Property Expo
×

ကေနဒါႏိုင္ငံမွာ အသက္ ၄၉ ႏွစ္အ႐ြယ္ သူနာျပဳတစ္ဦးကုိ လူသတ္မႈ ၈ ခုျဖင့္ စြဲခ်က္တင္လုိက္ေၾကာင္း သိရပါတယ္။ ကေနဒါႏုိင္ငံ အြန္တာရီယုိျပည္နယ္ ဝုဒ္စေတာ့ၿမဳိ႕မွ ေနထုိင္သူ အဲလိဇဘက္သ္ ထေရစီေမ အမည္႐ွိ သူနာျပဳကုိ အဂၤါေန႕ (ေအာက္တုိဘာ ၂၅ ရက္) က တရား႐ံုးမွာ စြဲခ်က္တင္ခဲ့ပါတယ္။အသတ္ခံရသူေတြဟာ သူနာျပဳအမ်ဳိးသမီး အလုပ္လုပ္ခဲ့တဲ့ ျပဳစုေစာင့္ေ႐ွာက္ေရး ေဂဟာႏွစ္ခုမွျဖစ္ၿပီး အသက္ ၇၅ ႏွစ္နဲ႕ ၉၆ ႏွစ္ၾကား႐ွိ သက္ႀကီး႐ြယ္အုိေတြ ျဖစ္ပါတယ္။ သူနာျပဳ ထေရစီေမက အဆုိပါ သက္ႀကီး႐ြယ္အုိေတြကုိ ေသေစႏုိင္တဲ့ ေဆးဝါးမ်ားေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

သူနာျပဳအမ်ဳိးသမီး သတ္ျဖတ္ခဲ့တဲ့ သက္ႀကီး႐ြယ္အုိေတြဟာ အြန္တာရီယုိျပည္နယ္႐ွွိ Caressant Care နဲ႕ Meadow Park ျပဳစုေစာင့္ေ႐ွာက္ေရး ေဂဟာတုိ႕မွ ျဖစ္ပါတယ္။ စြဲခ်က္တင္ခံရတဲ့ ထေရစီေမဟာ သူနာျပဳလက္မွတ္ရ တစ္ဦးျဖစ္ၿပီး လြန္ခဲ့တဲ့ ၂ ႏွစ္ခြဲခန္႕က အလုပ္မွထြက္ခဲ့တယ္လို႕ ဆုိပါတယ္။

သက္ႀကီး႐ြယ္အုိ ၈ ဦးဟာ ၂၀၀၇ ခုႏွစ္နဲ႕ ၂၀၁၄ ခုႏွစ္ၾကားမွာ သူနာျပဳရဲ႕ သတ္ျဖတ္ျခင္း ခံခဲ့ရတယ္လို႕ ဆုိပါတယ္။ ရဲတပ္ဖြဲ႕က သတင္းစာ႐ွင္းလင္းပြဲ ျပဳလုပ္ရာမွာ ေယဘူယ် ေတြ႕႐ွိခ်က္မ်ားကိုသာ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အေသးစိတ္ေတြကုိေတာ့ သက္ေသအေထာက္အထားမ်ား ထိခုိက္မွာစိုးတာေၾကာင့္ မေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version
ကနေဒါနိုင်ငံမှာ အသက် ၄၉ နှစ်အရွယ် သူနာပြုတစ်ဦးကို လူသတ်မှု ၈ ခုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။ ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် ဝုဒ်စတော့မြို့မှ နေထိုင်သူ အဲလိဇဘက်သ် ထရေစီမေ အမည်ရှိ သူနာပြုကို အင်္ဂါနေ့ (အောက်တိုဘာ ၂၅ ရက်) က တရားရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။အသတ်ခံရသူတွေဟာ သူနာပြုအမျိုးသမီး အလုပ်လုပ်ခဲ့တဲ့ ပြုစုစောင့်ရှောက်ရေး ဂေဟာနှစ်ခုမှဖြစ်ပြီး အသက် ၇၅ နှစ်နဲ့ ၉၆ နှစ်ကြားရှိ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ သူနာပြု ထရေစီမေက အဆိုပါ သက်ကြီးရွယ်အိုတွေကို သေစေနိုင်တဲ့ ဆေးဝါးများပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သူနာပြုအမျိုးသမီး သတ်ဖြတ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေဟာ အွန်တာရီယိုပြည်နယ်ရှှိ Caressant Care နဲ့ Meadow Park ပြုစုစောင့်ရှောက်ရေး ဂေဟာတို့မှ ဖြစ်ပါတယ်။ စွဲချက်တင်ခံရတဲ့ ထရေစီမေဟာ သူနာပြုလက်မှတ်ရ တစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ခွဲခန့်က အလုပ်မှထွက်ခဲ့တယ်လို့ ဆိုပါတယ်။

သက်ကြီးရွယ်အို ၈ ဦးဟာ ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြားမှာ သူနာပြုရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ယေဘူယျ တွေ့ရှိချက်များကိုသာ ထုတ်ဖော်ပြောကြားခဲ့ပြီး အသေးစိတ်တွေကိုတော့ သက်သေအထောက်အထားများ ထိခိုက်မှာစိုးတာကြောင့် မပြောကြားခဲ့ကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top