Kantharyar Centre
×

မိတ္ကပ္ခင္စန္းဝင္း၏ ဘဝအေၾကာင္းကို အေျခခံ၍ ဇာတ္လမ္းတြဲ႐ိုက္ကူးထားသည့္ ‘မႀကီးစန္းႏွင့္ သူ၏ခ်စ္သူမ်ား’ ဇာတ္ကားကို ေအာက္တုိဘာ ေနာက္ဆံုးပတ္တြင္ ျဖန္႔ခ်ိေပး မည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။

‘‘ေနာက္တစ္ပတ္ ရက္ခ်ိတ္ တင္မွာဆုိေတာ့ ဒီလေနာက္ဆံုး ပတ္ေလာက္ထြက္မွာပါ။ ပရီစနစ္နဲ႔ပဲ ျဖန္႔ခ်ိေပးမွာပါ’’ဟု စိန္ေဌးဗီဒီ ယိုထုတ္လုပ္ေရးမွ ဦးဝင္းၾကည္ က ေျပာၾကားသည္။

‘မႀကီးစန္းႏွင့္ သူ၏ခ်စ္သူ မ်ား’ ဇာတ္လမ္းသည္ မိတ္ကပ္ခင္စန္းဝင္း၏ ဘဝအေၾကာင္းကို အေျခခံ႐ိုက္ကူးထားၿပီး မိတ္ကပ္ ခင္စန္းဝင္းကိုယ္တုိင္ ပါဝင္သ႐ုပ္ ေဆာင္ထားေသာေၾကာင့္ ယင္း ဇာတ္ကား႐ိုက္ကူးသည့္အခ်ိန္က တည္းက ပရိသတ္မ်ားက စိတ္ ဝင္စားခဲ့သည္။

‘‘မႀကီးစန္းတုိ႔ေလာကထဲမွာ မျမင္ႏုိင္တဲ့ အခ်စ္ေတြ၊ ေမတၱာ ေတြ၊ သံေယာဇဥ္ေတြကို ျပခ်င္တဲ့ သေဘာပါ။ ဟိုမိုတို႔၊ ဘာတုိ႔ကို ႐ိုက္ထားတာမဟုတ္ပါဘူး’’ဟု မိတ္ကပ္ခင္စန္းဝင္းက    ယင္း ဇာတ္ကားႏွင့္ ပတ္သက္၍ ေျပာ ၾကားသည္။

ယင္းဇာတ္ကားတြင္ မိတ္ ကပ္ခင္စန္းဝင္းႏွင့္အတူ သ႐ုပ္ ေဆာင္သစ္ ထက္ေအာင္႐ိႈင္း၊ ဆုပန္ထြာ၊ ႏွင္းယမံုဦးတုိ႔က အဓိ က ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဧည့္သည္သ႐ုပ္ေဆာင္မ်ားအ ျဖစ္ လူမင္း၊ ၿဖိဳးေငြစိုး၊ ထြန္းလြင္ ေအာင္၊ စိုးရန္ေအာင္၊ ဇြဲျပည့္ႏွင့္ ေအးျမတ္သူတုိ႔က ပါဝင္သ႐ုပ္ ေဆာင္ထားကာ ဒါ႐ိုက္တာျမတ္ ခုိင္က ႐ိုက္ကူးထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မိတ်ကပ်ခင်စန်းဝင်း၏ ဘဝအကြောင်းကို အခြေခံ၍ ဇာတ်လမ်းတွဲရိုက်ကူးထားသည့် ‘မကြီးစန်းနှင့် သူ၏ချစ်သူများ’ ဇာတ်ကားကို အောက်တိုဘာ နောက်ဆုံးပတ်တွင် ဖြန့်ချိပေး မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘နောက်တစ်ပတ် ရက်ချိတ် တင်မှာဆိုတော့ ဒီလနောက်ဆုံး ပတ်လောက်ထွက်မှာပါ။ ပရီစနစ်နဲ့ပဲ ဖြန့်ချိပေးမှာပါ’’ဟု စိန်ဌေးဗီဒီ ယိုထုတ်လုပ်ရေးမှ ဦးဝင်းကြည် က ပြောကြားသည်။

‘မကြီးစန်းနှင့် သူ၏ချစ်သူ များ’ ဇာတ်လမ်းသည် မိတ်ကပ်ခင်စန်းဝင်း၏ ဘဝအကြောင်းကို အခြေခံရိုက်ကူးထားပြီး မိတ်ကပ် ခင်စန်းဝင်းကိုယ်တိုင် ပါဝင်သရုပ် ဆောင်ထားသောကြောင့် ယင်း ဇာတ်ကားရိုက်ကူးသည့်အချိန်က တည်းက ပရိသတ်များက စိတ် ဝင်စားခဲ့သည်။

‘‘မကြီးစန်းတို့လောကထဲမှာ မမြင်နိုင်တဲ့ အချစ်တွေ၊ မေတ္တာ တွေ၊ သံယောဇဉ်တွေကို ပြချင်တဲ့ သဘောပါ။ ဟိုမိုတို့၊ ဘာတို့ကို ရိုက်ထားတာမဟုတ်ပါဘူး’’ဟု မိတ်ကပ်ခင်စန်းဝင်းက    ယင်း ဇာတ်ကားနှင့် ပတ်သက်၍ ပြော ကြားသည်။

ယင်းဇာတ်ကားတွင် မိတ် ကပ်ခင်စန်းဝင်းနှင့်အတူ သရုပ် ဆောင်သစ် ထက်အောင်ရှိုင်း၊ ဆုပန်ထွာ၊ နှင်းယမုံဦးတို့က အဓိ က ပါဝင်သရုပ်ဆောင်ထားပြီး ဧည့်သည်သရုပ်ဆောင်များအ ဖြစ် လူမင်း၊ ဖြိုးငွေစိုး၊ ထွန်းလွင် အောင်၊ စိုးရန်အောင်၊ ဇွဲပြည့်နှင့် အေးမြတ်သူတို့က ပါဝင်သရုပ် ဆောင်ထားကာ ဒါရိုက်တာမြတ် ခိုင်က ရိုက်ကူးထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top