Property Expo
×
Credit : Trend Myanmar
#Unicode Version
စုံတွဲတွေ ချိန်းတွေ့တဲ့အခါ ပန်းခြံ၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံစတဲ့ နေရာတွေမှာ ချိန်းတွေ့တတ်ကြပေမယ့် သူတို့တွေ ချစ်တင်းအများဆုံးနှောဖြစ်တဲ့နေရာကတော့ ကားထဲမှာလို့ သိရပါတယ်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ တော်တော်များများဟာ အခြားနေရာတွေမှာထက် ကားထဲမှာသာ ချစ်တင်းနှောဖြစ်ကြကြောင်း လေ့လာမှုတွေအရသိရပါတယ်။
ဒါကိုတာတက္ကသိုလ်က လေ့လာချက်တွေအရဆိုရင် ကျောင်းသား ၁၉၅ယောက်နဲ့ ကျောင်းသူ ၅၁၁ယောက်တို့ထဲကမှ အမျိုးသား ၆၁ရာခိုင်နှုန်းဟာ ကားထဲမှာ ချစ်တင်းနှောရတာ သဘောကျကြောင်း ဖွင့်ဟခဲ့သလိုပဲ အမျိုးသမီး ၅၉.၅ရာခိုင်နှုန်းကလည်း ကားထဲမှာပဲ ချစ်တင်းနှောဖြစ်ကြကြောင်း သိရပါတယ်။ ဒီကျောင်းသူကောျင်းသား အယောက် ၇၀၆ယောက်ထဲက ၄၂၂ယောက်ဟာ ကားထဲမှာ သူတို့ရဲ့ ပထမဆုံး ချစ်တင်းနှောမှုကို စတင်ခဲ့ကြကြောင်းလည်း ဖွင့်ဟသွားကြပါတယ်။ ဒီလေ့လာမှုအရဆိုရင်တော့ တစ်နှစ်ထက်တစ်နှစ် ကားထဲမှာ ချစ်တင်းနှောဖြစ်တဲ့ စုံတွဲအရေအတွက် ပိုမိုများပြားလာခဲ့ပါပြီ။
"လိင်ဆက်ဆံမှုနဲ့ ကားဆိုတာက ကားတွေ စတီထွင်လိုက်ကတည်းက အတူတွဲလျက်ရှိနေခဲ့ကြတာလို့ ဒီလေ့လာမှုကို ဦးဆောင်လုပ်ကိုင်ခဲ့သူ PhDဘွဲရ Dr.Cindy Struckman-Johnson က ဆိုသွားပါတယ်။ ကားထဲမှာ ချစ်တင်းနှောခဲ့ကြသူတွေထဲမှာ အမှတ်တရဖြစ်စရာအခြေအနေတွေရှိသလို၊ မထင်မှတ်ပဲ ရုတ်တရက် ခုလို အတူနေဖြစ်သွားခဲ့သူတွေလည်း ရှိနေပါတယ်။ အဲ့ဒီအထဲမှာမှ နှစ်ဦးသား ကြည်ကြည်နူးနူး ချစ်တင်းနှောဖြစ်ကြတဲ့သူတွေကတော့ ပန်းခြံလို၊ ဒါမှမဟုတ် သာယာတဲ့နေရာမျိုးတွေမှာ ကားထိုးပြီး ရိုမန်တစ်ဆန်ဆန် အချိန်တွေကုန်ဆုံးရင် အတူနေဖြစ်သွားကြတာမျိုးတွေပါ။ အမျိုးသမီးတွေဘက်က မနှစ်မြို့ဖွယ်ရာ အခြေအနေတွေ ရင်ဆိုင်ပြီး ကားထဲမှာ အတူနေလိုက်ရတဲ့ အဖြစ်မျိုးတွေလည်း ရှိကြောင်း လေ့လာမှုက ထပ်မံဖော်ပြထားပါသေးတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top