Property Expo
×




Credit : Duwun

#Unicode Version

ဟောင်ကောင်မှာရှိတဲ့ ကမ္ဘာ့အသက်အကြီးဆုံးပန်ဒါကြီးဟာ တနင်္ဂနွေနေ့မှာ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ ကျားကျား အမည်ရှိ ပန်ဒါကြီးဟာ သူနေထိုင်ရာ Ocean Park မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

သူသေဆုံးချိန်မှာတော့ အသက် ၃၈ နှစ် ရှိပါပြီ။ ပန်ဒါတစ်ကောင်ရဲ့သက်တမ်းနဲ့ တွက်မယ်ဆိုရင်တော့ ကျားကျားရဲ့အသက်က ၁၁၄ နှစ်အထိ အသက်ရှည်ခဲ့တာပါ။

ကျားကျားကို ၁၉၇၈ ခုနှစ်က တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ တရုတ်နိုင်ငံကနေ ဟောင်ကောင်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top