Property Expo
×

နက္မက္ခ္ဆုိတဲ့ ေၾကာင္ႀကီးကို လက္ရွိပိုင္ရွင္ေတြက ၁၉၉၀ ျပည့္ႏွစ္တုန္းက သူတုိ႔ရဲ႕အိမ္ေနာက္ဘက္က ပန္းျခံထဲမွာ ေကာက္ရခဲ့တာ ျဖစ္ပါတယ္။

ေၾကာင္ႀကီးကို လစ္ဇ္နဲ႔ ဖင္ေလတုိ႔ ဇနီးေမာင္ႏွံ ေတြ႕ရွိခဲ့တုန္းက သူ႔ရဲ႕လည္ပင္းမွာ ျပည္တည္နာေပါက္ေနတဲ့အတြက္ ေၾကာင္ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕ဆီ ေခၚသြားခဲ့ရာ သူဟာ အနည္းဆံုး အသက္ ၅ ႏွစ္ရွိၿပီလို႔ အဲဒီမွာရွိတဲ့ တိရစာၦန္ဆရာဝန္က ေျပာလုိက္တယ္လို႔ ဆုိပါတယ္။

"သူ႔ကို မတ္လ ၁၉၉၀ က ေတြ႕ခဲ့တာျဖစ္လို႔ သူ႔ရဲ႕ေမြးေန႔ကို မတ္လတုိင္း က်င္းပေပးတယ္" လို႔ သူတုိ႔က ဆုိပါတယ္။

နက္မက္ခ္ဟာ သြားသံုးေခ်ာင္းသာ က်န္ေတာ့ေပမဲ့ ၾကက္သားကိုေတာ့ အလြန္ႀကိဳက္ၿပီး အစာစားခ်င္တုိင္း ေရခဲေသတၱာနားမွာ ရပ္ေနေလ့ရွိပါတယ္တဲ့။

သူ႔ရဲ႕အသက္သာ ၃၁ ႏွစ္သာ မွန္ကန္တယ္ဆုိရင္ သူဟာ ကမာၻ႕အသက္အႀကီးဆံုး ေၾကာင္ျဖစ္ၿပီး အသက္အႀကီးဆံုးေၾကာင္အျဖစ္ ဂင္းနစ္စံခ်ိန္ဝင္ထားတဲ့ အသက္ ၂၆ ႏွစ္ရွိ ေကာ္ဒ႐ိြဳင္ဆီက သရဖူကို လႊဲေျပာင္းရယူႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

နက်မက်ခ်ဆိုတဲ့ ကြောင်ကြီးကို လက်ရှိပိုင်ရှင်တွေက ၁၉၉၀ ပြည့်နှစ်တုန်းက သူတို့ရဲ့အိမ်နောက်ဘက်က ပန်းခြံထဲမှာ ကောက်ရခဲ့တာ ဖြစ်ပါတယ်။

ကြောင်ကြီးကို လစ်ဇ်နဲ့ ဖင်လေတို့ ဇနီးမောင်နှံ တွေ့ရှိခဲ့တုန်းက သူ့ရဲ့လည်ပင်းမှာ ပြည်တည်နာပေါက်နေတဲ့အတွက် ကြောင်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဆီ ခေါ်သွားခဲ့ရာ သူဟာ အနည်းဆုံး အသက် ၅ နှစ်ရှိပြီလို့ အဲဒီမှာရှိတဲ့ တိရစ္ဆာန်ဆရာဝန်က ပြောလိုက်တယ်လို့ ဆိုပါတယ်။

"သူ့ကို မတ်လ ၁၉၉၀ က တွေ့ခဲ့တာဖြစ်လို့ သူ့ရဲ့မွေးနေ့ကို မတ်လတိုင်း ကျင်းပပေးတယ်" လို့ သူတို့က ဆိုပါတယ်။

နက်မက်ခ်ဟာ သွားသုံးချောင်းသာ ကျန်တော့ပေမဲ့ ကြက်သားကိုတော့ အလွန်ကြိုက်ပြီး အစာစားချင်တိုင်း ရေခဲသေတ္တာနားမှာ ရပ်နေလေ့ရှိပါတယ်တဲ့။

သူ့ရဲ့အသက်သာ ၃၁ နှစ်သာ မှန်ကန်တယ်ဆိုရင် သူဟာ ကမ္ဘာ့အသက်အကြီးဆုံး ကြောင်ဖြစ်ပြီး အသက်အကြီးဆုံးကြောင်အဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ အသက် ၂၆ နှစ်ရှိ ကော်ဒရွိုင်ဆီက သရဖူကို လွှဲပြောင်းရယူနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top