Property Expo
×

အလုပ္လုပ္သည့္အခါ အိပ္ငုိက္မႈကုိ ႀကဳံရစၿမဲ ျဖစ္သည္။ အိပ္ငုိက္ေနသည့္အခါ အလုပ္လုပ္ရာမွာ စိတ္၀င္စားျခင္း မရွိေတာ့ေပ။ ထုိ႔အတြက္ ေခတၱအိပ္စက္ၿပီး အနားယူသင့္သည္။ ယင္းသို႔ ျပဳလုပ္ပါက အလုပ္ကုိ ေကာင္းစြာ ျပဳလုပ္ႏုိင္မည္ ျဖစ္သည္။ အလုပ္လည္း လုပ္ႏုိင္ၿပီး အိပ္စက္ျခင္းကုိပါ ျပဳလုပ္ႏုိင္သည့္ အလုပ္စားပဲြကုိ ဂရိႏုိင္ငံသားတစ္ဦးက တီထြင္ခဲ့သည္။ အလုပ္လုပ္သည့္အခါ အိပ္စက္လုိပါက အျခားေနရာကုိ သြားစရာမလုိဘဲ စားပဲြေအာက္ကုိ ၀င္ေရာက္ အိပ္စက္ႏုိင္ေအာင္ ျပဳလုပ္ထားျခင္း ျဖစ္သည္။ ႏွစ္မ်ဳိးသုံး စားပဲြအျဖစ္ ဖန္တီးထားျခင္း ျဖစ္သည္။ ယင္းကုိ အိပ္ရာစားပဲြဟု အမည္ေပးထားသည္။
အိပ္ရာစားပဲြဒီဇုိင္းကုိ ေရးဆဲြခဲ့ေသာ ေအသန္နာဆီယာက မိမိအေနျဖင့္ ေက်ာင္းတက္ေနစဥ္ အတြင္း စိတ္ကူးရခဲ့ျခင္း ျဖစ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္ လုပ္ငန္းခြင္တြင္ အခ်ိန္မည္မွ် ေပးေနရသည္ကုိ ျပသလုိက္ျခင္း ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ယင္းအိပ္ရာစားပဲြကုိ ထားရွိပါက အလုပ္သမားမ်ားထံမွ လုပ္အားကုိ ပုိမုိရရွိမည္ ျဖစ္ေသာေၾကာင့္ စီးပြားေရး က်ဆင္းေနေသာ ဂရိႏုိင္ငံအတြက္ အထူးသင့္ေလ်ာ္ေသာ ထုတ္ကုန္ျဖစ္လာဖြယ္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger News Journal

#Unicode Version
အလုပ်လုပ်သည့်အခါ အိပ်ငိုက်မှုကို ကြုံရစမြဲ ဖြစ်သည်။ အိပ်ငိုက်နေသည့်အခါ အလုပ်လုပ်ရာမှာ စိတ်ဝင်စားခြင်း မရှိတော့ပေ။ ထို့အတွက် ခေတ္တအိပ်စက်ပြီး အနားယူသင့်သည်။ ယင်းသို့ ပြုလုပ်ပါက အလုပ်ကို ကောင်းစွာ ပြုလုပ်နိုင်မည် ဖြစ်သည်။ အလုပ်လည်း လုပ်နိုင်ပြီး အိပ်စက်ခြင်းကိုပါ ပြုလုပ်နိုင်သည့် အလုပ်စားပွဲကို ဂရိနိုင်ငံသားတစ်ဦးက တီထွင်ခဲ့သည်။ အလုပ်လုပ်သည့်အခါ အိပ်စက်လိုပါက အခြားနေရာကို သွားစရာမလိုဘဲ စားပွဲအောက်ကို ဝင်ရောက် အိပ်စက်နိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ နှစ်မျိုးသုံး စားပွဲအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။ ယင်းကို အိပ်ရာစားပွဲဟု အမည်ပေးထားသည်။
အိပ်ရာစားပွဲဒီဇိုင်းကို ရေးဆွဲခဲ့သော အေသန်နာဆီယာက မိမိအနေဖြင့် ကျောင်းတက်နေစဉ် အတွင်း စိတ်ကူးရခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းခွင်တွင် အချိန်မည်မျှ ပေးနေရသည်ကို ပြသလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအိပ်ရာစားပွဲကို ထားရှိပါက အလုပ်သမားများထံမှ လုပ်အားကို ပိုမိုရရှိမည် ဖြစ်သောကြောင့် စီးပွားရေး ကျဆင်းနေသော ဂရိနိုင်ငံအတွက် အထူးသင့်လျော်သော ထုတ်ကုန်ဖြစ်လာဖွယ်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger News Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top