Property Expo
×

လူတိုင္းကေတာ့ ဆက္စီက်တဲ့ခ်စ္သူမ်ိဳး လိုခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမဲ့ အဲဒီလိုခ်စ္သူမ်ိဳးကို ပိုင္ဆိုင္ထားရတာလည္း ပူပန္စိတ္ရႈပ္ရတဲ့အျဖစ္ေတြ ရွိတာပါပဲ။ တကယ္လို႕ ဆက္စီက်တဲ့အမ်ိဳးသားေတြနဲ႕ ခ်စ္သူျဖစ္ခ်င္တယ္ဆိုရင္ ခံစားခ်က္ေတြ အရမ္းထည့္ထားသင့္လား၊ အေပ်ာ္ပဲတြဲသင့္လားဆိုတာ စဥ္းစားရမွာပါ။

၁။ အပူအပင္ကင္း

ေျပာခဲ့သလိုပါပဲ။ ဆက္စီက်ျပီး အရမ္းၾကည့္ေကာင္းေနတဲ့အမ်ိဳးသားကို ခ်စ္သူျဖစ္ရတယ္ဆိုကတည္းက စိတ္ပူရ၊ သ၀န္တိုရတာေတြက ပါလာေတာ့မွာပါ။ ပိုဆိုးတာက အမ်ိဳးသားေတြဆိုတာကေတာ့ ကိုယ့္ကိုမိန္းကေလးေတြ သေဘာက်ေန၊ စိတ္၀င္စားေနတာကို သေဘာက်ေနတတ္တာမ်ိဳးေလ။ ကိုယ္က အဲ့လိုအမ်ိဳးသားကို အေပ်ာ္ပဲတြဲမယ္လို႕ ဆံုးျဖတ္ထားျပီးရင္ေတာ့ စိတ္ကိုခပ္ေပါ့ေပါ့ပဲထားျပီး အပူအပင္ကင္းကင္းနဲ႕ ခ်စ္သူဘ၀ကိုျဖတ္သန္းပစ္လိုက္လို႕ရပါတယ္။

၂။ ေတာင္းပန္ခယေနစရာမလို

သူထားသြားလည္း ကိုယ္ကၾကီးၾကီးမားမားဘာမွမခံစားရေအာင္ အေပ်ာ္ပဲတြဲဖို႕ ဆံုးျဖတ္ထားတာမဟုတ္လား။ ဒါဆို တျခားမိန္းကေလးေတြ ကိုယ့္ခ်စ္သူက ကိုယ့္ကိုထားသြားမွာ၊ တျခားတစ္ေယာက္ေနာက္ပါသြားမွာေတြကိုေၾကာက္ျပီး သူ႕အၾကိဳက္လိုက္ကာ သူ႕ကိုေတာင္းပန္ခယေနတာမ်ိဳးေတြ လုပ္ေပးေနစရာမလိုေတာ့ပါဘူး။

၃။ ေလ့လာ

ေယာက်္ားေလးနဲ႕ မိန္းကေလးဆိုတာ ဆန္႕က်င္ဘက္ပါ။ ဒါေပမဲ့ တခ်ိဳ႕အရာေတြမွာလည္း တူညီတဲ့သေဘာတရားေတြရွိပါတယ္။ သူကဘယ္လိုဆက္စီက်ေအာင္ေနတယ္၊ သူကဘယ္လိုေတြဆြဲေဆာင္တတ္တယ္ဆိုတာကို သူနဲ႕တြဲေနတုန္းမွာ ေလ့လာထားျပီး ကိုယ္ကိုယ္တိုင္လည္း ဆက္စီက်တဲ့မိန္းကေလးျဖစ္ေအာင္ ေနထိုင္တတ္ဖို႕ ျပင္ဆင္လို႕ရပါတယ္။ သူနဲ႕ျပတ္သြားရင္ေတာင္မွ ကိုယ္ကဆက္စီက်တဲ့သူျဖစ္ေနရင္ ကိုယ့္အနားမွာ၀ိုင္း၀ိုင္းလည္ေနမွာ အေသအခ်ာပါပဲ။

၄။ အသံုးခ်

ဆက္စီက်တဲ့အမ်ိဳးသားေတြကို အေပ်ာ္သေဘာပဲတြဲတာ ေကာင္းတဲ့အခ်က္တစ္ခ်က္ရွိပါေသးတယ္။ အဲ့ဒါကေတာ့ ကိုယ္အသံုးခ်တတ္ရင္ အသံုးခ်တတ္သလို အက်ိဳးရွိတာပါပဲ။ ပြဲလမ္းသဘင္ေတြ၊ ကိုယ့္ခ်စ္သူကို လူၾကားထဲထုတ္ျပရမယ့္အခါမ်ိဳးေတြမွာ သူ႕ကိုပြဲထုတ္ရင္ မ်က္ႏွာပြင့္ျပီး ေပၚျပဴလာျဖစ္ႏုိင္သလို ကိုယ့္ဘက္ကခံစားခ်က္ၾကီးၾကီးမားမား မထည့္ထားတဲ့အတြက္ တျခားမိန္းကေလးေတြနဲ႕လည္း အစကေျပာခဲ့သလိုပဲ လုသြားမွာ၊ သူကအဲဒီမိန္းကေလးေတြကိုျပန္စိတ္၀င္စားသြားမွာေတြလည္း စိုးရိမ္ေနစရာမလိုေတာ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

လူတိုင်းကတော့ ဆက်စီကျတဲ့ချစ်သူမျိုး လိုချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ အဲဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားရတာလည်း ပူပန်စိတ်ရှုပ်ရတဲ့အဖြစ်တွေ ရှိတာပါပဲ။ တကယ်လို့ ဆက်စီကျတဲ့အမျိုးသားတွေနဲ့ ချစ်သူဖြစ်ချင်တယ်ဆိုရင် ခံစားချက်တွေ အရမ်းထည့်ထားသင့်လား၊ အပျော်ပဲတွဲသင့်လားဆိုတာ စဉ်းစားရမှာပါ။

၁။ အပူအပင်ကင်း

ပြောခဲ့သလိုပါပဲ။ ဆက်စီကျပြီး အရမ်းကြည့်ကောင်းနေတဲ့အမျိုးသားကို ချစ်သူဖြစ်ရတယ်ဆိုကတည်းက စိတ်ပူရ၊ သဝန်တိုရတာတွေက ပါလာတော့မှာပါ။ ပိုဆိုးတာက အမျိုးသားတွေဆိုတာကတော့ ကိုယ့်ကိုမိန်းကလေးတွေ သဘောကျနေ၊ စိတ်ဝင်စားနေတာကို သဘောကျနေတတ်တာမျိုးလေ။ ကိုယ်က အဲ့လိုအမျိုးသားကို အပျော်ပဲတွဲမယ်လို့ ဆုံးဖြတ်ထားပြီးရင်တော့ စိတ်ကိုခပ်ပေါ့ပေါ့ပဲထားပြီး အပူအပင်ကင်းကင်းနဲ့ ချစ်သူဘဝကိုဖြတ်သန်းပစ်လိုက်လို့ရပါတယ်။

၂။ တောင်းပန်ခယနေစရာမလို

သူထားသွားလည်း ကိုယ်ကကြီးကြီးမားမားဘာမှမခံစားရအောင် အပျော်ပဲတွဲဖို့ ဆုံးဖြတ်ထားတာမဟုတ်လား။ ဒါဆို တခြားမိန်းကလေးတွေ ကိုယ့်ချစ်သူက ကိုယ့်ကိုထားသွားမှာ၊ တခြားတစ်ယောက်နောက်ပါသွားမှာတွေကိုကြောက်ပြီး သူ့အကြိုက်လိုက်ကာ သူ့ကိုတောင်းပန်ခယနေတာမျိုးတွေ လုပ်ပေးနေစရာမလိုတော့ပါဘူး။

၃။ လေ့လာ

ယောကျ်ားလေးနဲ့ မိန်းကလေးဆိုတာ ဆန့်ကျင်ဘက်ပါ။ ဒါပေမဲ့ တချို့အရာတွေမှာလည်း တူညီတဲ့သဘောတရားတွေရှိပါတယ်။ သူကဘယ်လိုဆက်စီကျအောင်နေတယ်၊ သူကဘယ်လိုတွေဆွဲဆောင်တတ်တယ်ဆိုတာကို သူနဲ့တွဲနေတုန်းမှာ လေ့လာထားပြီး ကိုယ်ကိုယ်တိုင်လည်း ဆက်စီကျတဲ့မိန်းကလေးဖြစ်အောင် နေထိုင်တတ်ဖို့ ပြင်ဆင်လို့ရပါတယ်။ သူနဲ့ပြတ်သွားရင်တောင်မှ ကိုယ်ကဆက်စီကျတဲ့သူဖြစ်နေရင် ကိုယ့်အနားမှာဝိုင်းဝိုင်းလည်နေမှာ အသေအချာပါပဲ။

၄။ အသုံးချ

ဆက်စီကျတဲ့အမျိုးသားတွေကို အပျော်သဘောပဲတွဲတာ ကောင်းတဲ့အချက်တစ်ချက်ရှိပါသေးတယ်။ အဲ့ဒါကတော့ ကိုယ်အသုံးချတတ်ရင် အသုံးချတတ်သလို အကျိုးရှိတာပါပဲ။ ပွဲလမ်းသဘင်တွေ၊ ကိုယ့်ချစ်သူကို လူကြားထဲထုတ်ပြရမယ့်အခါမျိုးတွေမှာ သူ့ကိုပွဲထုတ်ရင် မျက်နှာပွင့်ပြီး ပေါ်ပြူလာဖြစ်နိုင်သလို ကိုယ့်ဘက်ကခံစားချက်ကြီးကြီးမားမား မထည့်ထားတဲ့အတွက် တခြားမိန်းကလေးတွေနဲ့လည်း အစကပြောခဲ့သလိုပဲ လုသွားမှာ၊ သူကအဲဒီမိန်းကလေးတွေကိုပြန်စိတ်ဝင်စားသွားမှာတွေလည်း စိုးရိမ်နေစရာမလိုတော့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top