Property Expo
×

  ေတာင္ႀကီးၿမိဳ႕ ေက်ာင္းႀကီးစုပ္ရပ္ကြက္ စိန္ဆြယ္ လမ္းရွိ အသက္ (၁၁)ႏွစ္အရြယ္ စတုတၳတန္းေက်ာင္းသူအား အသက္ (၆၆)ႏွစ္အရြယ္ အမ်ဳိး သားတစ္ဦးက အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိ သည္။

ေအာက္တိုဘာ ၁၁ ရက္က စတုတၳတန္းေက်ာင္းသူသည္ ဗိုက္ေအာင့္သည္ဆိုကာ ေက်ာင္းမွ ေနအိမ္သို႔ျပန္လာၿပီး ေဆးခန္းသို႔ပို႔ေဆာင္ရာ အဓမၼျပဳက်င့္ခံ ထားရသည္ကိုသိရွိခဲ့ျခင္းျဖစ္ သည္ဟု ေတာင္ႀကီးၿမိဳ႕မရဲစခန္း မွတ္တမ္းတြင္ ေဖာ္ျပထားသည္။

‘‘ျဖစ္တာက စက္တင္ဘာ လကုန္ပိုင္းေလာက္ကပါ။ ကေလးက က်ဴရွင္သြားလမ္းမွာ မာလကာသီးခူးေနတုန္း ဒီလူက အိမ္ကိုေခၚၿပီး အဓမၼျပဳက်င့္ခဲ့ တယ္။ ကေလးကေၾကာက္ေတာ့ အိမ္ကိုျပန္မေျပာရဲဘူး။ ေနာက္ ပိုင္းမွ ဒီလိုျဖစ္ခဲ့တယ္ဆိုတာ ေဆးကုရင္းသိရတာ’’ဟု ေတာင္ ႀကီးၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ ဦးက ေျပာသည္။

ျပစ္မႈက်ဴးလြန္သည့္ ဦးေက်ာ္အုန္းကို ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးထားၿပီး ရာဇသတ္ႀကီးပုဒ္မ ၃၆၃/၃၇၆ အရ အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  တောင်ကြီးမြို့ ကျောင်းကြီးစုပ်ရပ်ကွက် စိန်ဆွယ် လမ်းရှိ အသက် (၁၁)နှစ်အရွယ် စတုတ္ထတန်းကျောင်းသူအား အသက် (၆၆)နှစ်အရွယ် အမျိုး သားတစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။


အောက်တိုဘာ ၁၁ ရက်က စတုတ္ထတန်းကျောင်းသူသည် ဗိုက်အောင့်သည်ဆိုကာ ကျောင်းမှ နေအိမ်သို့ပြန်လာပြီး ဆေးခန်းသို့ပို့ဆောင်ရာ အဓမ္မပြုကျင့်ခံ ထားရသည်ကိုသိရှိခဲ့ခြင်းဖြစ် သည်ဟု တောင်ကြီးမြို့မရဲစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။

‘‘ဖြစ်တာက စက်တင်ဘာ လကုန်ပိုင်းလောက်ကပါ။ ကလေးက ကျူရှင်သွားလမ်းမှာ မာလကာသီးခူးနေတုန်း ဒီလူက အိမ်ကိုခေါ်ပြီး အဓမ္မပြုကျင့်ခဲ့ တယ်။ ကလေးကကြောက်တော့ အိမ်ကိုပြန်မပြောရဲဘူး။ နောက် ပိုင်းမှ ဒီလိုဖြစ်ခဲ့တယ်ဆိုတာ ဆေးကုရင်းသိရတာ’’ဟု တောင် ကြီးမြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သည့် ဦးကျော်အုန်းကို တောင်ကြီးမြို့ မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top