Property Expo
×

လူ႕သမုိင္းမွာ ေသျခင္းဟာ အေရးပါ ပါတယ္။ ေသျခင္းနဲ ႔ပတ္သက္ၿပီး ဘယ္ေလာက္ပဲ သီအုိရီေတြ ထြက္ခဲ့ ထြက္ခဲ့ အတိအက် ဖြင့္ဆုိႏုိင္ျခင္း မရွိတဲ့ အဓိပၸါယ္ေတြၾကားမွာ လူေတြ ဟာ သုိ႔ေလာသုိ႔ေလာနဲ႔ ႐ႈပ္ေထြးေန ၾက ဆဲ ျဖစ္ပါတယ္။

ယခုအခါ မွာေတာ့ ေဆးဘက္ စမ္းသပ္မႈအရ ေသဆုံးခဲ့ၿပီ လုိ႔ သတ္မွတ္ ထားျခင္း ခံရတဲ့လူ (၆)ေယာက္က သူတုိ႔ ကံေကာင္းေထာက္မလုိ႔ ေသရြာ ကေန ျပန္လာခြင့္ရတဲ့ အခါ ေသၿပီးေနာက္ ဘာျဖစ္သလဲ ဆုိတာကို သူတုိ႔က တင္ျပ ထားပါတယ္။
(၁) စာအုပ္ တစ္အုပ္ ဖတ္ေနရတဲ့ အတုိင္း ..............................
(ခြဲစိပ္မႈ မေအာင္ျမင္ဘဲ ေသဆုံး ခဲ့တဲ့ ေသရြာျပန္ တစ္ဦး)
ေသရတာ က စာအုပ္ တစ္အုပ္ ဖတ္ေနရ သလုိပါဘဲ။ ဒါေပမယ့္ ကၽြန္ေတာ္ အဲဒီ ကမာၻမွာ ႏုိးလာေတာ့ ဘာၾကယ္ေတြ၊ နတၡတ္ေတြမွ မရွိပါဘူး၊ ခႏၶာကိုယ္ႀကီး က ေလထဲ မွာ ေမ်ာပါ မေနပါဘူး၊ အဲဒီ ဘက္မွာ ပူျခင္းေအးျခင္း၊ ဆာေလာင္ျခင္း ေမာပန္းျခင္းတုိ႔ မရွိပါဘူး၊ သိပ္ကို ၿငိမ္းခ်မ္းတဲ့ သေဘာ သဘာ၀ ကုိ ခံစား ရပါတယ္ …

ဒါေပမယ့္ အလင္းေရာင္ မရွိ ပကတိႀကီး မုိ႔ အလင္းရွိ မလား ရွာမိတယ္ .. ေနာက္ၿပီး ၿပီးခဲ့တဲ့ ဘ၀ ရဲ႕ ျဖစ္ စဥ္ေတြကို လည္း မွတ္မိေနပါတယ္ … ကၽြန္ေတာ္ျပန္လည္ ႏုိးထ လာေတာ့ ကၽြန္ေတာ့္ အေတြး အေခၚ တစ္ခ်ိဳ႕ ေျပာင္းသြားပါတယ္ .. ဒါေပမယ့္ တစ္ကယ္တမ္း ၀န္ခံရရင္ ထပ္ေသမွာ ကိုေတာ့ ေၾကာက္ပါတယ္။
(၂) တစ္စုံ တစ္ေယာက္ဆီ ကုိ သြားလည္ ရသလုိပါဘဲ..................................
 (ဆုိင္ကယ္ မေတာ္တစ္ဆမႈေၾကာင့္ ေသဆုံးၿပီး ျပန္လည္ ရွင္သန္လာသူ တစ္ဦး)
အမွန္ေတာ့ ေသျခင္း ဟာ ကိုယ္ မသိတဲ့ တစ္ေနရာကို သြားလည္ရတဲ့ ခရီးစဥ္ တစ္ခုနဲ႔ တူပါတယ္၊ ကၽြန္ေတာ္ သတိရေနတာ ကေတာ့ လူသြား စႀကၤန္႔ေဘး မွာ ရွိေနတဲ့ အရာေတြဟာ မဲေမွာင္ တိတ္ဆိတ္ေန တယ္ဆုိတာပါဘဲ။

ကၽြန္ေတာ္ အိပ္ေမာက်သြားသလုိ ခံစားလုိက္ရၿပီး နားထဲမွာ ” ေဟ့လူ ထ .. ထ …”ဆုိတဲ့ အသံကုိ ၾကားရ ပါတယ္ … တစ္ေယာက္ေယာက္ က ကၽြန္ေတာ့္ ဆုိင္ကယ္ ဦးထုပ္ကုိ ဖိထားလုိ႔ ကၽြန္ေတာ့္ေခါင္းေတြ က်ိန္းစပ္ နာက်င္ေနတာေတာ့ အမွန္ပါ ..


ကၽြန္ေတာ္ မ်က္လုံးေတြ ဖြင့္ၾကည့္လုိက္ေတာ့ ၿပီးခဲတ့ဲ့ (၇)ႏွစ္ က ေသသြားတဲ့ ကၽြန္ေတာ့္ အစ္ကို ကိုလည္း ကၽြန္ေတာ့္နဲ႔ မနီးမေ၀း မွာ ေဆာင့္ေၾကာင္႔ ထုိင္ေနတာ ကို ေတြ႕ ရပါတယ္ … သူတုိ႔တစ္ေတြ ဟာ ဒီကုိ ေရာက္ လာတာ မၾကာေသးဘူး လုိ႔လည္း ကၽြန္ေတာ္ ၾကားလုိက္ရပါတယ္ … ဒီထက္ ပုိၿပီးေတာ့ မမွတ္မိေတာ့ပါဘူး။
(၃) ဥယ်ာဥ္ တစ္ခုပါဘဲ ..........................
(ဓာတ္ မတည့္မႈေၾကာင့္ ေသဆုံးၿပီးျပန္လည္ ရွင္သန္လာရသူ တစ္ဦး)
ေသရတာက ဥယ်ာဥ္ တစ္ခုထဲကုိ သြားေနရတာ နဲ႔ တူပါတယ္ … ပန္းေတြ နဲ႔ ျပည့္ႏွက္ေနတယ္ … ျမက္႐ုိင္းေတြ လည္း ေပါက္ေနတယ္ … ေကာင္ေလး တစ္ေယာက္ နဲ႔ ေကာင္မေလး တစ္ေယာက္က ပန္းၿခံ အလယ္က ကစားကြင္း ဆီကို ေျပးသြားေနတယ္၊ ကၽြန္ေတာ္ လက္ရွိ ဘ၀ကုိ ျပန္ေရာက္လာေတာ့ ဆရာ၀န္ေတြ က ခင္ဗ်ား ရဲ႕ႏွလုံးဟာ 6 မိနစ္ေလာက္ အလုပ္ မလုပ္ေတာ့ဘဲ ရပ္သြားတယ္လုိ႔ ေျပာပါတယ္။
(၄) နာရီႏႈိးစက္သံ လုိလုိ အေမွာင္ ထဲမွာ ၾကားေနရတယ္.................................
 (ထူးဆန္းေသာႏွာေခါင္းေသြးလွ်ံေရာဂါျဖင့္ ကြယ္လြန္ ရာမွ ျပန္လည္ ရွင္သန္ခဲ့ေသာ ဆယ္ေက်ာ္သက္ တစ္ဦး)
အေမွာင္ထဲ ကေန ႏႈိးစက္ အသံ လုိလုိ ၾကားေနရလုိ႔ ကၽြန္ေတာ့္ အတြက္ေတာ့ အိပ္ရတာ သိပ္မလတ္ဆတ္ ပါဘူး … တစ္ႀကိမ္ .. ႏွစ္ႀကိမ္ .. ၾကားၿပီးေတာ့  … ကၽြန္ေတာ္ တစ္ခုခု လုပ္ဖုိ႔ အိပ္ယာ ကေန ထရေတာ့မယ္ ဆုိတာ သိလုိက္ပါတယ္ … ေနာက္ ကၽြန္ေတာ္ လက္ရွိ ဘ၀မွာ ျပန္ႏုိး လာေတာ့တယ္။
(၅) ဇီးကြက္ေအာ္သံ လုိလုိ ၾကားရတယ္...........................
 (ႏွလုံးေရာဂါျဖင့္ေသဆုံးၿပီး ျပန္လည္ ရွင္သန္လာသူ တစ္ဦး)
ကၽြန္ေတာ္ ေသတယ္ပဲ ဆုိပါေတာ့ … ဇီးကြက္သံ လုိလုိ စူးစူး ၀ါး၀ါး အသံေတြ ၾကားရတယ္ … အဲဒီမွာ ဘာ အလင္းေရာင္မွ မရွိဘူး … အိပ္ယာ၀င္ၿပီး ျပန္လည္ႏုိးထ လာရ တာမ်ိဳးနဲ႕ ပုိတူပါတယ္။
(၆) ဘာမွ မရွိဘူး … ဘာမွ မျမင္ရဘူး..................................
(ဆုိင္ကယ္ မေတာ္တဆမႈျဖင့္ ေသဆုံးၿပီးျပန္လည္ ရွင္သန္လာသူ တစ္ဦး)
ကၽြန္ေတာ္႔ အတြက္ ကေတာ့ ေသရြာ မွာ ဘာမွ မေတြ႕ခဲ့ရဘူး … ဘာမွ မရွိဘူး … အိပ္မက္ေတြ … အျမင္ အာ႐ုံေတြ … ဘာမွ မရွိဘူး … ျပန္လည္ ရွင္သန္လာရတာ ကို ပုိၿပီးေတာ့ ႏွစ္ၿခိဳက္ပါတယ္။


source : mirror.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yinkhwinlam

#Unicode Version
လူ့သမိုင်းမှာ သေခြင်းဟာ အရေးပါ ပါတယ်။ သေခြင်းနဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ သီအိုရီတွေ ထွက်ခဲ့ ထွက်ခဲ့ အတိအကျ ဖွင့်ဆိုနိုင်ခြင်း မရှိတဲ့ အဓိပ္ပါယ်တွေကြားမှာ လူတွေ ဟာ သို့လောသို့လောနဲ့ ရှုပ်ထွေးနေ ကြ ဆဲ ဖြစ်ပါတယ်။

ယခုအခါ မှာတော့ ဆေးဘက် စမ်းသပ်မှုအရ သေဆုံးခဲ့ပြီ လို့ သတ်မှတ် ထားခြင်း ခံရတဲ့လူ (၆)ယောက်က သူတို့ ကံကောင်းထောက်မလို့ သေရွာ ကနေ ပြန်လာခွင့်ရတဲ့ အခါ သေပြီးနောက် ဘာဖြစ်သလဲ ဆိုတာကို သူတို့က တင်ပြ ထားပါတယ်။
(၁) စာအုပ် တစ်အုပ် ဖတ်နေရတဲ့ အတိုင်း ..............................
(ခွဲစိပ်မှု မအောင်မြင်ဘဲ သေဆုံး ခဲ့တဲ့ သေရွာပြန် တစ်ဦး)
သေရတာ က စာအုပ် တစ်အုပ် ဖတ်နေရ သလိုပါဘဲ။ ဒါပေမယ့် ကျွန်တော် အဲဒီ ကမ္ဘာမှာ နိုးလာတော့ ဘာကြယ်တွေ၊ နတ္ခတ်တွေမှ မရှိပါဘူး၊ ခန္ဓာကိုယ်ကြီး က လေထဲ မှာ မျောပါ မနေပါဘူး၊ အဲဒီ ဘက်မှာ ပူခြင်းအေးခြင်း၊ ဆာလောင်ခြင်း မောပန်းခြင်းတို့ မရှိပါဘူး၊ သိပ်ကို ငြိမ်းချမ်းတဲ့ သဘော သဘာ၀ ကို ခံစား ရပါတယ် …

ဒါပေမယ့် အလင်းရောင် မရှိ ပကတိကြီး မို့ အလင်းရှိ မလား ရှာမိတယ် .. နောက်ပြီး ပြီးခဲ့တဲ့ ဘ၀ ရဲ့ ဖြစ် စဉ်တွေကို လည်း မှတ်မိနေပါတယ် … ကျွန်တော်ပြန်လည် နိုးထ လာတော့ ကျွန်တော့် အတွေး အခေါ် တစ်ချို့ ပြောင်းသွားပါတယ် .. ဒါပေမယ့် တစ်ကယ်တမ်း ဝန်ခံရရင် ထပ်သေမှာ ကိုတော့ ကြောက်ပါတယ်။
(၂) တစ်စုံ တစ်ယောက်ဆီ ကို သွားလည် ရသလိုပါဘဲ..................................
 (ဆိုင်ကယ် မတော်တစ်ဆမှုကြောင့် သေဆုံးပြီး ပြန်လည် ရှင်သန်လာသူ တစ်ဦး)
အမှန်တော့ သေခြင်း ဟာ ကိုယ် မသိတဲ့ တစ်နေရာကို သွားလည်ရတဲ့ ခရီးစဉ် တစ်ခုနဲ့ တူပါတယ်၊ ကျွန်တော် သတိရနေတာ ကတော့ လူသွား စင်္ကြန့်ဘေး မှာ ရှိနေတဲ့ အရာတွေဟာ မဲမှောင် တိတ်ဆိတ်နေ တယ်ဆိုတာပါဘဲ။

ကျွန်တော် အိပ်မောကျသွားသလို ခံစားလိုက်ရပြီး နားထဲမှာ ” ဟေ့လူ ထ .. ထ …”ဆိုတဲ့ အသံကို ကြားရ ပါတယ် … တစ်ယောက်ယောက် က ကျွန်တော့် ဆိုင်ကယ် ဦးထုပ်ကို ဖိထားလို့ ကျွန်တော့်ခေါင်းတွေ ကျိန်းစပ် နာကျင်နေတာတော့ အမှန်ပါ ..


ကျွန်တော် မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ ပြီးခဲတဲ့ (၇)နှစ် က သေသွားတဲ့ ကျွန်တော့် အစ်ကို ကိုလည်း ကျွန်တော့်နဲ့ မနီးမဝေး မှာ ဆောင့်ကြောင့် ထိုင်နေတာ ကို တွေ့ ရပါတယ် … သူတို့တစ်တွေ ဟာ ဒီကို ရောက် လာတာ မကြာသေးဘူး လို့လည်း ကျွန်တော် ကြားလိုက်ရပါတယ် … ဒီထက် ပိုပြီးတော့ မမှတ်မိတော့ပါဘူး။
(၃) ဥယျာဉ် တစ်ခုပါဘဲ ..........................
(ဓာတ် မတည့်မှုကြောင့် သေဆုံးပြီးပြန်လည် ရှင်သန်လာရသူ တစ်ဦး)
သေရတာက ဥယျာဉ် တစ်ခုထဲကို သွားနေရတာ နဲ့ တူပါတယ် … ပန်းတွေ နဲ့ ပြည့်နှက်နေတယ် … မြက်ရိုင်းတွေ လည်း ပေါက်နေတယ် … ကောင်လေး တစ်ယောက် နဲ့ ကောင်မလေး တစ်ယောက်က ပန်းခြံ အလယ်က ကစားကွင်း ဆီကို ပြေးသွားနေတယ်၊ ကျွန်တော် လက်ရှိ ဘဝကို ပြန်ရောက်လာတော့ ဆရာဝန်တွေ က ခင်ဗျား ရဲ့နှလုံးဟာ 6 မိနစ်လောက် အလုပ် မလုပ်တော့ဘဲ ရပ်သွားတယ်လို့ ပြောပါတယ်။
(၄) နာရီနှိုးစက်သံ လိုလို အမှောင် ထဲမှာ ကြားနေရတယ်.................................
 (ထူးဆန်းသောနှာခေါင်းသွေးလျှံရောဂါဖြင့် ကွယ်လွန် ရာမှ ပြန်လည် ရှင်သန်ခဲ့သော ဆယ်ကျော်သက် တစ်ဦး)
အမှောင်ထဲ ကနေ နှိုးစက် အသံ လိုလို ကြားနေရလို့ ကျွန်တော့် အတွက်တော့ အိပ်ရတာ သိပ်မလတ်ဆတ် ပါဘူး … တစ်ကြိမ် .. နှစ်ကြိမ် .. ကြားပြီးတော့  … ကျွန်တော် တစ်ခုခု လုပ်ဖို့ အိပ်ယာ ကနေ ထရတော့မယ် ဆိုတာ သိလိုက်ပါတယ် … နောက် ကျွန်တော် လက်ရှိ ဘဝမှာ ပြန်နိုး လာတော့တယ်။
(၅) ဇီးကွက်အော်သံ လိုလို ကြားရတယ်...........................
 (နှလုံးရောဂါဖြင့်သေဆုံးပြီး ပြန်လည် ရှင်သန်လာသူ တစ်ဦး)
ကျွန်တော် သေတယ်ပဲ ဆိုပါတော့ … ဇီးကွက်သံ လိုလို စူးစူး ဝါးဝါး အသံတွေ ကြားရတယ် … အဲဒီမှာ ဘာ အလင်းရောင်မှ မရှိဘူး … အိပ်ယာဝင်ပြီး ပြန်လည်နိုးထ လာရ တာမျိုးနဲ့ ပိုတူပါတယ်။
(၆) ဘာမှ မရှိဘူး … ဘာမှ မမြင်ရဘူး..................................
(ဆိုင်ကယ် မတော်တဆမှုဖြင့် သေဆုံးပြီးပြန်လည် ရှင်သန်လာသူ တစ်ဦး)
ကျွန်တော့် အတွက် ကတော့ သေရွာ မှာ ဘာမှ မတွေ့ခဲ့ရဘူး … ဘာမှ မရှိဘူး … အိပ်မက်တွေ … အမြင် အာရုံတွေ … ဘာမှ မရှိဘူး … ပြန်လည် ရှင်သန်လာရတာ ကို ပိုပြီးတော့ နှစ်ခြိုက်ပါတယ်။


source : mirror.co.uk


ဖိုးသူတော် (www.phothutaw.com)
Credit:Yinkhwinlam
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top