Property Expo
×

တစ္ခါက မုဆုိးလင္မယား ႏွစ္ေယာက္ရိွတယ္။ မိန္းမ ၿဖစ္သူကမုဆုိး အလုပ္လုပ္ေနတဲ့ ေယာက်္ားျဖစ္သူကို ဒီအလုပ္လုပ္တာမၾကဳိက္ရွာဘူး။ ဒါနဲ ့တစ္ေန ့ေတာ့ သူ ့ေယာက်ာ္းကုိ ရွင္ ဥပုသ္ေလး
ဘာေလး ေစာင့္ၿပီး တရားေလး ဘာေလးလုပ္ပါဦးလား။ရြာထိပ္ကဘုန္းႀကီးေက်ာင္း သြားေပါ့ ဆိုျပီးလြတ္လိုက္တယ္။အဲဒီမွာ မုဆိုးႀကီးကလည္း စိတ္လိုလက္ရ သြားရွာတယ္။ဘုန္းႀကီး
ေက်ာင္း ေရာက္လို႔ ဘုန္းႀကီးကို ကန္ေတာ့ျပီးတပည့္ေတာ္ကို တရားတစ္ပုဒ္ ေလာက္ တိုတိုတုပ္တုပ္ေလးေဟာေပးပါဘုရားလို႕တရားေတာင္းတယ္ေလ။ ဒီေတာ့ ဘုန္းၾကီး ေပးလိုက္တဲ့ တရားေလး က...

“ကုိယ္ၾကိဳက္တာ ကိုယ္လုပ္ပါ ” တဲ့ ။ ဒါအတုိဆံုး တရားပဲတဲ့။
ဒီေတာ့ မုဆိုးၾကီးက အံ့ၾသသြားတယ္။ အရွင္ဘုရား တပည့္ေတာ္ဟာဒီမုဆုိး အလုပ္ ကုိ ၾကိဳက္ႏွစ္သက္လို ့ပဲ ေတာလိုက္မုဆိုးဘ၀နဲ ့ရပ္တည္လာတာ(၅၅)ႏွစ္ေတာင္ ရွိပါၿပီ။ ဒါေပမယ့္ ခုခ်ိန္ထိ
ဘာတုိးတက္မႈမွ မရပါလားဘုရား။ ခုလည္းဘုန္းဘုန္းကကုိယ္ႀကိဳက္တာ ကိုယ္လုပ္ ဆိုေတာ့ ဘယ္ႏွယ့္မ်ား လုပ္ရပါ့လုိ့ ေလွ်ာက္ေတာ့။ ဆရာေတာ္က ဒီနားလာခဲ့လို႔ေခၚၿပီး သူ ့ကုိ
အပ္နဲ႔ ထုိးလုိက္တယ္။ ဒီေတာ့ မုဆုိး က“ အား ” လို ့ထေအာ္တာေပ့ါ။
အဲဒီမွာ ဆရာေတာ္ကေမးတယ္။မင္းကုိ အပ္နဲ ့ထုိးတာၾကိဳက္လား? တဲ့။
ဒီေတာ့ မုဆုိးက ၿပန္ေၿဖတယ္။ဘယ္ၾကိဳက္ပါ့မလဲ ဘုရား။ တပည့္ေတာ္က အပ္နဲ ့မေၿပာပါနဲ ႔၊
မ်က္ေစာင္းထိုးရင္ေတာင္ ၾကိဳက္တာမဟုတ္ဘူးလို ့ေၿပာသတဲ့။ဒီမွာပဲ ဆရာေတာ္က ဒါဆုိ မင္းကုိအပ္နဲ ့ထုိးတာေတာင္ မၾကိဳက္ဘူးဆုိရင္ ေလးနဲ ့ပစ္၊ ၿမွားနဲ ့ပစ္ၿပီး အသက္ကုိ သတ္ၿဖတ္ေနတာဟာ
ကုိယ္ မၾကိဳက္တဲ့ အလုပ္ကုိ သူမ်ားကုိ သြားလုပ္ေနတာပဲေပ့ါ။လူေတာ္ေတာ္ မ်ားမ်ားဟာလည္း ဒီအတုိင္းပါပဲ။ ကုိယ့္ကုိ သတ္မွာက် မၾကိဳက္ဘူး။ သူမ်ား အသက္က်သတ္တယ္။ ကုိယ့္ကုိ ညာေၿပာ
တာက် မၾကိဳက္ဘူး။ သူမ်ားက်ေတာ့ ညာေၿပာၿပန္တယ္။ တကယ္ေတာ့ ကုိယ္မၾကိဳက္ဘူးဆုိတဲ့ အလုပ္ေတြတိုင္းကုိ သူမ်ားအေပၚမွာလုပ္ေနတတ္တယ္
ကိုယ္မၾကိဳက္တာကိုသူမ်ားလည္းမလုပ္မိပါေစနဲ႔ ။့

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Sandarwara Tdk

#Unicode Version
တစ်ခါက မုဆိုးလင်မယား နှစ်ယောက်ရှိတယ်။ မိန်းမ ဖြစ်သူကမုဆိုး အလုပ်လုပ်နေတဲ့ ယောကျ်ားဖြစ်သူကို ဒီအလုပ်လုပ်တာမကြိုက်ရှာဘူး။ ဒါနဲ့တစ်နေ့တော့ သူ့ယောကျာ်းကို ရှင် ဥပုသ်လေး
ဘာလေး စောင့်ပြီး တရားလေး ဘာလေးလုပ်ပါဦးလား။ရွာထိပ်ကဘုန်းကြီးကျောင်း သွားပေါ့ ဆိုပြီးလွတ်လိုက်တယ်။အဲဒီမှာ မုဆိုးကြီးကလည်း စိတ်လိုလက်ရ သွားရှာတယ်။ဘုန်းကြီး
ကျောင်း ရောက်လို့ ဘုန်းကြီးကို ကန်တော့ပြီးတပည့်တော်ကို တရားတစ်ပုဒ် လောက် တိုတိုတုပ်တုပ်လေးဟောပေးပါဘုရားလို့တရားတောင်းတယ်လေ။ ဒီတော့ ဘုန်းကြီး ပေးလိုက်တဲ့ တရားလေး က...

“ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ ” တဲ့ ။ ဒါအတိုဆုံး တရားပဲတဲ့။
ဒီတော့ မုဆိုးကြီးက အံ့သြသွားတယ်။ အရှင်ဘုရား တပည့်တော်ဟာဒီမုဆိုး အလုပ် ကို ကြိုက်နှစ်သက်လို့ပဲ တောလိုက်မုဆိုးဘဝနဲ့ရပ်တည်လာတာ(၅၅)နှစ်တောင် ရှိပါပြီ။ ဒါပေမယ့် ခုချိန်ထိ
ဘာတိုးတက်မှုမှ မရပါလားဘုရား။ ခုလည်းဘုန်းဘုန်းကကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတော့ ဘယ်နှယ့်များ လုပ်ရပါ့လို့ လျှောက်တော့။ ဆရာတော်က ဒီနားလာခဲ့လို့ခေါ်ပြီး သူ့ကို
အပ်နဲ့ ထိုးလိုက်တယ်။ ဒီတော့ မုဆိုး က“ အား ” လို့ထအော်တာပေ့ါ။
အဲဒီမှာ ဆရာတော်ကမေးတယ်။မင်းကို အပ်နဲ့ထိုးတာကြိုက်လား? တဲ့။
ဒီတော့ မုဆိုးက ပြန်ဖြေတယ်။ဘယ်ကြိုက်ပါ့မလဲ ဘုရား။ တပည့်တော်က အပ်နဲ့မပြောပါနဲ့၊
မျက်စောင်းထိုးရင်တောင် ကြိုက်တာမဟုတ်ဘူးလို့ပြောသတဲ့။ဒီမှာပဲ ဆရာတော်က ဒါဆို မင်းကိုအပ်နဲ့ထိုးတာတောင် မကြိုက်ဘူးဆိုရင် လေးနဲ့ပစ်၊ မြှားနဲ့ပစ်ပြီး အသက်ကို သတ်ဖြတ်နေတာဟာ
ကိုယ် မကြိုက်တဲ့ အလုပ်ကို သူများကို သွားလုပ်နေတာပဲပေ့ါ။လူတော်တော် များများဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ကို သတ်မှာကျ မကြိုက်ဘူး။ သူများ အသက်ကျသတ်တယ်။ ကိုယ့်ကို ညာပြော
တာကျ မကြိုက်ဘူး။ သူများကျတော့ ညာပြောပြန်တယ်။ တကယ်တော့ ကိုယ်မကြိုက်ဘူးဆိုတဲ့ အလုပ်တွေတိုင်းကို သူများအပေါ်မှာလုပ်နေတတ်တယ်
ကိုယ်မကြိုက်တာကိုသူများလည်းမလုပ်မိပါစေနဲ့ ။့


ဖိုးသူတော် (www.phothutaw.com)
Credit:Sandarwara Tdk
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top