Property Expo
×
Credit:Chelmo Team
#Unicode Version
အလုပ်တွေများနေချိန်မှာ စိတ်ဖိစီးမှုတွေများလာပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မသိသူများပါလိမ့်မယ်။
စိတ်ဖိစီးမှုတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
★★ မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
သူကတော့ အားကုန်ရေခန်းသည်အထိ အလုပ်ကိုလုပ်သူဖြစ်ပါလိမ့်မယ်။ အလုပ်တွေပင်ပန်းပြီး နေမကောင်းဖြစ်မှသာလျှင် စိတ်ဖိစီးမှုဒဏ်တွေဆိုတာကို သိလာပါလိမ့်မယ်။မှတ်ထားပါ။ သင်ဟာ လူစွမ်းကောင်းမဟုတ်ပါ။ ကမ္ဘာကြီးမှာ ကိုယ်တစ်ယောက်တည်းရှိတယ်လို့ မတွေးပါနဲ့။
★★ ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
သူကတော့ ဘာလုပ်လုပ် ပထမရမှ ကျေနပ်သူပါ။ ဒါကြောင့်လည်း စိတ်ညစ်စရာတွေများတာပါ။ စိတ်ဖိစီးမှုရဲ့အဓိက အကြောင်းရင်းကတော့ အမှားလုပ်မိလို့ပါ။မှားတယ်ဆိုတာကို အကောင်းဘက်ကတွေးရင်တော့ ဘဝအတွက် ကောင်းသော သင်ခန်းစာ ဖြစ်ပါလိမ့်မယ်။
★★ မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
သူကတော့ လူမှုဆက်ဆံရေးကောင်းတာကြောင့် ဘာကိုမှ ပြသာနာရယ်လို့ မထင်ပင်မဲ့လည်း သူပတ်ဝန်းကျင်မှာရှိတဲ့သူတွေထဲမှာ အမှားတွေကိုပဲလုပ်နေတဲ့သူရှိရင်တော့ ဒေါသတွေထွက်နေတတ်တယ်။ဒီဒေါသတွေကြောင့် စိတ်ဖိစီးမှုတွေများလာမှာပါ။ စိတ်ကို နည်းနည်းလေးလျော့ပြီး တရားမှတ်ပါ။
★★ ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
အနာဂတ်အတွက် တွေးပြီးပူတတ်တာက သူပါပဲ။ တခုခု ဆုံးရှုံးမှုတွေရှိလာရင် ချက်ချင်းဆိုသလို စိတ်ဓါတ်ကျလာတတ်တယ်။ စိတ်အလိုမလိုက်ပဲ အကောင်းဘက်မှတွေးပါ။သင်က စိတ်မာသောသူပါ။ စိတ်မပူပါနဲ့။
★★ သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
စိတ်ကို မထိန်းနိုင်တာက သူပါပဲ။ အကြောင်းတခုခုကြောင့် ဆုံးရှုံးမှုတွေရှိလာရင်တော့ သူ့ရဲ့ဒေါသက နားထင်ရောက်နေပါပြီ။အဆင်မပြေမှုတွေရှိကောင်းရှိပါလိမ့်မယ်။ ဒါတွေကို တရားနဲ့ဖြေတတ်ပါစေ။
★★ ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
သူကတော့ စိတ်မဆိုးတတ်ပင်မဲ့လည်း ဘာမဆို စဉ်းစားလွန်တတ်သူပါ။ စိတ်ပင်ပန်းတဲ့အထိ စဉ်းစားလွန်နေရင်တော့ မကောင်းပါ။စိတ်ရှုပ်နေတဲ့အကြောင်းကို စာရွက်တစ်ရွက်မှာ ချပြီးရေးလိုက်ရင်တော့ စိတ်သက်သာသွားမှာပါ။
★★ တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
သူကတော့ လူအားလုံး တန်းတူညီတူ ဆက်ဆံစေချင်သူပါ။ အဆင့်အတန်းခွဲခြားသူကိုတွေ့ရင် သူ့စိတ်ထဲမှာ ဘယ်လိုမှ မခံစားနိုင်သူပါ။ဒေါသတွေကို ရှေ့ထားရင် အမှားတွေပါတတ်ပါတယ်။ သတိထားပါ။
★★ ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
သူကိုကြည့်ရင် အမြဲကြောက်စရာကောင်းနေပင်မဲ့လည်း တကယ်တည်း အသည်းငယ်နေသူပါ။တစ်ယောက်တည်းနေတဲ့အချိန်ကို ရအောင်လုပ်ပါ။ကိုယ့်ကိုကိုယ် ပြန်စဉ်းစားသင့်တဲ့အချိန်ကို ယူထားသင့်ပါတယ်။
★★ ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်းအမြဲတမ်း သွားလာလှုပ်ရှားနေရမှ အဆင်ပြေသူပါ။ ငြိမ်ငြိမ်လေးနေနေရင်တော့ ဟိုစဉ်းစားဒီစဉ်းစားနဲ့ သောကရောက်တတ်ပါတယ်။
မလုပ်ဖူးသောအလုပ် မသွားဖူးသောနေရာကိုသွားပြီး အနားယူလိုက်ပါ။
★★ မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
သူကတော့ ကိုယ့်ကိုကိုယ် အရမ်းနှိပ်စက်တတ်သူပါ။ မအောင်မြင်ရင် ကိုယ့်ကိုကိုယ်ပဲ အပြစ်တွေတင်ပြီးနေပါတော့တယ်။အဲဒါတွေကို ခဏမေ့ထားလိုက်ပါ။
★★ ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
သူဖြစ်တာတွေ မဖြစ်လာရင် စိတ်တွေတိုလာပြီး လူတွေကိုလည်း ပြသာနာရှာတတ်ပါတယ်။ အသက်ကို ပြင်းပြင်းရှုပြီး စိတ်အေးအေးထားပြီး ဆုံးဖြတ်ကြည့်ပါ။
★★ မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
ကိုယ်အချိန်နဲ့ကိုယ့်နေရာမှာ နေရတာကို တန်ဖိုးထားသူဖြစ်တာကြောင့် ပတ်ဝန်းကျင်ရဲ့နှောက်ယှက်မှုတွေနဲ့ကြုံရင် စိတ်ညစ်လာတတ်တယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top