Kantharyar Centre
×




Credit : Duwun

#Unicode Version

လီဗာပူး - မန်ယူပွဲစဉ်အတွက် မန်ချက်စတာမြို့မှာ နေထိုင်သူကွင်းလယ်ဒိုင်ကို တာဝန်ချထားပေးတဲ့အပေါ် အငြင်းပွားဖွယ်ရာ မှတ်ချက်စကား ပြောကြားခဲ့တဲ့ မော်ရင်ဟိုရဲ့ မှတ်ချက်အပေါ် အက်ဖ်အေဘက်က စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ယနေ့ညကစားမယ့် ပွဲစဉ်အတွက် တာဝန်ချထားခြင်းခံရတဲ့ ကွင်းလယ်ဒိုင်တေလာဟာ မန်ချက်စတာမြို့ခံ ဖြစ်နေတဲ့အပြင် မန်ချက်စတာ ယူနိုက်တက် ပရိသတ်လည်းဖြစ်တယ်လို့ ပရိသတ်တွေက လူမှုကွန်ယက်မှာ ပြောဆိုနေကြပါတယ်။ မော်ရင်ဟိုကလည်း ဒီပွဲမှာ တာဝန်ချထားခြင်းခံရတဲ့ ကွင်းလယ်ဒိုင်ဟာ ဖိအားတွေကြောင့် အကောင်းဆုံး မစွမ်းေးဆာင်နိုင်မှာကို စိတ်ပူကြောင်း ပြောကြားခဲ့ပါသေးတယ်။

" ကွင်းလယ်ဒိုင် ကြုံတွေ့ရမယ့် ဖိအားတွေအတွက် ကျွန်တော်စိုးရိမ်ပါတယ်။ လူတစ်ယောက်ကို ဖိအားပေးတဲ့အခါ အဲဒီလူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပြဖို့ အခက်အခဲတွေ့လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တခြားမှတ်ချက် ဘာမှ ထပ်ပြီးမပေးလိုပါဘူး" လို့ မော်ရင်ဟိုက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top