Kantharyar Centre
×

မိန်းကလေးတွေက မင်းသားလေးတစ်ပါးက သမီးရဲ့ဖူးစာရှင်ဖြစ်ရင်သိပ်ကောင်းမှာပဲလို့တွေးသလို ယောင်္ကျားလေးတွေမှာလဲ ရှိပါတယ်။

ယောင်္ကျာလေးတွေက သူသာလျှင် ကျွန်တော်ရဲ့ဘဝလက်တွဲဖော်လို့ စိတ်ထဲမှာ ဆုံးဖြတ်လိုက်တာ ဘယ်လိုအချိန်မျိုးဖြစ်မလဲ။













Credit: modelpress

Unicode Version

မိန်းကလေးတွေက မင်းသားလေးတစ်ပါးက သမီးရဲ့ဖူးစာရှင်ဖြစ်ရင်သိပ်ကောင်းမှာပဲလို့တွေးသလို ယောကျၤားလေးတွေမှာလဲ ရှိပါတယ်။

ယောကျၤာလေးတွေက သူသာလျှင် ကျွန်တော်ရဲ့ဘဝလက်တွဲဖော်လို့ စိတ်ထဲမှာ ဆုံးဖြတ်လိုက်တာ ဘယ်လိုအချိန်မျိုးဖြစ်မလဲ။

★★ မထင်မှတ်ပဲ တွေ့လိုက်ရချိန်

★ လမ်းမှာ ရုတ်တရက်ပဲ သူ့ကိုတွေ့လိုက်ရတဲ့အကြိမ်ပေါင်းမနည်းတော့ပါ။
★ သူ့ကို ဒီနေရာမှာတွေ့တာ ၃ကြိမ်ရှိပြီ။ ဒီနေရာမှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ဒါကြောင့် သူပဲဖြစ်ပါလိမ့်မယ်လို့ ထင်ပါတယ်။
★ သူနဲ့ဝါသနာပဲတူနေတာကြောင့်လားတော့မသိပါ။ ဝါသနာကြောင့် သူနဲ့အတူတူရှိနေတဲ့အချိန်တွေက ရင်ထဲမှာ ခံစားရတယ်။

တစ်ယောက်နဲ့တစ်ယောက် ချိန်းတွေ့ရင်တောင်တွေ့နိုင်မယ်မထင်ပါ။ မထင်မှတ်ပဲတွေ့နိုင်တယ်ဆိုတာ တခုခုတော့ တခုခုပါ။

★★ ကိုယ်ရည်မှန်းထားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်သူ

★ သူက ကိုယ့်ရည်မှန်းထားတဲ့အတိုင်းကို လှနေပြီး နေ့တိုင်းတွေ့နေရတော့ သူ့ကိုကြည့်နေရတာကိုပဲ စိတ်ထဲမှာကျေနပ်နေမိတယ်။
★ ကိုယ်ရည်မှန်းထားတဲ့အတိုင်း လှတဲ့သူနဲ့ စကားပြောနေရတာကိုပဲ ရင်ထဲမှာ ပျော်နေမိတယ်။

ကိုယ်က ရည်မှန်းထားတဲ့ ရုပ်ရည် အနေအထားကို ပိုင်ဆိုင်သူကို တွေ့နိုင်ဖို့က မလွယ်ပင်မဲ့ တွေ့ရင်တော့ အခွင့်အရေးကို လက်တွေ့အသုံးချလိုက်ပါတော့။

★★ သူနဲ့ခံယူချက်တွေက တူနေသောအခါ

★ မိသားစုကိစ္စတွေမှာ၊ သူကသူစိမ်းဆိုပင်မဲ့၊ ကိုယ့်ရဲ့မိသားစုလို တူညီနေတဲ့အချက်တွေရှိနေတတ်တယ်။ ဥပမာ - မေမေရဲ့မွေးနေ့ဆိုရင် အိမ်ကိုပြန်ဖြစ်အောင်ပြန်တယ်။
★ ခံယူချက်ကတူနေတဲ့အခါမှာ ဘာပဲပြောပြော သူနဲ့စကားပြောနေရတာတစ်ခုတည်းနဲ့ပင် စိတ်ချမ်းသာနေတယ်။

ခံယူချက်ဆိုတာက ကိုယ့်ရဲ့မွေးဖွားရာ အရပ်ဒေသ၊ မိသားစု အပေါ်ကိုလိုက်ပြီး ပြောင်းလဲမှုတွေရှိပါတယ်။ ဒီခြားနားချက်တွေက တူညီနေတယ်ဆိုတာ ဝမ်းသာစရာတခုပါ။

★★ သူနဲ့ဝါသနာချင်းကလည်း အတူတူ

★ ခံယူချက်၊ ရည်မှန်းချက် အပြင် ဝါသနာပါတူနေတယ်ဆိုရင်တော့ သူ့အပြင် ဘယ်သူမှ မရှိတော့ပါ။
★ သူကြိုက်တဲ့အရောင်က ကိုယ်နဲ့တထပ်တည်းကျနေတဲ့အခါလည်း စိတ်ထဲမှာ ကြိတ်ပျော်နေမိတယ်။

ကဲ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ နတ်သမီလေးလို မိုးပေါ်က ဆင်းလာတဲ့ မိန်းမချောလေးက ကိုယ်ရည်မှန်းထားသူနဲ့ တထပ်တည်းကျရင် လက်မလွတ်ပဲ ကြိုးစားကြည့်လိုက်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: modelpress


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top