Kantharyar Centre
×

ရက္သတၱပတ္ ၁၀ ပတ္ၾကာ ဘာသာေရးဆုိင္ရာ အစာေရွာင္ဥပုသ္ေစာင့္မႈအျပီး ေသဆုံးသြားတဲ့ ၁၃ ႏွစ္အရြယ္အိႏၵိယကေလးမရဲ႕ မိဘႏွစ္ဦးဟာ သမီးေသဆုံးမႈနဲ႔ ဆက္စပ္ျပီး တရားစြဲဆုိခံခဲ့ပါတယ္။ "မိဘႏွစ္ပါးျဖစ္တဲ့ Laxmi Chand နဲ႔ Manshi Samdariya တုိ႔မွာ လူသတ္မႈနဲ႔ မကင္းတဲ့အတြက္ လူငယ္တရားစီရင္ေရးအက္ဥပေဒ က်ဴးလြန္သူစာရင္းမွာ မွတ္တမ္းတင္ထားေၾကာင္း" ရဲတပ္ဖြဲ႔ေျပာေရးဆုိခြင့္ရိွသူတစ္ဦးက ဘီဘီစီသတင္းကို ကုိးကားေျပာဆိုခဲ့ပါတယ္။

ကေလးမဟာ မိသားစုထဲ ကံေကာင္းျခင္းယူေဆာင္ဖုိ႔ အစာေရွာင္ဥပုသ္ေစာင့္ခဲ့တာလုိ႔ Times of India သတင္းအရ သိရပါတယ္။ "သူမ ဖခင္ရဲ႕ ဆရာက ဒီမိသားစုကို ၆၈ ရက္ ဥပုသ္ေစာင့္အစာေရွာင္ရင္ စီးပြားျဖစ္ထြန္းမယ္လုိ႔ အၾကံျပဳခဲ့ေၾကာင္း" ကေလးငယ္မ်ား အခြင့္အေရးတက္ၾကြလႈပ္ရွားသူ Achyut က ဘီဘီစီဟိႏီၵအစီအစဥ္ကို ေျပာျပခဲ့ပါတယ္။

Aradhana Samdariya ဟာ အိႏိၵႏုိင္ငံေတာင္ပုိင္း Hyderabad ျမိဳ႕အေျခစုိက္ ခ်မ္းသာတဲ့ လက္ဝတ္ရတနာဆုိင္ရွင္ရဲ႕ သမီးျဖစ္ပါတယ္။ ဒီမိသားစုဟာ အဲဒီအရပ္ေဒသရဲ႕ လူနည္းစုကုိးကြယ္တဲ့ဘာသာ Jain ဘာသာကို ယုံၾကည္လက္ခံသူေတြ ျဖစ္ပါတယ္။ မိဘေတြကေတာ့ ကေလးကို အတင္းအဓၶမအစာမေရွာင္ခုိင္းေၾကာင္း၊ သူမကိုယ္ပုိင္ သေဘာဆႏၵအရေရာက္လာျပီး အခြင့္ေတာင္းခဲ့တာျဖစ္ေၾကာင္း ျငင္းဆုိထားပါတယ္။

"၅၁ ရက္ၾကာျပီးေနာက္ သူမကို အစာေရွာင္ရပ္ဖုိ႔ ေျပာခဲ့ေပမယ့္ သူမ လက္မေလွ်ာ့ခဲ့ပါဘူး။ သူမဆႏၵအေလ်ာက္ အစာေရွာင္ျခင္းျဖစ္ေၾကာင္း၊ သူမကို သူဘယ္မွ အတင္းမတုိက္တြန္းေၾကာင္း" ဖခင္ျဖစ္သူ Manshi က ဆိုပါတယ္။ တစ္မ်ဳိးသားလုံးအေနနဲ႔ ဒီလုိ အစဥ္အလာမ်ဳိးကို က်င့္သုံးမေနသင့္ေတာ့ေၾကာင္း Rao က ေျပာဆုိခဲ့ပါတယ္။

ဘာသာေရးအေျမာက္အမ်ားမွာ အစာေရွာင္မႈ က်င့္သုံးေနေပမယ့္ ခုလုိေသရေလာက္ေအာင္ အခ်ိန္ၾကာျမင့္စြာ အစာေရွာင္ျခင္းအမႈက Jain ဘာသာေရးရဲ႕လက္ခံထားတဲ့ အရာတစ္ခုျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

ရက်သတ္တပတ် ၁၀ ပတ်ကြာ ဘာသာရေးဆိုင်ရာ အစာရှောင်ဥပုသ်စောင့်မှုအပြီး သေဆုံးသွားတဲ့ ၁၃ နှစ်အရွယ်အိန္ဒိယကလေးမရဲ့ မိဘနှစ်ဦးဟာ သမီးသေဆုံးမှုနဲ့ ဆက်စပ်ပြီး တရားစွဲဆိုခံခဲ့ပါတယ်။ "မိဘနှစ်ပါးဖြစ်တဲ့ Laxmi Chand နဲ့ Manshi Samdariya တို့မှာ လူသတ်မှုနဲ့ မကင်းတဲ့အတွက် လူငယ်တရားစီရင်ရေးအက်ဥပဒေ ကျူးလွန်သူစာရင်းမှာ မှတ်တမ်းတင်ထားကြောင်း" ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီသတင်းကို ကိုးကားပြောဆိုခဲ့ပါတယ်။

ကလေးမဟာ မိသားစုထဲ ကံကောင်းခြင်းယူဆောင်ဖို့ အစာရှောင်ဥပုသ်စောင့်ခဲ့တာလို့ Times of India သတင်းအရ သိရပါတယ်။ "သူမ ဖခင်ရဲ့ ဆရာက ဒီမိသားစုကို ၆၈ ရက် ဥပုသ်စောင့်အစာရှောင်ရင် စီးပွားဖြစ်ထွန်းမယ်လို့ အကြံပြုခဲ့ကြောင်း" ကလေးငယ်များ အခွင့်အရေးတက်ကြွလှုပ်ရှားသူ Achyut က ဘီဘီစီဟိန္ဒီအစီအစဉ်ကို ပြောပြခဲ့ပါတယ်။

Aradhana Samdariya ဟာ အိန္ဒိနိုင်ငံတောင်ပိုင်း Hyderabad မြို့အခြေစိုက် ချမ်းသာတဲ့ လက်ဝတ်ရတနာဆိုင်ရှင်ရဲ့ သမီးဖြစ်ပါတယ်။ ဒီမိသားစုဟာ အဲဒီအရပ်ဒေသရဲ့ လူနည်းစုကိုးကွယ်တဲ့ဘာသာ Jain ဘာသာကို ယုံကြည်လက်ခံသူတွေ ဖြစ်ပါတယ်။ မိဘတွေကတော့ ကလေးကို အတင်းအဓ္ဓမအစာမရှောင်ခိုင်းကြောင်း၊ သူမကိုယ်ပိုင် သဘောဆန္ဒအရရောက်လာပြီး အခွင့်တောင်းခဲ့တာဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။

"၅၁ ရက်ကြာပြီးနောက် သူမကို အစာရှောင်ရပ်ဖို့ ပြောခဲ့ပေမယ့် သူမ လက်မလျှော့ခဲ့ပါဘူး။ သူမဆန္ဒအလျောက် အစာရှောင်ခြင်းဖြစ်ကြောင်း၊ သူမကို သူဘယ်မှ အတင်းမတိုက်တွန်းကြောင်း" ဖခင်ဖြစ်သူ Manshi က ဆိုပါတယ်။ တစ်မျိုးသားလုံးအနေနဲ့ ဒီလို အစဉ်အလာမျိုးကို ကျင့်သုံးမနေသင့်တော့ကြောင်း Rao က ပြောဆိုခဲ့ပါတယ်။

ဘာသာရေးအမြောက်အများမှာ အစာရှောင်မှု ကျင့်သုံးနေပေမယ့် ခုလိုသေရလောက်အောင် အချိန်ကြာမြင့်စွာ အစာရှောင်ခြင်းအမှုက Jain ဘာသာရေးရဲ့လက်ခံထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top