Kantharyar Centre
×





Unicode Version
ဂျပန်နိုင်ငံ ဆေးရုံတစ်ခုမှာ ခွဲစိပ်ကုသမှု ခံယူနေတဲ့အချိန်မှာ  အမျိုး သမီးလူနာက မတော်တဆ လေလည်မိလိုက်ရာကနေ ဆိုးဆိုးရွား ရွားမီးလောင်ကျွမ်းထိခိုက်မှု ဖြစ်ပေါ်ခဲ့တယ်လို့ တိုကျို တက္ကသိုလ် ဆေးရုံ၊ ရှင်ဂျုကူကုသဆောင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဂျပန်သတင်းစာ အာဆာဟိရှင်ဘန်း မှာ ဖော်ပြခဲ့တဲ့ ဒီမတော်တဆ လူနာမီးလောင်မှုက လူနာက အသက် ၃၀ အရွယ်ရှိပြီးတော့ သားအိမ်ခေါင်း ခွဲစိတ်မှုတစ်ခုကို ခံယူနေခြင်းမှာပဲ ဒီလိုမျိုး မတော် တဆဖြစ်သွားခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။


လေဆာစနစ်သုံး ခွဲစိပ်ကုသမှု ခံယူနေစဉ်အတွင်းမှာ လေလည်တဲ့ ဂတ်စ် ဖြတ်သန်းသွားမှုကနေ မီးထတောက်လောင်ပြီးတော့ လူနာ ရဲ့ခန္ဓာကိုယ်ခြေလက်နဲ့ လက်ကောက်ဝတ်တွေ မီးလောင်ခြင်းဖြစ် ပေါ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်ဆရာဝန်တွေနဲ့ တာဝန်ရှိသူ တွေကတော့ မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့ ခွဲစိပ်ကုသခန်းထဲမှာ မည်ကဲ့ သို့သော မီးလောင်လွယ်တဲ့ ပစ္စည်း၊ အသုံးအဆောင်တွေ လုံးဝမရှိ ခဲ့ဘူးလို့ ဆိုပါတယ်။


လူနာရဲ့ အစာအိမ်ကနေ စိမ့်ထွက်လာတဲ့ ဂတ်စ်၊ ဓာတ်ငွေ့ကနေ မီးတာက်လောင်မှုဖြစ်ပေါ်စေခဲ့တာက သေချာခိုင်မာတဲ့ အကြောင်း ကို ပြောကြားထားပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top