Kantharyar Centre
×

  ျမန္မာႏုိင္ငံရွိ ကေလး ငယ္ဦးေရ ၁ ဒသမ ၆ သန္းသည္ အရပ္ပုညႇက္ေနၿပီး ဆင္းရဲႏြမ္းပါး ေသာကေလးမ်ားမွာ ႏွစ္ဆပိုမို ပုညႇက္ေနေၾကာင္း ကေလးသူငယ္ ေစာင့္ေရွာက္ေရးအဖြဲ႕ (Save the Children)မွ သတင္း ရရွိသည္။


၎ကေလးငယ္ ၁ ဒသမ ၆ သန္းအနက္ ခ်မ္းသာေသာ မိသား စုမ်ားမွ ကေလးငယ္ဦးေရ ၂၀ဒသမ ၇ ရာခိုင္ႏႈန္းသာ ပုညႇက္ ေနေသာ္လည္း ဆင္းရဲေသာ မိသားစုမ်ားမွ ကေလးငယ္ဦးေရ ၄၆ ဒသမ ၆ ရာခုိင္ႏႈန္းခန္႔ ပုညႇက္ေနသျဖင့္ ႏွစ္ဆပိုမိုမ်ားျပားေန ေၾကာင္း Save the Children ၏ ေကာက္ယူထားေသာ စစ္တမ္း မ်ား၌ ေဖာ္ျပထားသည္။

‘‘ျမန္မာႏုိင္ငံမွာ ေကာက္ယူ ထားတဲ့ စာရင္းေတြအရ စိုးရိမ္ ဖြယ္ရာျဖစ္ေနပါၿပီ။ အာဟာရခ်ိဳ႕ တဲ့ျခင္းကို၊ ပုညႇက္ျခင္းကို ေလွ်ာ့ ခ်ဖို႔ဆိုရင္ ကေလးေတြရဲ႕ က်န္း မာေရးနဲ႔သက္ဆုိင္တဲ့ မွန္ကန္တဲ့ ဗဟုသုတေတြ၊ သတင္းအခ်က္ အလက္ေတြ၊ အေထာက္အပံ့ ေတြ မိခင္နဲ႔ ဖခင္ေတြအေနနဲ႔ ရရွိ ဖို႔လိုအပ္တယ္။ ကြၽန္မတို႔အေနနဲ႔ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ပူးေပါင္း ၿပီး အခုကစၿပီးေတာ့ လာမယ့္သံုး ႏွစ္အတြင္းမွာ ျမန္မာကေလးေတြ ရဲ႕ အရပ္ပုညႇက္ႏႈန္း ေလွ်ာ့ခ်ဖို႔အ တြက္ အဓိကထားၿပီး ႀကိဳးစား ေဆာင္ရြက္မယ္’’ဟု Save the Children မွ အရည္အေသြးႏွင့္ အသိပညာေပး ဖြံ႕ၿဖိဳးတုိးတက္ ေရးအစီအစဥ္ ဒါ႐ိုက္တာမစ္ေက တီ (Ms.Katy)က ေျပာသည္။

၎တို႔ ေကာက္ယူထား ေသာ စစ္တမ္းမ်ားအရ ျမန္မာ ႏုိင္ငံတြင္ အသက္ (၅)ႏွစ္ေအာက္ ကေလးငယ္သံုးဦးလွ်င္ တစ္ဦး ႏႈန္း၊ အသက္ (၆)လေအာက္က ေလးငယ္ဦးေရ ၁၅ ရာခုိင္ႏႈန္းခန္႔ ႏွင့္ အသက္ (၂)ႏွစ္မွ (၃)ႏွစ္အ ရြယ္ ကေလးမ်ားအၾကားတြင္ အ ရပ္ပုညႇက္ေနမႈသည္ သိသာထင္ ရွားစြာ ျဖစ္ေပၚေနေၾကာင္း သိရ သည္။

ထိုကဲ့သို႔ ျဖစ္ရျခင္းမွာ မိခင္ ဝမ္းတြင္းကာလ၌ ႀကီးထြားဖြံ႕ၿဖိဳး မႈအားနည္းခဲ့သည့္လကၡဏာရပ္ ျဖစ္ၿပီး သေႏၶသားဘဝမွ ကေလး ငယ္ အသက္ (၂)ႏွစ္ျပည့္သည့္ (ရက္ေပါင္း ၁,၀၀၀)အထိ အာ ဟာရျပည့္ဝစြာ မစားသံုးခဲ့ရျခင္း ေၾကာင့္ျဖစ္ေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန၊ ရန္ ကုန္တုိင္းေဒသႀကီး ျပည္သူ႔က်န္း မာေရးဦးစီးဌာန ဒုတိယတုိင္း ေဒသႀကီး ဦးစီးမွဴး ေဒါက္တာခင္ ေစာရီက ေျပာသည္။

‘‘က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစာစားသံုးတဲ့ ဓေလ့ျမႇင့္တင္ဖုိ႔ လုိတယ္။ ရက္ ၁,၀၀၀ အတြင္းမွာ အာဟာရဖြံ႕ၿဖိဳးေစဖို႔အတြက္ ကိုယ္ဝန္ေဆာင္တဲ့အခါမွာ အစားမ်ိဳးစံုပိုစားရမယ္။ သံဓာတ္အား ေဆး၊ သံခ်ေဆး၊ ဗီတာမင္ဘီဝမ္း ေတြကို ၫႊန္ၾကားထားတဲ့အတုိင္း တိုက္ေကြၽးရမယ္။ ႏို႔တိုက္မိခင္ ေတြဟာ ကိုယ္ဝန္ေဆာင္ေတြ ထက္ ပိုၿပီးအစာစားေပးရမယ္။ ဘီတာမင္ဘီဝမ္းကို ေမြးၿပီးသံုးလ အထိ စြဲေသာက္ရမယ္။ ကေလး ေမြးၿပီး တစ္လအတြင္းမွာ ဗီတာ မင္ေအ ေဆးတစ္လံုးေသာက္ရ မယ္။ ေမြးၿပီး တစ္နာရီအတြင္းမွာ ကေလးကို မိခင္ႏို႔ဦးေရ ေစာႏုိင္ သမွ် ေစာေစာတုိက္ရမယ္။ အ သက္ (၆)လအထိ မိခင္ႏို႔တစ္မ်ိဳး တည္းတိုက္ရမယ္။ ေျခာက္လ ျပည့္ရင္ သန္႔ရွင္းၿပီး အာဟာရ ျပည့္ဝတဲ့ ျဖည့္စြက္စာကို ေကြၽးရ မယ္။ မိခင္ႏို႔ကို ၂ ႏွစ္အထိ ဆက္ တိုက္ရမယ္’’ဟု ၎က ေျပာ သည္။

အရပ္ပုညႇက္ျခင္းဆုိသည္ မွာ အာဟာရလံုေလာက္စြာမရရွိ ျခင္းႏွင့္ ေရာဂါဘယမၾကာခဏျဖစ္ပြားျခင္းတို႔ေၾကာင့္ ကေလးတစ္ဦးတြင္ ရွိသင့္ရွိထိုက္ေသာအရပ္ ထက္ ပိုမိုပုညႇက္ေနသည့္အေျခ အေနကို ဆိုလိုျခင္းျဖစ္သည္။

ျမန္မာႏုိင္ငံတြင္ (၅)ႏွစ္ ေအာက္ကေလးငယ္မ်ား၏ ၃၅ ဒသမ ၁ ရာခုိင္ႏႈန္းသည္ နာတာ ရွည္အာဟာရခ်ိဳ႕တဲ့ျခင္း ခံစားေနရကာ ၇ ဒသမ ၉ ရာခုိင္ႏႈန္းသည္ လတ္တေလာ အာဟာ ရခ်ိဳတဲ့ ပိန္ လွီလ်က္ရွိၿပီး ကိုယ္ဝန္ေဆာင္ႏွင့္ (၅)ႏွစ္ေအာက္ကေလးငယ္ ေလး ပံုတစ္ပံုသည္ ေသြးအားနည္း ေရာဂါခံစားေနရေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန မွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  မြန်မာနိုင်ငံရှိ ကလေး ငယ်ဦးရေ ၁ ဒသမ ၆ သန်းသည် အရပ်ပုညှက်နေပြီး ဆင်းရဲနွမ်းပါး သောကလေးများမှာ နှစ်ဆပိုမို ပုညှက်နေကြောင်း ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ (Save the Children)မှ သတင်း ရရှိသည်။


၎င်းကလေးငယ် ၁ ဒသမ ၆ သန်းအနက် ချမ်းသာသော မိသား စုများမှ ကလေးငယ်ဦးရေ ၂၀ဒသမ ၇ ရာခိုင်နှုန်းသာ ပုညှက် နေသော်လည်း ဆင်းရဲသော မိသားစုများမှ ကလေးငယ်ဦးရေ ၄၆ ဒသမ ၆ ရာခိုင်နှုန်းခန့် ပုညှက်နေသဖြင့် နှစ်ဆပိုမိုများပြားနေ ကြောင်း Save the Children ၏ ကောက်ယူထားသော စစ်တမ်း များ၌ ဖော်ပြထားသည်။

‘‘မြန်မာနိုင်ငံမှာ ကောက်ယူ ထားတဲ့ စာရင်းတွေအရ စိုးရိမ် ဖွယ်ရာဖြစ်နေပါပြီ။ အာဟာရချို့ တဲ့ခြင်းကို၊ ပုညှက်ခြင်းကို လျှော့ ချဖို့ဆိုရင် ကလေးတွေရဲ့ ကျန်း မာရေးနဲ့သက်ဆိုင်တဲ့ မှန်ကန်တဲ့ ဗဟုသုတတွေ၊ သတင်းအချက် အလက်တွေ၊ အထောက်အပံ့ တွေ မိခင်နဲ့ ဖခင်တွေအနေနဲ့ ရရှိ ဖို့လိုအပ်တယ်။ ကျွန်မတို့အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်း ပြီး အခုကစပြီးတော့ လာမယ့်သုံး နှစ်အတွင်းမှာ မြန်မာကလေးတွေ ရဲ့ အရပ်ပုညှက်နှုန်း လျှော့ချဖို့အ တွက် အဓိကထားပြီး ကြိုးစား ဆောင်ရွက်မယ်’’ဟု Save the Children မှ အရည်အသွေးနှင့် အသိပညာပေး ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ် ဒါရိုက်တာမစ်ကေ တီ (Ms.Katy)က ပြောသည်။

၎င်းတို့ ကောက်ယူထား သော စစ်တမ်းများအရ မြန်မာ နိုင်ငံတွင် အသက် (၅)နှစ်အောက် ကလေးငယ်သုံးဦးလျှင် တစ်ဦး နှုန်း၊ အသက် (၆)လအောက်က လေးငယ်ဦးရေ ၁၅ ရာခိုင်နှုန်းခန့် နှင့် အသက် (၂)နှစ်မှ (၃)နှစ်အ ရွယ် ကလေးများအကြားတွင် အ ရပ်ပုညှက်နေမှုသည် သိသာထင် ရှားစွာ ဖြစ်ပေါ်နေကြောင်း သိရ သည်။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာ မိခင် ဝမ်းတွင်းကာလ၌ ကြီးထွားဖွံ့ဖြိုး မှုအားနည်းခဲ့သည့်လက္ခဏာရပ် ဖြစ်ပြီး သန္ဓေသားဘဝမှ ကလေး ငယ် အသက် (၂)နှစ်ပြည့်သည့် (ရက်ပေါင်း ၁,၀၀၀)အထိ အာ ဟာရပြည့်ဝစွာ မစားသုံးခဲ့ရခြင်း ကြောင့်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ရန် ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးဦးစီးဌာန ဒုတိယတိုင်း ဒေသကြီး ဦးစီးမှူး ဒေါက်တာခင် စောရီက ပြောသည်။

‘‘ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားသုံးတဲ့ ဓလေ့မြှင့်တင်ဖို့ လိုတယ်။ ရက် ၁,၀၀၀ အတွင်းမှာ အာဟာရဖွံ့ဖြိုးစေဖို့အတွက် ကိုယ်ဝန်ဆောင်တဲ့အခါမှာ အစားမျိုးစုံပိုစားရမယ်။ သံဓာတ်အား ဆေး၊ သံချဆေး၊ ဗီတာမင်ဘီဝမ်း တွေကို ညွှန်ကြားထားတဲ့အတိုင်း တိုက်ကျွေးရမယ်။ နို့တိုက်မိခင် တွေဟာ ကိုယ်ဝန်ဆောင်တွေ ထက် ပိုပြီးအစာစားပေးရမယ်။ ဘီတာမင်ဘီဝမ်းကို မွေးပြီးသုံးလ အထိ စွဲသောက်ရမယ်။ ကလေး မွေးပြီး တစ်လအတွင်းမှာ ဗီတာ မင်အေ ဆေးတစ်လုံးသောက်ရ မယ်။ မွေးပြီး တစ်နာရီအတွင်းမှာ ကလေးကို မိခင်နို့ဦးရေ စောနိုင် သမျှ စောစောတိုက်ရမယ်။ အ သက် (၆)လအထိ မိခင်နို့တစ်မျိုး တည်းတိုက်ရမယ်။ ခြောက်လ ပြည့်ရင် သန့်ရှင်းပြီး အာဟာရ ပြည့်ဝတဲ့ ဖြည့်စွက်စာကို ကျွေးရ မယ်။ မိခင်နို့ကို ၂ နှစ်အထိ ဆက် တိုက်ရမယ်’’ဟု ၎င်းက ပြော သည်။

အရပ်ပုညှက်ခြင်းဆိုသည် မှာ အာဟာရလုံလောက်စွာမရရှိ ခြင်းနှင့် ရောဂါဘယမကြာခဏဖြစ်ပွားခြင်းတို့ကြောင့် ကလေးတစ်ဦးတွင် ရှိသင့်ရှိထိုက်သောအရပ် ထက် ပိုမိုပုညှက်နေသည့်အခြေ အနေကို ဆိုလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် (၅)နှစ် အောက်ကလေးငယ်များ၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်းသည် နာတာ ရှည်အာဟာရချို့တဲ့ခြင်း ခံစားနေရကာ ၇ ဒသမ ၉ ရာခိုင်နှုန်းသည် လတ်တလော အာဟာ ရချိုတဲ့ ပိန် လှီလျက်ရှိပြီး ကိုယ်ဝန်ဆောင်နှင့် (၅)နှစ်အောက်ကလေးငယ် လေး ပုံတစ်ပုံသည် သွေးအားနည်း ရောဂါခံစားနေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top