Property Expo
×






Credit:7Day Daily

#Unicode Version
ဘူးသီးတောင်မြို့ နယ် စံဂိုးထောင်ကျေးရွာအုပ်စု နွားရုံတောင်ကျေးရွာတွင် အမျိုး သမီးတစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖမ်းဆီးရမိနိုင်ရေး နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဆောင် ရွက်နေကြောင်း သတင်းရရှိသည်။

‘‘ပြစ်မှုကျူးလွန်သူကို ဖမ်း ဆီးရမိနိုင်ရေးအတွက် ဆောင် ရွက်နေပါတယ်။ ညောင်ချောင်း နယ်ခြားစောင့်ရဲစခန်းမှာ အမှုဖွင့် ထားပါတယ်။ ထွက်ပြေးနိုင်တဲ့ ကျေးရွာတွေကို သတင်းစုံစမ်းပြီး အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်’’ဟု အမှတ် (၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။


အောက်တိုဘာ ၃ ရက်က အဝတော်ကျွန်းတွင် ငါးရှာနေစဉ် ဘုရားပြင်သိန်းတန် ဘင်္ဂါလီကျေး ရွာမှ အသက်(၂၅)နှစ်အရွယ် အ မျိုးသားနှင့် အဖော်နှစ်ဦးသည်  အ သက်(၅၀)နှစ်ရွယ် အမျိုးသမီးအား ဝိုင်းဖမ်းကာ အဓမ္မပြုကျင့်ရန် ကြံ စည်သောကြောင့် အော်ဟစ်အကူ အညီတောင်းခံရာ ထွက်ပြေးခဲ့ ကြောင်း ၎င်းကပြောသည်။

‘‘ကျွန်မကို ဝိုင်းဖမ်းပြီးတော့ မတော်မတရားပြုကျင့်ဖို့ ကြံစည် ခဲ့ပါတယ်။ ကျွန်မလည်း လုံးထွေး ပြီး အော်ဟစ်အကူအညီတောင်း ခံခဲ့တဲ့အချိန် သူတို့သုံးဦးထွက်ပြေး သွားတာ ဖြစ်ပါတယ်’’ဟု ဦးလှသာစိန်က ဆိုသည်။

အမျိုးသမီးအား အဓမ္မပြု ကျင့်ရန် ကြံစည်ခဲ့သူ အမျိုးသား ကို ညောင်ချောင်းနယ်ခြားစောင့် ရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top