Property Expo
×

  ျမန္မာႏိုင္ငံတြင္ ကေလးေမြးဖြားၿပီးေနာက္စိတ္က်ေရာဂါျဖစ္ပြားႏႈန္း ၂၁ ရာခိုင္ႏႈန္း ရွိေနကာ ဖြံ႕ၿဖိဳးတိုးတက္ၿပီးေသာ ႏိုင္ငံမ်ားထက္ ႏွစ္ဆခန္႔ျမင့္မား ေနေၾကာင္းသတင္းရရွိသည္။

ကမၻာ့က်န္းမာေရးအဖြဲ႕WHO ၏ ေလ့လာမႈစစ္တမ္းမ်ားအရ ကေလးေမြးဖြားၿပီး စိတ္က်ေရာဂါ ျဖစ္ပြားႏႈန္းမွာ တိုးတက္ၿပီးႏိိုင္ငံ မ်ားတြင္ ၁၀ ရာခိုင္ႏႈန္းခန္္႔ရိွိၿပီး ျမန္မာႏိုင္ငံတြင္ ၂၁ ရာခိုင္ႏႈန္း ရွိေနသျဖင့္ ယင္းႏိုင္ငံမ်ားႏွင့္ ႏႈိင္း ယွဥ္ပါက ႏွစ္ဆခန္႔ျမင့္တက္ေန ျခင္းျဖစ္သည္ဟု ျမန္မာႏိုုင္ငံ ဆရာ၀န္မ်ားအသင္း၊ စိတ္က်န္း မာေရးပညာအဖြဲ႕ ဥကၠ႒ ေဒါက္ တာ ၀င္းေအာင္ျမင့္ကေျပာသည္။

‘‘ဆရာတို႔ဆာေဗးလုပ္တယ္။ ဆာေဗးလုပ္တဲ့အခါ ဘာေတြ႕ရ လဲဆိုရင္ ကေလးေမြးဖြားၿပီးစိတ္ က်ေရာဂါျဖစ္ပြားႏႈန္းက ျမန္မာ ႏိုင္ငံမွာ ၂၁ ရာခိုင္ႏႈန္းရွိေနတယ္။ ဖြံ႕ၿဖိဳးတိုးတက္ၿပီးႏိုင္ငံေတြက ၁၀ ရာခိုင္ႏႈန္းပဲရွိတယ္။ ဒါေပမဲ့ ဆရာတို႔လို ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ ၂၀ ရာခိုင္ႏႈန္းကေန ၄၀ ရာခိုုင္ ႏႈန္းရွိတယ္ဆိုေတာ့ ဒီႏိုင္ငံရဲ႕ကိန္းဂဏန္းကမ်ားတယ္လို႔ေတာ့ ေျပာလို႔မရဘူး။ တိုးတက္တဲ့ႏိုင္ငံ ေတြထက္စာရင္ေတာ့ ႏွစ္ဆ ေလာက္မ်ားတယ္’’ဟု ၎ကေျပာသည္္။

လက္ရွိတြင္ အမ်ိဳးသမီးမ်ား သည္ ကိုယ္၀န္ေဆာင္ရျခင္းျပင္ ကိုယ္၀န္ေဆာင္မိခင္၊ ႏို႔တိုက္မိ ခင္မ်ားႏွင့္ ပတ္သက္၍ စိတ္က်န္း မာေရးေစာင့္ေရွာက္မႈစနစ္မရွိ ေသးသျဖင့္ ထုိကဲ့သို႔ မ်ားျပားေနရ ျခင္းျဖစ္ေၾကာင္း စိတ္ေရာဂါကု ဆရာ၀န္ႀကီးမ်ားက သံုးသပ္ သည္။ ‘‘စိတ္က်တာေတြဆိုအမ်ိဳး သမီးေတြက ပိုအျဖစ္မ်ားတယ္။ ဒါကလည္း အမ်ိဳးသမီးေတြမွာ ကေလးေမြးတာရွိတယ္။ ကေလး ေမြးတဲ့အခ်ိန္မွာဆိုရင္ စိတ္က် တာပိုျဖစ္ႏိုင္တယ္။ သာမန္အ ခ်ိန္မွာတစ္ဆျဖစ္ခဲ့ရင္ အဲဒီအခ်ိန္ မွာ ႏွစ္ဆေလာက္ျဖစ္တတ္တယ္။ ကေလးေမြးၿပီးတဲ့အခ်ိန္မွာေတာ့ ျဖစ္ႏိုင္ေျခရွိတဲ့သူက ပိုျဖစ္ႏိုုင္ တာေပါ့။ ကေလးနီးရင္လည္း သူ႔ မွာ စိတ္ဖိစီးမႈက ပိုမ်ားမွာေပါ့။ တာ၀န္က ပိုမ်ားမွာ။ အိပ္ေရး ပ်က္တာပိုမ်ားမွာေပါ့’’ဟုရန္ကုန္ ေဆးတကၠသိုလ္(၁) စိတ္က်န္းမာ ပညာဌာန ပါေမာကၡ ဌာနမွဴး ပါေမာကၡဦးတင္ဦးကေျပာသည္။

ျမန္မာႏိုင္ငံတြင္ စိတ္က် ေရာဂါျဖစ္ပြားႏႈန္းမွာ လူဦးေရ၏ ၂၀ ရာခိုင္ႏႈန္းခန္႔ရွိေနၿပီး ေနာက္ ဆက္တြဲဆိုးက်ိဳးအျဖစ္ ယင္းစိတ္ က်ေရာဂါျပင္းထန္စြာျဖစ္ပြားသူ  ၏ ၁၀ ပံုတစ္ပံုခန္႔မွာ မိမိကိုယ္ ကိုယ္ ေသေၾကာင္းႀကံစည္ျခင္း ေၾကာင့္ အသက္ဆံုး႐ံႈးေနၿပီး ၅၀ ရာခိုင္ႏႈန္းေက်ာ္မွာမူ မိမိကိုယ္ ကိုယ္ ေသေၾကာင္းႀကံစည္ရန္ ႀကိဳးပမ္း အားထုတ္လ်က္ရွိေၾကာင္း စစ္တမ္းမ်ား၌ ေဖာ္ျပထားသည္။

အဆိုပါစိတ္က်ေရာဂါျဖစ္ ပြားပါက ၇၀ ရာခိုင္ႏႈန္းမွ ၈၀ ရာ ခိုင္ႏႈန္းအထိသည္ ေဆး၀ါးကုသ ႐ံုျဖင့္ေပ်ာက္ကင္းႏိုင္ေၾကာင္း စိတ္ေရာဂါကုဆရာ၀န္ႀကီးအခ်ိဳ႕ က တိုက္တြန္းသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  မြန်မာနိုင်ငံတွင် ကလေးမွေးဖွားပြီးနောက်စိတ်ကျရောဂါဖြစ်ပွားနှုန်း ၂၁ ရာခိုင်နှုန်း ရှိနေကာ ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများထက် နှစ်ဆခန့်မြင့်မား နေကြောင်းသတင်းရရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ၏ လေ့လာမှုစစ်တမ်းများအရ ကလေးမွေးဖွားပြီး စိတ်ကျရောဂါ ဖြစ်ပွားနှုန်းမှာ တိုးတက်ပြီးနိုင်ငံ များတွင် ၁၀ ရာခိုင်နှုန်းခန့််ရှိပြီး မြန်မာနိုင်ငံတွင် ၂၁ ရာခိုင်နှုန်း ရှိနေသဖြင့် ယင်းနိုင်ငံများနှင့် နှိုင်း ယှဉ်ပါက နှစ်ဆခန့်မြင့်တက်နေ ခြင်းဖြစ်သည်ဟု မြန်မာနိုုင်ငံ ဆရာဝန်များအသင်း၊ စိတ်ကျန်း မာရေးပညာအဖွဲ့ ဥက္ကဋ္ဌ ဒေါက် တာ ဝင်းအောင်မြင့်ကပြောသည်။

‘‘ဆရာတို့ဆာဗေးလုပ်တယ်။ ဆာဗေးလုပ်တဲ့အခါ ဘာတွေ့ရ လဲဆိုရင် ကလေးမွေးဖွားပြီးစိတ် ကျရောဂါဖြစ်ပွားနှုန်းက မြန်မာ နိုင်ငံမှာ ၂၁ ရာခိုင်နှုန်းရှိနေတယ်။ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေက ၁၀ ရာခိုင်နှုန်းပဲရှိတယ်။ ဒါပေမဲ့ ဆရာတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုုင် နှုန်းရှိတယ်ဆိုတော့ ဒီနိုင်ငံရဲ့ကိန်းဂဏန်းကများတယ်လို့တော့ ပြောလို့မရဘူး။ တိုးတက်တဲ့နိုင်ငံ တွေထက်စာရင်တော့ နှစ်ဆ လောက်များတယ်’’ဟု ၎င်းကပြောသည်။

လက်ရှိတွင် အမျိုးသမီးများ သည် ကိုယ်ဝန်ဆောင်ရခြင်းပြင် ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိ ခင်များနှင့် ပတ်သက်၍ စိတ်ကျန်း မာရေးစောင့်ရှောက်မှုစနစ်မရှိ သေးသဖြင့် ထိုကဲ့သို့ များပြားနေရ ခြင်းဖြစ်ကြောင်း စိတ်ရောဂါကု ဆရာဝန်ကြီးများက သုံးသပ် သည်။ ‘‘စိတ်ကျတာတွေဆိုအမျိုး သမီးတွေက ပိုအဖြစ်များတယ်။ ဒါကလည်း အမျိုးသမီးတွေမှာ ကလေးမွေးတာရှိတယ်။ ကလေး မွေးတဲ့အချိန်မှာဆိုရင် စိတ်ကျ တာပိုဖြစ်နိုင်တယ်။ သာမန်အ ချိန်မှာတစ်ဆဖြစ်ခဲ့ရင် အဲဒီအချိန် မှာ နှစ်ဆလောက်ဖြစ်တတ်တယ်။ ကလေးမွေးပြီးတဲ့အချိန်မှာတော့ ဖြစ်နိုင်ခြေရှိတဲ့သူက ပိုဖြစ်နိုုင် တာပေါ့။ ကလေးနီးရင်လည်း သူ့ မှာ စိတ်ဖိစီးမှုက ပိုများမှာပေါ့။ တာဝန်က ပိုများမှာ။ အိပ်ရေး ပျက်တာပိုများမှာပေါ့’’ဟုရန်ကုန် ဆေးတက္ကသိုလ်(၁) စိတ်ကျန်းမာ ပညာဌာန ပါမောက္ခ ဌာနမှူး ပါမောက္ခဦးတင်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် စိတ်ကျ ရောဂါဖြစ်ပွားနှုန်းမှာ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိနေပြီး နောက် ဆက်တွဲဆိုးကျိုးအဖြစ် ယင်းစိတ် ကျရောဂါပြင်းထန်စွာဖြစ်ပွားသူ  ၏ ၁၀ ပုံတစ်ပုံခန့်မှာ မိမိကိုယ် ကိုယ် သေကြောင်းကြံစည်ခြင်း ကြောင့် အသက်ဆုံးရှုံးနေပြီး ၅၀ ရာခိုင်နှုန်းကျော်မှာမူ မိမိကိုယ် ကိုယ် သေကြောင်းကြံစည်ရန် ကြိုးပမ်း အားထုတ်လျက်ရှိကြောင်း စစ်တမ်းများ၌ ဖော်ပြထားသည်။

အဆိုပါစိတ်ကျရောဂါဖြစ် ပွားပါက ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာ ခိုင်နှုန်းအထိသည် ဆေးဝါးကုသ ရုံဖြင့်ပျောက်ကင်းနိုင်ကြောင်း စိတ်ရောဂါကုဆရာဝန်ကြီးအချို့ က တိုက်တွန်းသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top