Property Expo
×






#Unicode Version

အပျင်းပြေ ပီကေလေးတစ်ခု ဝါးလိုက်ရုံနဲ့တင် အကျဉ်းခန်းမှာည သွား အိပ်လိုက်ရမယ့် အံ့သြစရာစည်းကမ်းထုတ်ပြန်မှုနဲ့ တရားဥ ပဒေတားမြစ်ချက်တစ်ခုကို  စင်ကာပူနိုင်ငံမှာ ကျင့်သုံးနေဆဲဖြစ် ပါတယ်။

အရှေ့တောင်အာရှတွင်းမှာ အဖွံ့ဖြိုးဆုံးနဲ့ စည်းကမ်းကောင်းမွန်ဆုံး၊ စည်းစနစ်ကျနဆုံး နိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံက စီးပွားရေးလုပ်ငန်း အတွက် နိုင်ငံခြားသားနဲ့ စီးပွားရေးလုပ်ငန်းရှင်များစွာ လာရောက် လုပ်ကိုင်ကြတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ မြို့တော်သန့်ရှင်း လှပရေးအတွက် အမှိုက်သရိုက်၊ တံတွေး၊ ဆေးလိပ် အစရှိတဲ့ လမ်းမပေါ် ညစ်ပေစေတဲ့ အရာတွေ ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားပါတယ်။

ပီကေဝါးခြင်းကို ကန့်သတ်တားမြစ်ထားတဲ့ ဥပဒေကို ၁၉၉၂ ခုနှစ် အချိန်ကတည်းက စတင်ပြဌာန်းထုတ်ပြန်လိုက်တာဖြစ်ပြီးတော့ နိုင် ငံတွင်း ပီကေစားစရာတင်သွင်းခြင်းတွေကိုတောင် ပိတ်ပင်တားမြစ် ထားပါတယ်။

ဆေးနဲ့ ကျန်းမာရေးအတွက်သ စားသုံးတဲ့ နီကိုတင်းဓာတ်ပါ ပီကေ တွေကိုတောင်မှာ ကျန်းမာရေးထောက်ခံချက် ဆရာဝန်ရဲ့ခွင့်ပြုချက် ရမှသာ စားခွင့်ပြုထားတာ ဖြစ်ပါတယ်။  ပီကေကိုမြို့တွင်းမှာစားသုံး ခွင့်၊ ရောင်းချခွင့်ကိုလုံးဝပိတ်ပင်ထားပြီး ပီကေဝါးပြီးလမ်းမပေါ်ထွေး ထုတ်တာကို မိသွားမယ်ဆိုရင် ဒေါ်လာ ၅၀၀ ဒဏ်တပ်ခံရမှာပဲ ဖြစ် ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top