Property Expo
×

ရခိုင္ျပည္နယ္ရွိ နယ္ ျခားေစာင့္ရဲတပ္ဖဲြ႕စခန္းအခ်ိဳ႕ အ ၾကမ္းဖက္တိုက္ခိုက္ခံရမႈအေပၚ ရန္သူကို အၿပီးတိုင္ေခ်မႈန္းမည္ ျဖစ္ေၾကာင္း အလုပ္သမား၊ လူ ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္ အား၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီး ဦးသိန္းေဆြကေျပာသည္။

ေအာက္တိုဘာ ၉ ရက္က အၾကမ္းဖက္စီးနင္းတိုက္ခိုက္ခံရ သည့္ ေမာင္ေတာၿမိဳ႕နယ္ က်ီး ကန္းျပင္ကြပ္ကဲြမႈဌာနခ်ဳပ္မွ ၀န္ ထမ္းမ်ား၊ မိသားစုမ်ားႏွင့္ေတြ႕ဆံု စဥ္ ၀န္ႀကီးက အထက္ပါအတိုင္း ေျပာၾကားျခင္းျဖစ္သည္ဟု ျမန္မာ့ ႐ုပ္ျမင္သံၾကား၏ ေအာက္တုိဘာ ၁၃ ရက္ ည ၈ နာရီသတင္းေဖာ္ ျပခ်က္တြင္ ပါရွိသည္။

ျပည္ေထာင္စု၀န္ႀကီးေဒါက္တာေဖျမင့္၊ ဦးသိန္းေဆြႏွင့္ ရခုိင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ ဦးညီပုတို႔သည္ ေမာင္ေတာၿမိဳ႕နယ္ က်ီးကန္းျပင္ကြပ္ကဲြမႈဌာနခ်ဳပ္မွ ၀န္ထမ္းမ်ား၊ မိသားစုမ်ားကို ေအာက္တိုဘာ ၁၃ ရက္ နံနက္ပိုင္းက သြားေရာက္ေတြ႕ဆံု  အားေပးစကားေျပာၾကားခဲ့သည္။

အဆိုပါ ေတြ႕ဆံုမႈတြင္ ျပည္ ေထာင္စု၀န္ႀကီး ဦးသိန္းေဆြက ျဖစ္ပြားခဲ့သည့္ ျဖစ္ရပ္အေပၚ သင္ခန္းစာယူကာ ေနာင္တြင္ ပိုမို စိတ္ခ်ေကာင္းမြန္ေသာ အစီအ စဥ္မ်ားကုိ ေဆာင္ရြက္မည္ျဖစ္ၿပီး ႐ုပ္၀တၳဳပစၥည္းမ်ား ျဖည့္တင္း မည္ျဖစ္ေၾကာင္း၊ စိတ္ပိုင္းဆိုင္ရာ ခြန္အားျဖစ္ေအာင္ ေထာက္ပံ့ ကူညီျခင္းမ်ား ေဆာင္ရြက္မည္ ျဖစ္ေၾကာင္း၊ ရန္သူကို အၿပီးတိုင္ ေခ်မႈန္းမည္ျဖစ္ကာ စခန္းရွိ တပ္ ဖဲြ႕၀င္မ်ားအေနျဖင့္ တပ္မေတာ္ ႏွင့္ပူးေပါင္းၿပီး ရန္သူကို အျမစ္ ျပတ္ေခ်မႈန္းရန္ ခြန္အားသစ္မ်ား ရွိေစလိုေၾကာင္းေျပာခဲ့သည္။

ရခုိင္ျပည္နယ္ ေမာင္ေတာ ေဒသအေျခစိုက္ က်ီးကန္းျပင္ နယ္ျခားေစာင့္ ရဲတပ္ဖဲြ႕ဌာနခ်ဳပ္ အပါအ၀င္ နယ္ျခားေစာင့္ရဲစခန္း သံုးခုကို အၾကမ္းဖက္စီးနင္းသူမ်ားက ေအာက္တိုဘာ ၉ ရက္ နံနက္အေစာပိုင္းတြင္ ၀င္ေရာက္တိုက္ခုိက္ခဲ့မႈျဖစ္ပြားခဲ့သည္။

ယင္းျဖစ္စဥ္အတြင္း ရဲတပ္ ဖဲြ႕၀င္ကိုးဦးက်ဆံုးကာ တစ္ဦး ေပ်ာက္ဆံုးခဲ့ၿပီး  အၾကမ္းဖက္ တိုက္ခုိက္သူမ်ားဘက္မွ ရွစ္ဦးေသဆံုး၍ ႏွစ္ဦးကုိ အရွင္ဖမ္းမိခဲ့သည္။ လက္နက္မ်ိဳးစံု ၅၁ လက္ႏွင့္က်ည္ဆန္ ၁၀,၁၄၀ ဆံုး႐ႈံးခဲ့ေၾကာင္း အစိုးရက သတင္းထုတ္ျပန္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ရခိုင်ပြည်နယ်ရှိ နယ် ခြားစောင့်ရဲတပ်ဖွဲ့စခန်းအချို့ အ ကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် ရန်သူကို အပြီးတိုင်ချေမှုန်းမည် ဖြစ်ကြောင်း အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေကပြောသည်။

အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရ သည့် မောင်တောမြို့နယ် ကျီး ကန်းပြင်ကွပ်ကွဲမှုဌာနချုပ်မှ ဝန် ထမ်းများ၊ မိသားစုများနှင့်တွေ့ဆုံ စဉ် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်ဟု မြန်မာ့ ရုပ်မြင်သံကြား၏ အောက်တိုဘာ ၁၃ ရက် ည ၈ နာရီသတင်းဖော် ပြချက်တွင် ပါရှိသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့သည် မောင်တောမြို့နယ် ကျီးကန်းပြင်ကွပ်ကွဲမှုဌာနချုပ်မှ ဝန်ထမ်းများ၊ မိသားစုများကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက သွားရောက်တွေ့ဆုံ  အားပေးစကားပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အပေါ် သင်ခန်းစာယူကာ နောင်တွင် ပိုမို စိတ်ချကောင်းမွန်သော အစီအ စဉ်များကို ဆောင်ရွက်မည်ဖြစ်ပြီး ရုပ်ဝတ္ထုပစ္စည်းများ ဖြည့်တင်း မည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားဖြစ်အောင် ထောက်ပံ့ ကူညီခြင်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရန်သူကို အပြီးတိုင် ချေမှုန်းမည်ဖြစ်ကာ စခန်းရှိ တပ် ဖွဲ့ဝင်များအနေဖြင့် တပ်မတော် နှင့်ပူးပေါင်းပြီး ရန်သူကို အမြစ် ပြတ်ချေမှုန်းရန် ခွန်အားသစ်များ ရှိစေလိုကြောင်းပြောခဲ့သည်။

ရခိုင်ပြည်နယ် မောင်တော ဒေသအခြေစိုက် ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် အပါအဝင် နယ်ခြားစောင့်ရဲစခန်း သုံးခုကို အကြမ်းဖက်စီးနင်းသူများက အောက်တိုဘာ ၉ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့မှုဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်အတွင်း ရဲတပ် ဖွဲ့ဝင်ကိုးဦးကျဆုံးကာ တစ်ဦး ပျောက်ဆုံးခဲ့ပြီး  အကြမ်းဖက် တိုက်ခိုက်သူများဘက်မှ ရှစ်ဦးသေဆုံး၍ နှစ်ဦးကို အရှင်ဖမ်းမိခဲ့သည်။ လက်နက်မျိုးစုံ ၅၁ လက်နှင့်ကျည်ဆန် ၁၀,၁၄၀ ဆုံးရှုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top