Property Expo
×

တရုတ္ႏိုင္ငံေျမာက္ပိုင္း၊ ဟေဘးခရိုင္၊ လန္ဖန္ၿမိဳ႕မွာ အမ်ိဳးသမီးတဦးဟာ အတူလိုက္ပါ လာသူ အမ်ိဳးသားတဦးကို ေဆးလိပ္မေသာက္ဖို႔ တားျမစ္ခဲ့လို႔ ျပင္းျပင္းထန္ထန္ရိုက္ႏွက္ခံခဲ့ရ ပါတယ္။
ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၂ ရက္ေန႔ကျဖစ္ခဲ့တာျဖစ္ၿပီး ဓာတ္ေလွ ကားတြင္း တပ္ဆင္ထားတဲ့ လံုၿခံဳေရးကင္မရာမွတဆင့္ ဖမ္းယူရရွိခဲ့တာပါ။

အဆိုပါအမ်ိဳးသမီးဟာ သူ႔ရဲ႕ ကေလးငယ္နဲ႔ အတူရွိေနခဲ့တာျဖစ္ၿပီး ေဆးလိပ္မေသာက္ဖို႔ အမ်ိဳးသားကို တားျမစ္လိုက္ခ်ိန္မွာ ခုလိုတံု႕ျပန္လိုက္တာပါ။

အမ်ိဳးသားဟာ သူ႔ကို ကေလးငယ္ရဲ႕ေရွ႕မွာ စကၠန္႔ ၃၀ ေလာက္ မရပ္မနား ျပင္းျပင္းထန္ ထန္ ရိုက္ႏွက္ခဲ့တာကို ရုပ္သံဗြီဒီယိုဖိုင္ထဲမွာ ေတြ႔ရပါတယ္။

အမ်ိဳးသမီးဟာ လက္ထဲက အိ္တ္နဲ႔ ျပန္ရိုက္ၿပီး ခုခံခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပဲ ရိုက္ ႏွက္ၿပီးခ်ိန္မွာ အဆိုပါအမ်ိဳးသားဟာ ဓာတ္ေလွကားထဲမွထြက္ကာ အေဆာက္အအံုျပင္ပကို ထြက္ေျပးသြားခဲ့တာကို ေတြ႔ရပါတယ္။

အမ်ဳိးသားထြက္ေျပးတဲ့ေနာက္ကုိ အမ်ဳိးသမီးက လုိက္ၿပီး ႐ုိက္တဲ့အခ်ိန္မွာ ဓာတ္ေလွးကားထဲ ကေလးငယ္တဦးတည္းသာ က်န္ခဲ့တာ ႐ုပ္သံဖုိင္ထဲမွာ ေတြ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
တရုတ်နိုင်ငံမြောက်ပိုင်း၊ ဟဘေးခရိုင်၊ လန်ဖန်မြို့မှာ အမျိုးသမီးတဦးဟာ အတူလိုက်ပါ လာသူ အမျိုးသားတဦးကို ဆေးလိပ်မသောက်ဖို့ တားမြစ်ခဲ့လို့ ပြင်းပြင်းထန်ထန်ရိုက်နှက်ခံခဲ့ရ ပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကဖြစ်ခဲ့တာဖြစ်ပြီး ဓာတ်လှေ ကားတွင်း တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာပါ။

အဆိုပါအမျိုးသမီးဟာ သူ့ရဲ့ ကလေးငယ်နဲ့ အတူရှိနေခဲ့တာဖြစ်ပြီး ဆေးလိပ်မသောက်ဖို့ အမျိုးသားကို တားမြစ်လိုက်ချိန်မှာ ခုလိုတုံ့ပြန်လိုက်တာပါ။

အမျိုးသားဟာ သူ့ကို ကလေးငယ်ရဲ့ရှေ့မှာ စက္ကန့် ၃၀ လောက် မရပ်မနား ပြင်းပြင်းထန် ထန် ရိုက်နှက်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

အမျိုးသမီးဟာ လက်ထဲက အိတ်နဲ့ ပြန်ရိုက်ပြီး ခုခံခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ ရိုက် နှက်ပြီးချိန်မှာ အဆိုပါအမျိုးသားဟာ ဓာတ်လှေကားထဲမှထွက်ကာ အဆောက်အအုံပြင်ပကို ထွက်ပြေးသွားခဲ့တာကို တွေ့ရပါတယ်။

အမျိုးသားထွက်ပြေးတဲ့နောက်ကို အမျိုးသမီးက လိုက်ပြီး ရိုက်တဲ့အချိန်မှာ ဓာတ်လှေးကားထဲ ကလေးငယ်တဦးတည်းသာ ကျန်ခဲ့တာ ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top