Property Expo
×

အုိလံပစ္အေျပးသမား တုိင္ဆန္ေဂးရဲ႕ ဆယ္ေက်ာ္သက္သမီး ထရင္နစ္တီေဂးဟာ အုပ္စုႏွစ္စု အျပန္အလွန္ ပစ္ခတ္မႈၾကားထဲကို ေရာက္ရွိသြားခဲ့တာပါ။

အသက္ ၁၅ ႏွစ္အရြယ္ ထရင္နစ္တီေဂးဟာ ကန္တက္ကီျပည္နယ္၊ လက္ဆင္တန္ၿမိဳ႕ရွိ Cook Out စားေသာက္ဆုိင္မွာ ေအာက္တုိဘာလ ၁၆ ရက္ေန႔ မနက္ခင္းက လည္ပင္းကို ေသနတ္္နဲ႔ ပစ္ခံလိုက္ရပါတယ္။

သူမကို ေဆး႐ံုကို အျမန္ပို႔ေဆာင္ေပးခဲ့ေပမဲ့ ဒဏ္ရာေတြေၾကာင့္ ေသဆံုးသြားခဲ့တယ္လို႔ သိရပါတယ္။

ယူက်ဳံးမရျဖစ္ေနရွာတဲ့ တုိင္ဆန္ေဂးမွာ သတင္းၾကားၾကားခ်င္း လက္ဆင္တန္ကို ေလယာဥ္နဲ႔ အျမန္သြားခဲ့ပါတယ္။

"ၿပီးခဲ့တဲ့ အားလပ္ရက္ကပဲ ကၽြန္ေတာ့္ဆီကို သူလာခဲ့ေသးတယ္။ အေတာ္ဆုိးတဲ့အျဖစ္ပါ။ ဘာေတြျဖစ္သြားတာလည္း ကၽြန္ေတာ္ မသိဘူး" လို႔ သတင္းၾကားၾကားခ်င္း တိုင္ဆန္ေဂးက ေျပာခဲ့ပါတယ္။
စားေသာက္ဆုိင္အျပင္ဘက္မွာ ကားတစ္စီးစီေပၚက အုပ္စုႏွစ္စု အျပန္အလွန္ပစ္ခတ္ၾကရင္း သူမကို က်ည္ဆန္ထိမွန္သြားတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အိုလံပစ်အပြေးသမား တိုင်ဆန်ဂေးရဲ့ ဆယ်ကျော်သက်သမီး ထရင်နစ်တီဂေးဟာ အုပ်စုနှစ်စု အပြန်အလှန် ပစ်ခတ်မှုကြားထဲကို ရောက်ရှိသွားခဲ့တာပါ။

အသက် ၁၅ နှစ်အရွယ် ထရင်နစ်တီဂေးဟာ ကန်တက်ကီပြည်နယ်၊ လက်ဆင်တန်မြို့ရှိ Cook Out စားသောက်ဆိုင်မှာ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ခင်းက လည်ပင်းကို သေနတ်နဲ့ ပစ်ခံလိုက်ရပါတယ်။

သူမကို ဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့ပေမဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ယူကျုံးမရဖြစ်နေရှာတဲ့ တိုင်ဆန်ဂေးမှာ သတင်းကြားကြားချင်း လက်ဆင်တန်ကို လေယာဉ်နဲ့ အမြန်သွားခဲ့ပါတယ်။

"ပြီးခဲ့တဲ့ အားလပ်ရက်ကပဲ ကျွန်တော့်ဆီကို သူလာခဲ့သေးတယ်။ အတော်ဆိုးတဲ့အဖြစ်ပါ။ ဘာတွေဖြစ်သွားတာလည်း ကျွန်တော် မသိဘူး" လို့ သတင်းကြားကြားချင်း တိုင်ဆန်ဂေးက ပြောခဲ့ပါတယ်။
စားသောက်ဆိုင်အပြင်ဘက်မှာ ကားတစ်စီးစီပေါ်က အုပ်စုနှစ်စု အပြန်အလှန်ပစ်ခတ်ကြရင်း သူမကို ကျည်ဆန်ထိမှန်သွားတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top