Kantharyar Centre
×

တပ္မေတာ္စစ္ေၾကာင္းမ်ားက ေမာင္ေတာၿမိဳ႕နယ္ ေက်း႐ြာမ်ားအတြင္း ဝင္ေရာက္ရွင္းလင္းစဥ္ အၾကမ္းဖက္ စီးနင္း တိုက္ခိုက္သူေလးဦး ဖမ္းဆီးရမိ


ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ႏွင့္ရေသ့ေတာင္ၿမိဳ႕နယ္တို႔တြင္ ျဖစ္ပြားခဲ့ေသာ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍
 ေမာင္ေတာ ၿမိဳ႕နယ္ ေက်း႐ြာမ်ားအတြင္း အၾကမ္းဖက္စီးနင္းတိုက္ခိုက္သူမ်ား ဝင္ေရာက္ခိုေအာင္း ေနထိုင္လ်က္ ရွိေၾကာင္း သတင္းမ်ားအရ တပ္မေတာ္စစ္ေၾကာင္းမ်ားက နယ္ေျမရွင္းလင္းလ်က္ရွိသည္။

ထိုသို႔ ရွင္းလင္းစဥ္ ေအာက္တိုဘာ ၉ ရက္ ည ၈ နာရီခြဲ ခန္႔က ငါးခူရေက်း႐ြာျဖစ္စဥ္တြင္ ပါဝင္ခဲ့သည့္ အန္ဒရာမူလာ ကိန္းႏွင့္ ေမာ္လဝီေဖာ္ဒီတာေလာင္တို႔ ႏွစ္ဦးကို ဖမ္းဆီးရမိ ခဲ့သည္။

ထို႔ျပင္ ေအာက္တိုဘာ ၁၀ ရက္ နံနက္ ၉ နာရီခန္႔က ေတာင္ပိုင္ညာေက်း႐ြာအား ဝင္ေရာက္ရွင္းလင္းစဥ္ ႐ြာသား ရွစ္ဦးခန္႔က ဓား၊ တုတ္မ်ားျဖင့္ ႐ုတ္တရက္ ဝင္ေရာက္ တိုက္ခိုက္လာမႈေၾကာင့္ ျပန္လည္ ပစ္ခတ္ရွင္း လင္းရာ အၾကမ္း ဖက္ စီးနင္းတိုက္ခိုက္သူ အေလာင္း ခုနစ္ေလာင္းႏွင့္ ၎တို႔ ကိုင္ေဆာင္တိုက္ခိုက္ခဲ့ေသာ ဓား၊ တုတ္မ်ားအား သိမ္းဆည္းရမိခဲ့သည္။

အလားတူ ေမာင္ႏွမအလယ္ေက်း႐ြာအတြင္း က်ီးကန္းျပင္စခန္းဌာနခ်ဳပ္ လက္နက္တိုက္မ်ား ေဖာက္ထြင္း ရာတြင္ အဓိကပါဝင္သူ ႏွစ္ဦး ပုန္းခိုေနထိုင္လ်က္ရွိေၾကာင္း ႏွင့္ လက္နက္မ်ား သိုဝွက္ထားေၾကာင္း သတင္းမ်ားအရ တပ္မေတာ္စစ္ေၾကာင္းမ်ားက ေအာက္တိုဘာ ၁၁ ရက္ နံနက္၅ နာရီခန္႔တြင္ ဝင္ေရာက္ရွင္းလင္းရာ ဝဲဘက္ ေျခေထာက္တြင္ ဒဏ္ရာမ်ားရရွိထားသည့္ အစၥမာန္ႏွင့္ ေက်း႐ြာတာဝန္ခံ အဘူကာလာမ္တို႔ ႏွစ္ဦးကို ဖမ္းဆီးရမိခဲ့သျဖင့္ စစ္ေဆးေမးျမန္း ခဲ့ရာ ၎တို႔ႏွစ္ဦးမွာ က်ီးကန္းျပင္စခန္းအား အၾကမ္းဖက္စီးနင္းတိုက္ခိုက္စဥ္ ပါဝင္ခဲ့သူမ်ားျဖစ္ေၾကာင္း သိရသည္။

တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ အၾကမ္းဖက္ျဖစ္စဥ္ မ်ား၌ ပါဝင္ခဲ့သူမ်ား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးႏွင့္ လက္နက္ မ်ား သိုဝွက္ထားသည့္ေနရာမ်ားကို ရွာေဖြရွင္းလင္းႏိုင္ေရးဖမ္းဆီးရမိသူ အၾကမ္းဖက္သမား ေလးဦးအား စစ္ေဆးေမးျမန္းလ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(ျမ၀တီ)MOI Webportal Myanmar

#Unicode Version
တပ်မတော်စစ်ကြောင်းများက မောင်တောမြို့နယ် ကျေးရွာများအတွင်း ဝင်ရောက်ရှင်းလင်းစဉ် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူလေးဦး ဖမ်းဆီးရမိ


ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့်ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍

 မောင်တော မြို့နယ် ကျေးရွာများအတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ဝင်ရောက်ခိုအောင်း နေထိုင်လျက် ရှိကြောင်း သတင်းများအရ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းလျက်ရှိသည်။

ထိုသို့ ရှင်းလင်းစဉ် အောက်တိုဘာ ၉ ရက် ည ၈ နာရီခွဲ ခန့်က ငါးခူရကျေးရွာဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အန်ဒရာမူလာ ကိန်းနှင့် မော်လဝီဖော်ဒီတာလောင်တို့ နှစ်ဦးကို ဖမ်းဆီးရမိ ခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၁၀ ရက် နံနက် ၉ နာရီခန့်က တောင်ပိုင်ညာကျေးရွာအား ဝင်ရောက်ရှင်းလင်းစဉ် ရွာသား ရှစ်ဦးခန့်က ဓား၊ တုတ်များဖြင့် ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လာမှုကြောင့် ပြန်လည် ပစ်ခတ်ရှင်း လင်းရာ အကြမ်း ဖက် စီးနင်းတိုက်ခိုက်သူ အလောင်း ခုနစ်လောင်းနှင့် ၎င်းတို့ ကိုင်ဆောင်တိုက်ခိုက်ခဲ့သော ဓား၊ တုတ်များအား သိမ်းဆည်းရမိခဲ့သည်။

အလားတူ မောင်နှမအလယ်ကျေးရွာအတွင်း ကျီးကန်းပြင်စခန်းဌာနချုပ် လက်နက်တိုက်များ ဖောက်ထွင်း ရာတွင် အဓိကပါဝင်သူ နှစ်ဦး ပုန်းခိုနေထိုင်လျက်ရှိကြောင်း နှင့် လက်နက်များ သိုဝှက်ထားကြောင်း သတင်းများအရ တပ်မတော်စစ်ကြောင်းများက အောက်တိုဘာ ၁၁ ရက် နံနက်၅ နာရီခန့်တွင် ဝင်ရောက်ရှင်းလင်းရာ ဝဲဘက် ခြေထောက်တွင် ဒဏ်ရာများရရှိထားသည့် အစ္စမာန်နှင့် ကျေးရွာတာဝန်ခံ အဘူကာလာမ်တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးမေးမြန်း ခဲ့ရာ ၎င်းတို့နှစ်ဦးမှာ ကျီးကန်းပြင်စခန်းအား အကြမ်းဖက်စီးနင်းတိုက်ခိုက်စဉ် ပါဝင်ခဲ့သူများဖြစ်ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်ဖြစ်စဉ် များ၌ ပါဝင်ခဲ့သူများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် လက်နက် များ သိုဝှက်ထားသည့်နေရာများကို ရှာဖွေရှင်းလင်းနိုင်ရေးဖမ်းဆီးရမိသူ အကြမ်းဖက်သမား လေးဦးအား စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:(မြဝတီ)MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top