လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ရေတာ့မယ္ ဟီလာရီကလင္တန္ရဲ႕ ခင္ပြန္း ဘီလ္ကလင္တန္မွာ ျပည့္တန္ဆာအမ်ိဳးသမီးတစ္းဦးနဲ႔ ရခဲ့တဲ့ သားတစ္ေယာက္ ရွိေနေၾကာင္း သတင္းေတြထြက္လာျပန္ပါတယ္။

ဒီျဖစ္ရပ္ဟာ ၁၉၉၉ ခုႏွစ္တုန္းက တစ္ႀကိမ္ ဘီလ္ကလင္တန္ ရွင္းခဲ့ၿပီးၿပီျဖစ္ၿပီး အခုေနာက္တစ္ႀကိမ္ ဘီလ္ရဲ႕ သားလို႔ဆိုတဲ့ မိသားစုဘက္က အသိအမွတ္ျပဳဖုိ႔ ေတာင္းဆိုလာတာ ျဖစ္ပါတယ္။ သမၼတေဟာင္း ဘီလ္ကလင္တန္ရဲ႕ သားလို႔ဆိုသူဟာ အခု အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္ၿပီး ဒန္နီဝီလ်ံကလင္တန္ဆိုတဲ့ အမည္နဲ႔ ေဖ့စ္ဘြတ္သံုးစြဲလွ်က္ရွိပါတယ္။

ဘီလ္ကလင္တန္ဟာ ၁၉၉၂ ခုႏွစ္သမၼတေ႐ြးေကာက္ပြဲအတြက္ျပင္ဆင္ေနတုန္းကလည္း ဒီလိုသတင္းေၾကာင့္ အထိနာခဲ့ဖူးၿပီး ေမးခြန္းအထုတ္ခံခဲ့ရပါတယ္။ အခု ဒန္နီဝီလ်ံရဲ႕ မိခင္ျဖစ္သူဟာ အဲဒီတုန္းက ကလင္တန္နဲ႔ေတြ႔ဆံုကာ မၾကာခဏ ခ်စ္တင္းေႏွာခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ကလင္တန္က သူမကို ခ်စ္တင္းေႏွာဖို႔အတြက္ ေဒၚလာ ၂၀၀ ေပးဖူးတယ္လုိ႔ ဆိုပါတယ္။ ဒန္နီကို ကုိယ္ဝန္ေဆာင္ထားခဲ့တုန္းက မိခင္ျဖစ္သူ ေဘာ္ဘီဟာ ကလင္တန္ဆီကိုသြားၿပီး သူ႔ရဲ႕ကေလးျဖစ္ေၾကာင္း အသိေပးခဲ့ေပမယ့္ ကလင္တန္က လက္မခံခဲ့ဘူးလို႔ သိရပါတယ္။

အဲဒီေနာက္ ကေလးကိုေမြးဖို႔ ေဘာ္ဘီက ဆံုးျဖတ္ခဲ့ပါတယ္။ ဒါေပမယ့္ DNA စစ္လုိက္တဲ့အခ်ိန္မွာ ရလဒ္က ဘီလ္ကလင္တန္ရဲ႕ သားမဟုတ္ဘူးလို႔ ထြက္လာခဲ့ေပမယ့္ အဲဒီရလဒ္ဟာ မ႐ိုးသားဘူးလို႔ စြပ္စြဲမႈေတြလည္း ရွိပါတယ္။ ဒန္နီဟာ ကလင္တန္ရဲ႕ သားျဖစ္ေၾကာင္း အတပ္ေျပာႏုိင္ရတဲ့ အေၾကာင္းရင္းကေတာ့ သူမဟာ အဲဒီအခ်ိန္တုန္းက လူမည္းေဖာက္သည္ေတြနဲ႔သာ ဆက္ဆံခဲ့ၿပီး လူျဖဴဆိုလို႔ ဘီလ္ကလင္တန္ တစ္ေယာက္သာ ရွိခဲ့ေၾကာင့္လို႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရတော့မယ် ဟီလာရီကလင်တန်ရဲ့ ခင်ပွန်း ဘီလ်ကလင်တန်မှာ ပြည့်တန်ဆာအမျိုးသမီးတစ်းဦးနဲ့ ရခဲ့တဲ့ သားတစ်ယောက် ရှိနေကြောင်း သတင်းတွေထွက်လာပြန်ပါတယ်။

ဒီဖြစ်ရပ်ဟာ ၁၉၉၉ ခုနှစ်တုန်းက တစ်ကြိမ် ဘီလ်ကလင်တန် ရှင်းခဲ့ပြီးပြီဖြစ်ပြီး အခုနောက်တစ်ကြိမ် ဘီလ်ရဲ့ သားလို့ဆိုတဲ့ မိသားစုဘက်က အသိအမှတ်ပြုဖို့ တောင်းဆိုလာတာ ဖြစ်ပါတယ်။ သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ သားလို့ဆိုသူဟာ အခု အသက် ၃၀ အရွယ်ရှိပြီဖြစ်ပြီး ဒန်နီဝီလျံကလင်တန်ဆိုတဲ့ အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲလျှက်ရှိပါတယ်။

ဘီလ်ကလင်တန်ဟာ ၁၉၉၂ ခုနှစ်သမ္မတရွေးကောက်ပွဲအတွက်ပြင်ဆင်နေတုန်းကလည်း ဒီလိုသတင်းကြောင့် အထိနာခဲ့ဖူးပြီး မေးခွန်းအထုတ်ခံခဲ့ရပါတယ်။ အခု ဒန်နီဝီလျံရဲ့ မိခင်ဖြစ်သူဟာ အဲဒီတုန်းက ကလင်တန်နဲ့တွေ့ဆုံကာ မကြာခဏ ချစ်တင်းနှောခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကလင်တန်က သူမကို ချစ်တင်းနှောဖို့အတွက် ဒေါ်လာ ၂၀၀ ပေးဖူးတယ်လို့ ဆိုပါတယ်။ ဒန်နီကို ကိုယ်ဝန်ဆောင်ထားခဲ့တုန်းက မိခင်ဖြစ်သူ ဘော်ဘီဟာ ကလင်တန်ဆီကိုသွားပြီး သူ့ရဲ့ကလေးဖြစ်ကြောင်း အသိပေးခဲ့ပေမယ့် ကလင်တန်က လက်မခံခဲ့ဘူးလို့ သိရပါတယ်။

အဲဒီနောက် ကလေးကိုမွေးဖို့ ဘော်ဘီက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် DNA စစ်လိုက်တဲ့အချိန်မှာ ရလဒ်က ဘီလ်ကလင်တန်ရဲ့ သားမဟုတ်ဘူးလို့ ထွက်လာခဲ့ပေမယ့် အဲဒီရလဒ်ဟာ မရိုးသားဘူးလို့ စွပ်စွဲမှုတွေလည်း ရှိပါတယ်။ ဒန်နီဟာ ကလင်တန်ရဲ့ သားဖြစ်ကြောင်း အတပ်ပြောနိုင်ရတဲ့ အကြောင်းရင်းကတော့ သူမဟာ အဲဒီအချိန်တုန်းက လူမည်းဖောက်သည်တွေနဲ့သာ ဆက်ဆံခဲ့ပြီး လူဖြူဆိုလို့ ဘီလ်ကလင်တန် တစ်ယောက်သာ ရှိခဲ့ကြောင့်လို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top