Property Expo
×

 အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးဌာန CDCက ဇီကာဗိုင္းရပ္ ကူးစက္ခံနိုင္ရတဲ႔ အႏၱရာယ္ရွိတဲ႔အတြက္ နိႈးေဆာ္ခ်က္ထုတ္္ျပန္လိုက္တဲ႔ အေရွ႕ေတာင္အာရွ နိုင္ငံေပါင္း၁၁ နိုင္ငံမွာ ျမန္မာနိုင္ငံလည္း ပါ၀င္လာပါတယ္။ျမန္မာနိုင္ငံအေနနဲ႔ ခ်င္းမိုင္လို နယ္စပ္ေဒသမ်ိဳးမွာ ဇီကာဗိုင္းရပ္စ္ပိုး ေတြ႕ရွိဖူးတာေၾကာင္႔ နယ္စပ္ျဖတ္ေက်ာ္သြားလာမႈေတြ ေရာဂါပိုးေတြ႕ရွိျပီးနိုင္ငံေတြကေန ျပန္လာတဲ႔သူေတြဆီကေန ကူးစက္နိုင္တဲ႔အတြက္ ဇီကာဗိုင္းရပ္ ကာကြယ္နွိမ္ႏွင္းေရးေတြကို ဦးစားေပးလုပ္ေနတယ္လို႔ ျပည္သူ႕က်န္းမေရးဦးစီးဌာနက ေျပာပါတယ္။အျပည္႔အစံုကိုေတာ႔ ဗီြအိုေအ သတင္းေထာက္ ကိုေကာင္းစံဟိန္းက ေျပာျပေပးသြားမွာပါ။
ဇီကာေရာဂါ ကူးစက္ခံရနိုင္တဲ႔ အႏၱရာယ္ရွိနိုင္တဲ႔အတြက္ အေမရိကန္ ေရာဂါ ထိန္းခ်ဳပ္ေရးဌာန CDCက နိႈးေဆာ္ခ်က္ ထုတ္ျပန္လိုက္တဲ႔ အေရွ႕ေတာင္အာရွ နိုင္ငံ၁၁ နိုင္ငံအထဲ ျမန္မာနိုင္ငံ ပါ၀င္လာပါတယ္။ ဇီကာဗိုင္းရပ္စ္ ကူးစက္ခံရနိုင္တဲ႔ အလားအလာရွိတဲ႔ ျမန္မာနိုင္ငံမွာ ခရီးသြားေတြအတြက္ဘယ္အတိုင္းအတာအထိ အႏၱရာယ္ရွိနိုင္သလဲဆိုတာ မသိနိုင္ေပမဲ႔လည္း ေရာဂါကူးစက္မႈ အသစ္ေတြ ျဖစ္ေပၚေနတဲ႔ တျခားေဒသေတြထက္ေတာ႔ ေလ်ာ႔ပါးနိုင္တယ္လို႔ ထုတ္ျပန္ခ်က္ မွာ ေဖာ္ျပထားပါေသးတယ္။

ျမန္မာအစိုးရရဲ႕ ျပည္သူ႕က်န္းမာေရးဦးစီးဌာနကေတာ႔ ေရာဂါပိုး ကာကြယ္နွိမ္နွင္းေရးေတြကိုဦးစားေပး ေဆာင္ရြက္ေနတယ္လို႔ ညြႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ စိုးလြင္ျငိမ္းကေျပာပါတယ္။

” ေရာဂါပိုးသယ္ေဆာင္တဲ့ ျခင္က ရွိေနတယ္။ ေနာက္ နယ္စပ္ဘက္မွာ ခ်င္းမိုင္ဘက္ မွာလည္းပဲ ေရာဂါပိုးက ရွိတယ္ဆိုေတာ့ ဒီ Cross Borders ေတြမွာ လည္းပဲ ေရာဂါပိုး ဝင္ေရာက္ႏိုင္တဲ့ အေနအထားရွိတယ္။ ေနာက္ Affected countries ေတြကေနၿပီးေတာ့ ျပန္လာတဲ့ ခရီးသည္ေတြက ရွိေနတယ္ဆိုေတာ့ Risks Countries အေနနဲ႔ကေတာ့ ရွိေနတယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔က ဇီကာဗိုင္းရပ္စ္ ကာကြယ္ႏွိမ္ႏွင္းေရးေတြကို ဦးစားေပးအေနနဲ႔ ေဆာင္ရြက္ေနတာ။”

ဇီကာဗိုင္းရပ္စ္ကူးစက္ခံတဲ့ အဓိကလကၡဏာေတြဟာ ဖ်ားတာ၊ အေရျပားမွာ အနီစက္ထြက္တာ၊ မ်က္စိနာတာ၊ ေခါင္းကိုက္တာ၊ ၾကြက္သားနဲ႔အဆစ္ေတြ နာက်င္တာျဖစ္တတ္ေၾကာင္းနဲ႔ ေရာဂါျဖစ္ပြားၿပီးေနာက္ဆက္တဲြအျဖစ္ ကိုယ္၀န္ေဆာင္မိခင္ေတြဟာ ဦးေႏွာက္ေသးငယ္တဲ့ ကေလးငယ္ေတြေမြးဖြား လာႏိုင္ေၾကာင္း က်န္းမာေရးနဲ႔အားကစား ၀န္ၾကီးဌာနက ေန႔စဥ္ထုတ္ အစိုးရပိုင္သတင္းစာေတြက တဆင့္ သတိေပး ထုတ္ျပန္ထားပါတယ္။

ျမန္မာအစုိးရရဲ႕ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ကေတာ့ ျမန္မာႏုိင္ငံရဲ႕ အိမ္နီးခ်င္းထုိင္းႏုိင္ငံ အပါအ၀င္ အေရွ႕ေတာင္အာရွ ႏုိင္ငံတခ်ဳိ႕မွာ ဇီကာဗုိင္းရပ္စ္ပုိး ကူးစက္ပ်ံ႕ႏွံ႔မႈ သတင္းေတြ ထြက္ေပၚလာၿပီး ေနာက္မွာပဲ ဇီကာဗိုင္းရပ္စ္ပိုး ရွိတယ္လို႔ သံသရရွိသူ ငါးဆယ္ဦးကို စစ္ေဆးခဲ႔ေပမဲ႔လည္း အခုခ်ိန္ထိေတာ႔ ေရာဂါပိုး ရွိသူ မေတြ႕ရွိေသးဖူးလို႔ ေဒါက္တာ စိုးလြင္ျငိမ္းက ေျပာပါတယ္။

” ေမြးတဲ့ကေလးေတြမွာလည္း ဒီလို ဦးေခါင္းေသးတဲ့ကေလးေတြ ေမြးလာခဲ့လို႔ရွိရင္ က်ေနာ္တို႔ဆီ ခ်က္ျခင္းသတင္းပို႔တယ္။ ပို႔ၿပီး ဒီဟာကိုလည္းပဲ က်ေနာ္တို႔ စစ္ေဆးတာေပါ့ေနာ္။ အခုဆိုရင္ က်ေနာ္တို႔က သံသယလူနာ ငါးဆယ္ေလာက္ စစ္သြားၿပီးၿပီ။ ေလာေလာဆယ္ သံသယလူနာမရွိဘူး။”

ဒါေပမဲ႔လည္း အေထြေထြေရာဂါကု ဆရာ၀န္တစ္ဦးျဖစ္တဲ့ ရန္ကုန္ၿမိဳ႕က ေဒါက္တာျမင္႔ဦးကေတာ႔ ျမန္မာနိုင္ငံအေနနဲ႔ ဇီကာရာဂါ ကာကြယ္ေရး အစီအမံေတြ လုပ္ေဆာင္ေနတာမွန္ေပမဲ့ လုံလုံေလာက္ေလာက္ တားဆီးႏုိင္ဖုိ႔ကေတာ့ မလြယ္ေသးဘူးလုိ႔ ျမင္ပါတယ္။

” CDC ဆိုတာ တကမာၻလံုးနဲ႔လည္း ဆုိင္တယ္။ ေရာဂါတားဆီးေရးနဲ႔ ရွာေဖြေရး ကာကြယ္ထိန္းသိမ္းေရး ဗဟိုဌာနဆိုတာ။ အဲ့ေတာ့ ျမန္မာျပည္ကို သူတို႔ Alert လုပ္ထားတယ္ေပါ့။ အဲ့ေတာ့ ျမန္မာျပည္မွာ လုပ္တာေတြကေတာ့ သူရဲ႕ ဥစၥာဓနနဲ႔ ႏုိင္သေလာက္ သူက လုပ္ရတာ။ ဆိုေတာ့ ၁၀၀% ျပည့္ေတာ့ မကာကြယ္ႏုိင္ဘူးလို႔ က်ေနာ္က ယံုၾကည္တယ္။”

ျခင္ကုိက္ရာက အဓိက ကူးစက္ေလ့ရွိတဲ့ ဇီကာဗုိင္းရပ္စ္ အႏၱရာယ္နဲ႔ ပတ္သက္ျပီး ခရီးသြားေတြ သတိထားဖုိ႔ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးဌာန CDC က ႏႈိးေဆာ္ခ်က္ ထုတ္ျပန္လုိက္တဲ့ ႏုိင္ငံေတြထဲမွာေတာ့ ျမန္မာႏုိင္ငံအျပင္၊ ထုိင္း၊ လာအုိ၊ ကေမာၻဒီးယား၊ အင္ဒုိနီးရွား၊ မေလးရွား၊ ဖိလစ္ပုိင္၊ ဘ႐ူႏုိင္း၊ ဗီယက္နမ္၊ အေရွ႕တိေမာနဲ႔ ေမာ္လ္ဒုိက္ ႏုိင္ငံေတြ ပါ၀င္ၾကပါတယ္။

အေရွ႕ေတာင္အာရွ ႏုိင္ငံေတြမွာ ဇီကာေရာဂါဟာ ႏွစ္ေပါင္းမ်ားစြာကတည္းက ရွိေနခဲ့ၿပီး၊ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ မၾကာခဏ ျဖစ္ပြားေလ့ ရွိတတ္ေၾကာင္းလည္း CDC ကေျပာပါတယ္။ အေရွ႕ေတာင္အာရွ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားက ေဒသခံေတြ အေနနဲ႔ ေရာဂါကူးစက္မႈဒဏ္ ခံႏုိင္ရည္ ရွိေကာင္းရွိေနႏုိင္ေပမဲ့၊ ႏုိင္ငံျခားက ခရီးသြားေတြ အေနနဲ႔ ေရာဂါဒဏ္ကုိ ခံႏုိင္ရည္ရွိခ်င္မွ ရွိႏုိင္တဲ့အတြက္ သတိထားဖုိ႔ လုိတယ္လုိ႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: VOA Burmese

#Unicode Version
 အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDCက ဇီကာဗိုင်းရပ် ကူးစက်ခံနိုင်ရတဲ့ အန္တရာယ်ရှိတဲ့အတွက် နှိုးဆော်ချက်ထုတ်ပြန်လိုက်တဲ့ အရှေ့တောင်အာရှ နိုင်ငံပေါင်း၁၁ နိုင်ငံမှာ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။မြန်မာနိုင်ငံအနေနဲ့ ချင်းမိုင်လို နယ်စပ်ဒေသမျိုးမှာ ဇီကာဗိုင်းရပ်စ်ပိုး တွေ့ရှိဖူးတာကြောင့် နယ်စပ်ဖြတ်ကျော်သွားလာမှုတွေ ရောဂါပိုးတွေ့ရှိပြီးနိုင်ငံတွေကနေ ပြန်လာတဲ့သူတွေဆီကနေ ကူးစက်နိုင်တဲ့အတွက် ဇီကာဗိုင်းရပ် ကာကွယ်နှိမ်နှင်းရေးတွေကို ဦးစားပေးလုပ်နေတယ်လို့ ပြည်သူ့ကျန်းမရေးဦးစီးဌာနက ပြောပါတယ်။အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုကောင်းစံဟိန်းက ပြောပြပေးသွားမှာပါ။
ဇီကာရောဂါ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိနိုင်တဲ့အတွက် အမေရိကန် ရောဂါ ထိန်းချုပ်ရေးဌာန CDCက နှိုးဆော်ချက် ထုတ်ပြန်လိုက်တဲ့ အရှေ့တောင်အာရှ နိုင်ငံ၁၁ နိုင်ငံအထဲ မြန်မာနိုင်ငံ ပါဝင်လာပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရနိုင်တဲ့ အလားအလာရှိတဲ့ မြန်မာနိုင်ငံမှာ ခရီးသွားတွေအတွက်ဘယ်အတိုင်းအတာအထိ အန္တရာယ်ရှိနိုင်သလဲဆိုတာ မသိနိုင်ပေမဲ့လည်း ရောဂါကူးစက်မှု အသစ်တွေ ဖြစ်ပေါ်နေတဲ့ တခြားဒေသတွေထက်တော့ လျော့ပါးနိုင်တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါသေးတယ်။

မြန်မာအစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ ရောဂါပိုး ကာကွယ်နှိမ်နှင်းရေးတွေကိုဦးစားပေး ဆောင်ရွက်နေတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းကပြောပါတယ်။

” ရောဂါပိုးသယ်ဆောင်တဲ့ ခြင်က ရှိနေတယ်။ နောက် နယ်စပ်ဘက်မှာ ချင်းမိုင်ဘက် မှာလည်းပဲ ရောဂါပိုးက ရှိတယ်ဆိုတော့ ဒီ Cross Borders တွေမှာ လည်းပဲ ရောဂါပိုး ဝင်ရောက်နိုင်တဲ့ အနေအထားရှိတယ်။ နောက် Affected countries တွေကနေပြီးတော့ ပြန်လာတဲ့ ခရီးသည်တွေက ရှိနေတယ်ဆိုတော့ Risks Countries အနေနဲ့ကတော့ ရှိနေတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဇီကာဗိုင်းရပ်စ် ကာကွယ်နှိမ်နှင်းရေးတွေကို ဦးစားပေးအနေနဲ့ ဆောင်ရွက်နေတာ။”

ဇီကာဗိုင်းရပ်စ်ကူးစက်ခံတဲ့ အဓိကလက္ခဏာတွေဟာ ဖျားတာ၊ အရေပြားမှာ အနီစက်ထွက်တာ၊ မျက်စိနာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့အဆစ်တွေ နာကျင်တာဖြစ်တတ်ကြောင်းနဲ့ ရောဂါဖြစ်ပွားပြီးနောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဦးနှောက်သေးငယ်တဲ့ ကလေးငယ်တွေမွေးဖွား လာနိုင်ကြောင်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက နေ့စဉ်ထုတ် အစိုးရပိုင်သတင်းစာတွေက တဆင့် သတိပေး ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရရဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု သတင်းတွေ ထွက်ပေါ်လာပြီး နောက်မှာပဲ ဇီကာဗိုင်းရပ်စ်ပိုး ရှိတယ်လို့ သံသရရှိသူ ငါးဆယ်ဦးကို စစ်ဆေးခဲ့ပေမဲ့လည်း အခုချိန်ထိတော့ ရောဂါပိုး ရှိသူ မတွေ့ရှိသေးဖူးလို့ ဒေါက်တာ စိုးလွင်ငြိမ်းက ပြောပါတယ်။

” မွေးတဲ့ကလေးတွေမှာလည်း ဒီလို ဦးခေါင်းသေးတဲ့ကလေးတွေ မွေးလာခဲ့လို့ရှိရင် ကျနော်တို့ဆီ ချက်ခြင်းသတင်းပို့တယ်။ ပို့ပြီး ဒီဟာကိုလည်းပဲ ကျနော်တို့ စစ်ဆေးတာပေါ့နော်။ အခုဆိုရင် ကျနော်တို့က သံသယလူနာ ငါးဆယ်လောက် စစ်သွားပြီးပြီ။ လောလောဆယ် သံသယလူနာမရှိဘူး။”

ဒါပေမဲ့လည်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့က ဒေါက်တာမြင့်ဦးကတော့ မြန်မာနိုင်ငံအနေနဲ့ ဇီကာရာဂါ ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်နေတာမှန်ပေမဲ့ လုံလုံလောက်လောက် တားဆီးနိုင်ဖို့ကတော့ မလွယ်သေးဘူးလို့ မြင်ပါတယ်။

” CDC ဆိုတာ တကမ္ဘာလုံးနဲ့လည်း ဆိုင်တယ်။ ရောဂါတားဆီးရေးနဲ့ ရှာဖွေရေး ကာကွယ်ထိန်းသိမ်းရေး ဗဟိုဌာနဆိုတာ။ အဲ့တော့ မြန်မာပြည်ကို သူတို့ Alert လုပ်ထားတယ်ပေါ့။ အဲ့တော့ မြန်မာပြည်မှာ လုပ်တာတွေကတော့ သူရဲ့ ဥစ္စာဓနနဲ့ နိုင်သလောက် သူက လုပ်ရတာ။ ဆိုတော့ ၁၀၀% ပြည့်တော့ မကာကွယ်နိုင်ဘူးလို့ ကျနော်က ယုံကြည်တယ်။”

ခြင်ကိုက်ရာက အဓိက ကူးစက်လေ့ရှိတဲ့ ဇီကာဗိုင်းရပ်စ် အန္တရာယ်နဲ့ ပတ်သက်ပြီး ခရီးသွားတွေ သတိထားဖို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDC က နှိုးဆော်ချက် ထုတ်ပြန်လိုက်တဲ့ နိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံအပြင်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အရှေ့တိမောနဲ့ မော်လ်ဒိုက် နိုင်ငံတွေ ပါဝင်ကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဇီကာရောဂါဟာ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီး၊ နိုင်ငံတော်တော်များများမှာ မကြာခဏ ဖြစ်ပွားလေ့ ရှိတတ်ကြောင်းလည်း CDC ကပြောပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများက ဒေသခံတွေ အနေနဲ့ ရောဂါကူးစက်မှုဒဏ် ခံနိုင်ရည် ရှိကောင်းရှိနေနိုင်ပေမဲ့၊ နိုင်ငံခြားက ခရီးသွားတွေ အနေနဲ့ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိချင်မှ ရှိနိုင်တဲ့အတွက် သတိထားဖို့ လိုတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: VOA Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top