Property Expo
×






Credit: duwun

#Unicode Version

ကြောင်တွေကို ရေအလွန်ကြောက်တဲ့ သတ္တဝါတွေအဖြစ်နဲ့ သိကြမှာပါ။ ဒါပေမဲ့ ကြောင်တိုင်းတော့မဟုတ်ပါဘူး။ ရေကိုအရမ်းကြိုက်တဲ့ ကြောင်လေးတစ်ကောင်ရှိပါသေးတယ်။

Jukin Media က တင်ဆက်တဲ့ သတင်းတစ်ပုဒ်ထဲက မီးခိုးရောင်ကြောင်လေးဟာ အံ့သြဖို့ကောင်းလောက်အောင်ပဲ ရေကိုကြိုက်ပါတယ်။ ဘေစင်ပေါ်မှာ ကျကျနနထိုင်ပြီး ပိုက်ခေါင်းက ရေကို သဘောတကျ ခေါင်းထိုးခံခဲ့တာကို ဗီဒီယိုနဲ့တကွ တင်ဆက်ထားတာပါ။

ပိုက်ခေါင်းကရေကို လက်ကလေးနဲ့လည်းခံပြီး ရေကို လျှာနဲ့လျက်လိုက်ပါသေးတယ်။ ဒီဗီဒီယိုထဲက ကြောင်လေးဟာ ချစ်စရာလည်းကောင်းတာမို့ လူတွေက သဘောကျပြီး အွန်လိုင်းမှာ ပြန်ဖြန့်နေကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top