန်မတို့အနေနဲ့ ယာဉ်ပိုင်ရှင်ကိုပါ အရေးယူဖို့ စီ စဉ်ဆောင်ရွက်နေပါတယ်။ ထိထိ ရောက်ရောက် ဆောင်ရွက်သွား မှာဖြစ်ပါတယ်’’ဟု ၎င်းက ပြော ကြားသည်။

အဆိုပါ ဖြစ်စဉ်များ ကြား သိနေရ၍ စိတ်မကောင်းဖြစ်ရ ကြောင်းနှင့် ယခု ဆောင်ရွက်နေ သည့် အများပိုင်ယာဉ်လိုင်းများမှာ ယင်းပြဿနာများ ချုပ်ငြိမ်းသွား ရန်ဖြစ်ကြောင်း ဝန်ကြီး ဒေါ်နီလာ ကျော်က ဆက်လက်ပြောသည်။

ထို့အပြင် BM ယာဉ်လိုင်းများသည် ခရီးသည်များကို သတ်မှတ်ထားသည့်နှုန်းထက် ပိုမိုတောင်းခံပြီးခရီးစဉ်အစအဆုံး မောင်းနှင်ခြင်း မပြုဘဲ ခရီးစဉ်မဆုံးမီ ခရီးသည်များကို ယာဉ်ပေါ်မှ အတင်းမောင်းချမှုများ ပြုလုပ်နေကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦး ညီညီက ပြောသည်။

‘‘တောင်ဒဂုံမြို့နယ်အတွင်း မှာ ပြေးဆွဲနေတဲ့ BM ကားတွေ ဟာ အများအားဖြင့် ယာဉ်မောင်း လိုင်စင်မရှိပါဘူး။ မဆင်မခြင် မောင်းနှင်ခြင်းတို့ကြောင့် မကြာ ခဏ ယာဉ်တိုက်မှုတွေ ရှိနေပါ တယ်။ BM ယာဉ်လိုင်းမှာ ယာဉ် မောင်းများသည် အသက်အရွယ် အားဖြင့် အနီလိုင်စင်မရရှိသေး သည့် အရွယ်များဖြစ်ပါတယ်။ တစ်စီးနဲ့ တစ်စီး အလုအယက် မောင်းနှင်ခြင်းတို့ကြောင့် ခရီး သည်တွေမှာလည်း စိုးရိမ်ထိတ် လန့်မှုများ ဖြစ်ပေါ်လျက် ရှိပါ တယ်’’ ဟု လွှတ်တော်ကိုယ်စား လှယ် ဦးညီညီက ပြောသည်။

ရန်ကုန်မြို့တွင် ဒဂုံမြို့သစ် တောင်ပိုင်းကို ဖြတ်သန်းပြေးဆွဲ နေသည့် BM ယာဉ်လိုင်း လေး လိုင်းရှိပြီး ကားအစီးရေ ၁၄၆ စီး ရှိကြောင်း ဝန်ကြီးဒေါ်နီလာကျော် က ပြောကြားသည်။

အရေးယူမှုဟာ အားပျော့နေတယ်လို့ ထင်မြင်ယူဆတဲ့အတွက် ပြစ်ဒဏ်တွေကိုလည်း တိုးမြှင့်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အောက်တိုဘာ ၂၇ ရက်က သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်မှတ် တိုင်အနီးတွင် BM ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်များနှင့် တက္ကစီယာဉ်မောင်းသုံးဦး အချင်းများပြီး BM ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်နှင့် ဝိုင်းဝန်းရိုက်နှက်သဖြင့်  နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၂၈ ရက်က လည်း BM ယာဉ်တစ်စီးသည် သန်မြန်သူ ယာဉ်လိုင်းကို ကျော် တက်စဉ် ကားချင်းတိုက်မိ၍ ခရီး သည် အဘွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း လွှတ်တော်ကိုယ်စား လှယ် ဦးညီညီက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top