Property Expo
×

အႏုပညာသက္တမ္း အႏွစ္ ႏွစ္ဆယ္ေက်ာ္တုိင္ေအာင္ ဒီေလာကထဲမွာ ဇာတ္ပုိ႕ဇာတ္ေဆာင္ မင္းသား က်ရာေနရာကေန အေကာင္းဆံုးသရုပ္ေဆာင္ရင္း ရပ္တည္လာႏုိင္သူကေတာ့ ေနမ်ိဳးေအာင္ပါ။ ေနမ်ိဳးေအာင္လို႕ျဖစ္လာခဲ့ခ်ိန္က နယ္ပရိသတ္ေတြ အခုိင္အမာအားေပးခဲ့တဲ့ နယ္ၾကိဳက္မင္းသားတစ္လက္လို႕ ဆိုရင္လဲ မမွားပါဘူး။ ေနမ်ိဳးေအာင္ဟာ အႏုပညာကို ၀ါသနာၾကီးလြန္းသူမို႕အခုလက္ရွိခ်ိန္ သားႏွစ္ေယာက္ ပိုင္ဆိုင္ရရွိသည္ထိ အႏုပညာထဲမွာ စီးေမ်ာလိုက္ပါေနသူပါ။ ဒါ့အျပင္ သူ႕ရဲ႕ မ်ိဳးဆက္သစ္ျဖစ္တဲ့ သားႏွစ္ေယာက္ဟာဆုိရင္လဲ အႏုပညာကို လြန္စြာခ်စ္ျမတ္ႏုိးသလို သားၾကီးျဖစ္တဲ့ ျဖိဳးဟိန္းကိုကိုက ေနဆိုတဲ့ နာမည္နဲ႕ဗီဒီယို၈ကားရုိက္ကူးထားတယ္လို႕လဲသိရတာေၾကာင့္ သူ႕ရဲ႕ မ်ိဳးဆက္သစ္ သားႏွစ္ေယာက္ရဲ႕အေၾကာင္းနဲ႕လက္ရွိအႏုပညာလႈပ္ရွားမႈအေၾကာင္းကိုေမးျမန္းျဖစ္တဲ့အခါ

-အခုရုိက္ေနတဲ့ ကားၾကီးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

လတ္တေလာကေတာ့ အခု ကိုစတီးလ္ ( ေဒြးေမတၱာ ) နဲ႕ေၾကးၾကီးတယ္ဆိုတဲ့ ကားၾကီးရုိက္ေနတယ္။ ဒီထဲမွာ အစ္ကို႕ဇာတ္ရုပ္က ေငြတုိးေခ်းစားတဲ့လူၾကီးတစ္ေယာက္၊ အျမတ္ၾကီးစား တစ္ေယာက္တည္းသမားေပါ့။ ဒီကားေလးကေတာ့ ပညာေပးကားေလးေပါ့။ ျမင့္ျမတ္ကေတာ့ မဟုတ္မခံ လုိက္ကူညီတဲ့သူေပါ့။

-ဒီကားၿပီးရင္ ဘာေတြလက္ခံထားတာရွိဦးမလဲ။

ဒါရုိက္တာ ေက်ာ္ေက်ာ္ထြန္း ၾသရသနဲ႕ေမျမိဳ႕တက္မယ္။ ေမျမိဳ႕ကျပန္လာရင္ ကိုစတီးလ္နဲ႕ဆက္၀င္ေပးမယ္။ ေနာက္ဒါရုိက္တာ ဇမၺဴထြန္းသက္လြင္နဲ႕ျမ၀တီမွာသြားရုိက္ဖို႕ရွိတယ္။

-သတင္းကၽြတ္ကိုေရာ ဘယ္လိုျဖတ္သန္းခဲ့လဲ။

သတင္းကၽြတ္ကရန္ကုန္မွာပဲ။ အိမ္မွာပဲ။ အစ္ကုိဘယ္မွမသြားျဖစ္ပါဘူး။ မိသားစုနဲ႕ပဲျဖတ္သန္းျဖစ္တယ္ေပါ့။

-အစ္ကုိ႕သားအၾကီးေလးကလဲ ကားေတြရုိက္ေနၿပီေနာ္။

ဟုတ္ပါတယ္။ ေနပါ။ သူတစ္ေယာက္တည္းေတာ့ မလႊတ္ေသးဘူး။ အစ္ကိုနဲ႕အတြဲေတြပဲ လႊတ္ေသးတယ္။ အေရွ႕မွာရုိက္ထားတာ ၈ကားေလာက္ေတာ့ရွိပါၿပီ။ ဇာတ္လမ္းေလးေတြဆိုလဲ သူနဲ႕လိုက္ဖက္မဲ့ ဇာတ္လမ္းေလးေတြကိုေရြးၿပီးရိုက္ေပးေနတယ္။ တစ္ေယာက္တည္းရုိက္ဖို႕လဲသူအစီအစဥ္ေတြဆြဲေနပါတယ္။

-သူ႕ရဲ႕သရုပ္ေဆာင္မႈအေပၚ အစ္ကို႕အျမင္ေလးကိုလဲသိခ်င္ပါတယ္။

သရုပ္ေဆာင္မႈကေတာ့ အခုေခတ္လူငယ္လဲျဖစ္တဲ့အခါက်ေတာ့ သူတို႕ကေတာ့ ပါးပါးေလးေတြပဲသြားၾကတာေပါ့ေလ။ အခုေခတ္ကလဲ သိၾကတဲ့အတိုင္း ကိုရီးယားေခတ္ျဖစ္ေနတာဆိုေတာ့ အစ္ကုိတို႕လိုေတာ့ သူတို႕ကမျဖတ္သန္းခဲ့ရဘူး။ အစ္ကိုတို႕ကေအာက္ေျခကေနျဖတ္သန္းခဲ့ရတယ္။ သူတို႕ကေတာ့ လြယ္လြယ္ေလးျဖတ္သန္းခဲ့ရတယ္ဆုိေပမဲ့ ကိုရီးယားေခတ္ဆိုေတာ့ေပါ့ေပါ့ပါးပါးဖန္စီေလးေတြေပါ့။ ဒါေပမဲ့သူအားသန္တာကဒရာမာ ၊ အက္ရွင္ကိုအားသန္တယ္။

-အႏုပညာအလုပ္စီးပြားေရးကိုလဲ လုပ္ျဖစ္ေနေတာ့ အဲ့ဒီႏွစ္ခုအေပၚ ဘယ္လိုမ်ိဳးအခ်ိန္ေပးျဖစ္လဲ။

အစ္ကိုကေတာ့ ပုပၸါးမွာ ေနမင္းသား ဟိုတယ္ဖြင့္ထားတယ္။ အဲ့ဒီစီးပြားေရးတစ္ခုပဲရွိပါတယ္။ က်န္တာကေတာ့ ကားရိုက္ေပါ့။ အဲ့ဒီကိုေတာ့ တစ္လတစ္ခါေလာက္ေရာက္ျဖစ္တယ္။ စာရင္းသြားစစ္ေပးရတာဆိုေတာ့ေလ။ ပုပၸါးမွာကားရုိက္ရွိရင္ေတာ့ အဲ့ဒီမွာပဲတည္းၿပီးရုိက္တယ္ေပါ့။

-အခုဆို လူမႈကြန္ယက္ေပၚမွာေ၀ဖန္ေနၾကတဲ့ ျမန္မာကားေ၀ဖန္မႈေတြအေပၚ အစ္ကို႕အျမင္ေလးကိုလဲသိခ်င္ပါတယ္။

ေ၀ဖန္တာကေတာ့ေကာင္းပါတယ္။ အစ္ကုိတို႕ကေတာ့ ေ၀ဖန္တာၾကိဳက္ပါတယ္။ ကိုယ္လဲေကာင္းေအာင္လုပ္ေပါ့။ ေ၀ဖန္တာရွိမွတုိးတက္မွာေလ။ ေ၀ဖန္တဲ့သူမရွိရင္ တိုးတက္မႈရွိမွာမဟုတ္ဘူး။ အစ္ကုိတို႕ကေတာ့ ေ၀ဖန္တာကိုၾကိဳက္တယ္။ ဒါကိုယ္အတြက္ ဘာေတြလုပ္ရမလဲ။ ဘာေတြျပင္ဆင္ထားရမလဲဆိုတာကိုသိရတယ္။ ေ၀ဖန္တာမခံရေအာင္ကိုယ္ေတြကၾကိဳးစားျပရမယ္။ ဒါေတြကုိပဲဦးတည္ထားတယ္။

-အခုဆိုရင္ အႏုပညာသက္တမ္း ဘယ္ေလာက္ေလာက္ရွိသြားၿပီလဲ။

သားၾကီးတစ္သက္ အႏွစ္ ႏွစ္ဆယ္ေက်ာ္ၿပီေပ့ါ။

-သားၾကီးကကားရုိက္ေနတာ ဘယ္ေလာက္ရွိသြားၿပီလဲ။

ႏွစ္ႏွစ္ေလာက္ပဲရွိပါဦးမယ္။ သားကုိေတာ့ အႏုပညာရွင္မျဖစ္ေစခ်င္ဘူးရယ္ေတာ့မရွိဘူး။ သူတို႕ကိုကေသြးပါၿပီးသားေလ။ အစ္ကုိ႕သားအၾကီးေကာင္ဆိုရင္ ပန္းခ်ီလဲရတယ္။ piano ၊ စႏၵယားလဲရတယ္။ တေယာလဲရတယ္။ အကုန္လံုးတတ္ခုိင္းထားတယ္။ အငယ္ေကာင္ဆိုရင္လဲ တေယာတို႕ပေလြတို႕တီးတတ္မႈတ္တတ္တယ္။ သူတို႕ကလဲ ၀ါသနာပါတယ္။ သားငယ္က ၉ႏွစ္ခြဲပဲရွိပါေသးတယ္။ ILBC တက္ေနပါတယ္။ သားၾကီးနာမည္က ျဖိဳးဟိန္းကိုကို အႏုပညာနာမည္ကေနေပါ့။ အငယ္ေကာင္ေလးက ခုိင္ခန္႕ကုိကိုပါ။

-အစ္ကုိတို႕ဟိုေန႕က post တတ္လာတယ္။ အိမ္ေထာင္သက္ ၂၃ ႏွစ္ျပည့္တဲ့ post ေလးကိုေတြ႕လိုက္တယ္။

ဟုတ္ပါတယ္။ အိမ္ေထာင္သက္ ၂၃ ႏွစ္ျပည့္တဲ့ ဟာေလးေပါ့။ ဒီႏွစ္ေတာ့ ထူးထူးျခားျခား ဘာမွမလုပ္ျဖစ္ဘူး။ အိမ္မွာပဲ ၀ါဆိုသကၤန္းကပ္၊ ဘုန္းၾကီးငါးပါး ဆြမ္းကပ္ အဲ့ဒီေလာက္ပဲလုပ္လိုက္ရတယ္။ အရင္ႏွစ္ေတြတုန္းက ပါတီလုပ္ျဖစ္တယ္။ ကိုယ့္အႏုပညာေမာင္ႏွမေတြနဲ႕ေပါ့။ ဒီႏွစ္မလုပ္ျဖစ္တာက အိမ္မွာလူမဆံုလို႕ပါ။ အၾကီးေကာင္ကအခု အစ္ကုိ႕အေဖ၊ အေမရွိတဲ့ျပည္ဖက္ကိုသြားၿပီး အစ္ကို႕အေဖနဲ႕အေမကိုသြားကန္႕ေတာ့တယ္။

-အစ္ကုိ႕ကိုအားေပးေနတဲ့ပရိသတ္ေတြကုိေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

အစ္ကို႕ရင္ထဲမွာရွိတဲ့ အႏုပညာကိုအေကာင္းဆံုးျဖစ္ေအာင္ အစ္ကိုကေတာ့ ဖန္တီးမွာပဲ။ အစ္ကုိရုိက္တဲ့ကားမွန္သမွ်က ပရိသတ္တြက္ မက္ေဆ့တစ္ခုခုက်န္တဲ့ကားမ်ိဳးကုိေရြးရိုက္တယ္ဆိုတာပရိသတ္သိၿပီးသားပါ။ အစ္ကုိရုိက္တဲ့ကားေတြက ေပါ့ေပါ့ပါးပါးေလးေတြတစ္ခုမွမရွိဘူး။ တကယ့္ ဟဲဗီး၊ ဒရာမာ၊ မိဘေမတၱာ၊ ၅၂၈ ေတြၾကီးပဲ။ အစ္ကုိ႕ဒီအသက္အရြယ္နဲ႕ရုိက္ျပေနတဲ့ အႏုပညာေတြကအမ်ားၾကီးရွိေသးတယ္။ ေကာင္းတကာ့အေကာင္းဆံုးဇာတ္လမ္းေတြကိုလဲ ေရြးခ်ယ္ရုိက္ကူးၿပီး ပရိသတ္အတြက္ေပးဆပ္သြားပါမယ္လုိ႕ေျပာခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အနုပညာသက်တမ်း အနှစ် နှစ်ဆယ်ကျော်တိုင်အောင် ဒီလောကထဲမှာ ဇာတ်ပို့ဇာတ်ဆောင် မင်းသား ကျရာနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ရင်း ရပ်တည်လာနိုင်သူကတော့ နေမျိုးအောင်ပါ။ နေမျိုးအောင်လို့ဖြစ်လာခဲ့ချိန်က နယ်ပရိသတ်တွေ အခိုင်အမာအားပေးခဲ့တဲ့ နယ်ကြိုက်မင်းသားတစ်လက်လို့ ဆိုရင်လဲ မမှားပါဘူး။ နေမျိုးအောင်ဟာ အနုပညာကို ဝါသနာကြီးလွန်းသူမို့အခုလက်ရှိချိန် သားနှစ်ယောက် ပိုင်ဆိုင်ရရှိသည်ထိ အနုပညာထဲမှာ စီးမျောလိုက်ပါနေသူပါ။ ဒါ့အပြင် သူ့ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ သားနှစ်ယောက်ဟာဆိုရင်လဲ အနုပညာကို လွန်စွာချစ်မြတ်နိုးသလို သားကြီးဖြစ်တဲ့ ဖြိုးဟိန်းကိုကိုက နေဆိုတဲ့ နာမည်နဲ့ဗီဒီယို၈ကားရိုက်ကူးထားတယ်လို့လဲသိရတာကြောင့် သူ့ရဲ့ မျိုးဆက်သစ် သားနှစ်ယောက်ရဲ့အကြောင်းနဲ့လက်ရှိအနုပညာလှုပ်ရှားမှုအကြောင်းကိုမေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ ကားကြီးအကြောင်းကို အရင်ပြောပြပေးပါဦး။

လတ်တလောကတော့ အခု ကိုစတီးလ် ( ဒွေးမေတ္တာ ) နဲ့ကြေးကြီးတယ်ဆိုတဲ့ ကားကြီးရိုက်နေတယ်။ ဒီထဲမှာ အစ်ကို့ဇာတ်ရုပ်က ငွေတိုးချေးစားတဲ့လူကြီးတစ်ယောက်၊ အမြတ်ကြီးစား တစ်ယောက်တည်းသမားပေါ့။ ဒီကားလေးကတော့ ပညာပေးကားလေးပေါ့။ မြင့်မြတ်ကတော့ မဟုတ်မခံ လိုက်ကူညီတဲ့သူပေါ့။

-ဒီကားပြီးရင် ဘာတွေလက်ခံထားတာရှိဦးမလဲ။

ဒါရိုက်တာ ကျော်ကျော်ထွန်း သြရသနဲ့မေမြို့တက်မယ်။ မေမြို့ကပြန်လာရင် ကိုစတီးလ်နဲ့ဆက်ဝင်ပေးမယ်။ နောက်ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့မြဝတီမှာသွားရိုက်ဖို့ရှိတယ်။

-သတင်းကျွတ်ကိုရော ဘယ်လိုဖြတ်သန်းခဲ့လဲ။

သတင်းကျွတ်ကရန်ကုန်မှာပဲ။ အိမ်မှာပဲ။ အစ်ကိုဘယ်မှမသွားဖြစ်ပါဘူး။ မိသားစုနဲ့ပဲဖြတ်သန်းဖြစ်တယ်ပေါ့။

-အစ်ကို့သားအကြီးလေးကလဲ ကားတွေရိုက်နေပြီနော်။

ဟုတ်ပါတယ်။ နေပါ။ သူတစ်ယောက်တည်းတော့ မလွှတ်သေးဘူး။ အစ်ကိုနဲ့အတွဲတွေပဲ လွှတ်သေးတယ်။ အရှေ့မှာရိုက်ထားတာ ၈ကားလောက်တော့ရှိပါပြီ။ ဇာတ်လမ်းလေးတွေဆိုလဲ သူနဲ့လိုက်ဖက်မဲ့ ဇာတ်လမ်းလေးတွေကိုရွေးပြီးရိုက်ပေးနေတယ်။ တစ်ယောက်တည်းရိုက်ဖို့လဲသူအစီအစဉ်တွေဆွဲနေပါတယ်။

-သူ့ရဲ့သရုပ်ဆောင်မှုအပေါ် အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။

သရုပ်ဆောင်မှုကတော့ အခုခေတ်လူငယ်လဲဖြစ်တဲ့အခါကျတော့ သူတို့ကတော့ ပါးပါးလေးတွေပဲသွားကြတာပေါ့လေ။ အခုခေတ်ကလဲ သိကြတဲ့အတိုင်း ကိုရီးယားခေတ်ဖြစ်နေတာဆိုတော့ အစ်ကိုတို့လိုတော့ သူတို့ကမဖြတ်သန်းခဲ့ရဘူး။ အစ်ကိုတို့ကအောက်ခြေကနေဖြတ်သန်းခဲ့ရတယ်။ သူတို့ကတော့ လွယ်လွယ်လေးဖြတ်သန်းခဲ့ရတယ်ဆိုပေမဲ့ ကိုရီးယားခေတ်ဆိုတော့ပေါ့ပေါ့ပါးပါးဖန်စီလေးတွေပေါ့။ ဒါပေမဲ့သူအားသန်တာကဒရာမာ ၊ အက်ရှင်ကိုအားသန်တယ်။

-အနုပညာအလုပ်စီးပွားရေးကိုလဲ လုပ်ဖြစ်နေတော့ အဲ့ဒီနှစ်ခုအပေါ် ဘယ်လိုမျိုးအချိန်ပေးဖြစ်လဲ။

အစ်ကိုကတော့ ပုပ္ပါးမှာ နေမင်းသား ဟိုတယ်ဖွင့်ထားတယ်။ အဲ့ဒီစီးပွားရေးတစ်ခုပဲရှိပါတယ်။ ကျန်တာကတော့ ကားရိုက်ပေါ့။ အဲ့ဒီကိုတော့ တစ်လတစ်ခါလောက်ရောက်ဖြစ်တယ်။ စာရင်းသွားစစ်ပေးရတာဆိုတော့လေ။ ပုပ္ပါးမှာကားရိုက်ရှိရင်တော့ အဲ့ဒီမှာပဲတည်းပြီးရိုက်တယ်ပေါ့။

-အခုဆို လူမှုကွန်ယက်ပေါ်မှာဝေဖန်နေကြတဲ့ မြန်မာကားဝေဖန်မှုတွေအပေါ် အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။

ဝေဖန်တာကတော့ကောင်းပါတယ်။ အစ်ကိုတို့ကတော့ ဝေဖန်တာကြိုက်ပါတယ်။ ကိုယ်လဲကောင်းအောင်လုပ်ပေါ့။ ဝေဖန်တာရှိမှတိုးတက်မှာလေ။ ဝေဖန်တဲ့သူမရှိရင် တိုးတက်မှုရှိမှာမဟုတ်ဘူး။ အစ်ကိုတို့ကတော့ ဝေဖန်တာကိုကြိုက်တယ်။ ဒါကိုယ်အတွက် ဘာတွေလုပ်ရမလဲ။ ဘာတွေပြင်ဆင်ထားရမလဲဆိုတာကိုသိရတယ်။ ဝေဖန်တာမခံရအောင်ကိုယ်တွေကကြိုးစားပြရမယ်။ ဒါတွေကိုပဲဦးတည်ထားတယ်။

-အခုဆိုရင် အနုပညာသက်တမ်း ဘယ်လောက်လောက်ရှိသွားပြီလဲ။

သားကြီးတစ်သက် အနှစ် နှစ်ဆယ်ကျော်ပြီပေ့ါ။

-သားကြီးကကားရိုက်နေတာ ဘယ်လောက်ရှိသွားပြီလဲ။

နှစ်နှစ်လောက်ပဲရှိပါဦးမယ်။ သားကိုတော့ အနုပညာရှင်မဖြစ်စေချင်ဘူးရယ်တော့မရှိဘူး။ သူတို့ကိုကသွေးပါပြီးသားလေ။ အစ်ကို့သားအကြီးကောင်ဆိုရင် ပန်းချီလဲရတယ်။ piano ၊ စန္ဒယားလဲရတယ်။ တယောလဲရတယ်။ အကုန်လုံးတတ်ခိုင်းထားတယ်။ အငယ်ကောင်ဆိုရင်လဲ တယောတို့ပလွေတို့တီးတတ်မှုတ်တတ်တယ်။ သူတို့ကလဲ ဝါသနာပါတယ်။ သားငယ်က ၉နှစ်ခွဲပဲရှိပါသေးတယ်။ ILBC တက်နေပါတယ်။ သားကြီးနာမည်က ဖြိုးဟိန်းကိုကို အနုပညာနာမည်ကနေပေါ့။ အငယ်ကောင်လေးက ခိုင်ခန့်ကိုကိုပါ။

-အစ်ကိုတို့ဟိုနေ့က post တတ်လာတယ်။ အိမ်ထောင်သက် ၂၃ နှစ်ပြည့်တဲ့ post လေးကိုတွေ့လိုက်တယ်။

ဟုတ်ပါတယ်။ အိမ်ထောင်သက် ၂၃ နှစ်ပြည့်တဲ့ ဟာလေးပေါ့။ ဒီနှစ်တော့ ထူးထူးခြားခြား ဘာမှမလုပ်ဖြစ်ဘူး။ အိမ်မှာပဲ ဝါဆိုသင်္ကန်းကပ်၊ ဘုန်းကြီးငါးပါး ဆွမ်းကပ် အဲ့ဒီလောက်ပဲလုပ်လိုက်ရတယ်။ အရင်နှစ်တွေတုန်းက ပါတီလုပ်ဖြစ်တယ်။ ကိုယ့်အနုပညာမောင်နှမတွေနဲ့ပေါ့။ ဒီနှစ်မလုပ်ဖြစ်တာက အိမ်မှာလူမဆုံလို့ပါ။ အကြီးကောင်ကအခု အစ်ကို့အဖေ၊ အမေရှိတဲ့ပြည်ဖက်ကိုသွားပြီး အစ်ကို့အဖေနဲ့အမေကိုသွားကန့်တော့တယ်။

-အစ်ကို့ကိုအားပေးနေတဲ့ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။

အစ်ကို့ရင်ထဲမှာရှိတဲ့ အနုပညာကိုအကောင်းဆုံးဖြစ်အောင် အစ်ကိုကတော့ ဖန်တီးမှာပဲ။ အစ်ကိုရိုက်တဲ့ကားမှန်သမျှက ပရိသတ်တွက် မက်ဆေ့တစ်ခုခုကျန်တဲ့ကားမျိုးကိုရွေးရိုက်တယ်ဆိုတာပရိသတ်သိပြီးသားပါ။ အစ်ကိုရိုက်တဲ့ကားတွေက ပေါ့ပေါ့ပါးပါးလေးတွေတစ်ခုမှမရှိဘူး။ တကယ့် ဟဲဗီး၊ ဒရာမာ၊ မိဘမေတ္တာ၊ ၅၂၈ တွေကြီးပဲ။ အစ်ကို့ဒီအသက်အရွယ်နဲ့ရိုက်ပြနေတဲ့ အနုပညာတွေကအများကြီးရှိသေးတယ်။ ကောင်းတကာ့အကောင်းဆုံးဇာတ်လမ်းတွေကိုလဲ ရွေးချယ်ရိုက်ကူးပြီး ပရိသတ်အတွက်ပေးဆပ်သွားပါမယ်လို့ပြောချင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top