Property Expo
×

 ကားအေရာင္းျပခန္း ဖြင့္လွစ္ရန္ လာေရာက္ေလွ်ာက္ထားသူေလ်ာ့က်ျခင္းမရွိေသာ္ လည္း စိစစ္ၿပီးခြင့္ျပဳေနသျဖင့္ ဖြင့္လွစ္ခြင့္ခ်ထားမႈေလ်ာ့လာသည္ ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း ၀ယ္ေရး၀န္ႀကီးဌာနမွ သတင္းရရွိ သည္။

   ‘‘လာေလွ်ာက္တဲ့သူက ေလ်ာ့မသြားေပမယ့္ ဒီဘက္မွာ အက်ယ္အ၀န္း ေျမေနရာေတြနဲ႔ စည္းကမ္းတခ်ဳိ႕တင္းက်ပ္လိုက္ ေတာ့ လာေလွ်ာက္တိုင္းလည္း မခ်ေပးဘူး’’ ဟု အဆိုပါ ဌာန ဒုတိယ ၫႊန္ၾကားေရးမွဴးက ဆို သည္။

လစဥ္  အေရာင္းျပခန္းဖြင့္ လွစ္ရန္ လာေရာက္ေလွ်ာက္ထား သည့္ အေရအတြက္မွာ ငါးခုမွ ၁၀ ခုထက္မနည္းရွိေသာ္လည္း ျပန္လည္ခြင့္ျပဳေပးႏႈန္းမွာ တစ္လ လွ်င္ သံုးခုမွ ငါးခုအထိသာ အမ်ားဆံုးျဖစ္သည္ဟု ဆိုသည္။

ၿပီးခဲ့သည့္ ၂၀၁၅ က ရန္ကုန္တြင္သာ အမ်ားဆံုးဖြင့္လွစ္ရန္ လာေရာက္ ေလွ်ာက္ထားေသာ္လည္း  ယခု  ေနာက္ပိုင္းတြင္ မႏၲေလး၊ ေနျပည္ေတာ္ႏွင့္ အျခား   ၿမိဳ႕ႀကီးမ်ား၌  ဖြင့္လွစ္ရန္ ေလွ်ာက္ထားမႈမ်ားျပားသည္ဟု ဆိုသည္။



ယခုႏွစ္စက္တင္ဘာအထိ ေနာက္ဆံုးစာရင္းအရ ျပည္တြင္း တြင္ကားအေရာင္းျပခန္း ၂၁ ခုႏွင့္ကားအေရာင္းစင္တာ ၂၅၀ ေက်ာ္ခြင့္ျပဳထားၿပီးျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္တြင္ ကားအေရာင္း စင္တာအခ်ဳိ႕က အပ္ကုန္စနစ္ျဖင့္ေမာ္ဒယ္နိမ့္ တင္သြင္းလာေသာ ကားမ်ားကို လိုင္စင္ကပ္ေရာင္း ခ်ႏိုင္ျခင္းမရွိပါက မူလႏိုင္ငံသို႔ ျပန္လည္တင္ပို႔ရမည္ျဖစ္ရာ ပိတ္ သိမ္းရန္ စီစဥ္ေနသည့္ အေရာင္း စင္တာမ်ားရွိေၾကာင္း ေမာ္ေတာ္ယာဥ္ တင္သြင္းေရာင္းခ်သူမ်ားက ေျပာသည္။

ေမာ္ေတာ္ယာဥ္ တင္သြင္း ျခင္းႏွင့္ဆိုင္ေသာ လုပ္ငန္းမ်ား ႀကီးၾကပ္ေရးေကာ္မတီက ထုတ္ ျပန္ထားသည့္ စည္းကမ္းသတ္ မွတ္ခ်က္မ်ား လိုက္နာမႈရွိ၊ မရွိ ေမာ္ေတာ္ယာဥ္ အေရာင္းျပခန္း ႏွင့္ အေရာင္းစင္တာမ်ားကို ေျမ ျပင္ကြင္းဆင္းစစ္ေဆးေရးအဖြဲ႕ မ်ားျဖင့္ လစဥ္စစ္ေဆးမႈမ်ားျပဳ လုပ္ေနေၾကာင္း သိရသည္။

စည္းကမ္းႏွင့္မညီေသာ အ ေရာင္းျပခန္းမ်ားကို အဆင့္ခြဲျခား သတ္မွတ္ၿပီး ေနာက္ပိုင္းတြင္ ေရာင္းခ်ခြင့္ လိုင္စင္ ပိတ္သိမ္း သည္အထိ အေရးယူႏိုင္ရန္ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီး  ဌာနက ရည္ရြယ္ထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ကားအရောင်းပြခန်း ဖွင့်လှစ်ရန် လာရောက်လျှောက်ထားသူလျော့ကျခြင်းမရှိသော် လည်း စိစစ်ပြီးခွင့်ပြုနေသဖြင့် ဖွင့်လှစ်ခွင့်ချထားမှုလျော့လာသည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

   ‘‘လာလျှောက်တဲ့သူက လျော့မသွားပေမယ့် ဒီဘက်မှာ အကျယ်အဝန်း မြေနေရာတွေနဲ့ စည်းကမ်းတချို့တင်းကျပ်လိုက် တော့ လာလျှောက်တိုင်းလည်း မချပေးဘူး’’ ဟု အဆိုပါ ဌာန ဒုတိယ ညွှန်ကြားရေးမှူးက ဆို သည်။

လစဉ်  အရောင်းပြခန်းဖွင့် လှစ်ရန် လာရောက်လျှောက်ထား သည့် အရေအတွက်မှာ ငါးခုမှ ၁၀ ခုထက်မနည်းရှိသော်လည်း ပြန်လည်ခွင့်ပြုပေးနှုန်းမှာ တစ်လ လျှင် သုံးခုမှ ငါးခုအထိသာ အများဆုံးဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ က ရန်ကုန်တွင်သာ အများဆုံးဖွင့်လှစ်ရန် လာရောက် လျှောက်ထားသော်လည်း  ယခု  နောက်ပိုင်းတွင် မန္တလေး၊ နေပြည်တော်နှင့် အခြား   မြို့ကြီးများ၌  ဖွင့်လှစ်ရန် လျှောက်ထားမှုများပြားသည်ဟု ဆိုသည်။



ယခုနှစ်စက်တင်ဘာအထိ နောက်ဆုံးစာရင်းအရ ပြည်တွင်း တွင်ကားအရောင်းပြခန်း ၂၁ ခုနှင့်ကားအရောင်းစင်တာ ၂၅၀ ကျော်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ကားအရောင်း စင်တာအချို့က အပ်ကုန်စနစ်ဖြင့်မော်ဒယ်နိမ့် တင်သွင်းလာသော ကားများကို လိုင်စင်ကပ်ရောင်း ချနိုင်ခြင်းမရှိပါက မူလနိုင်ငံသို့ ပြန်လည်တင်ပို့ရမည်ဖြစ်ရာ ပိတ် သိမ်းရန် စီစဉ်နေသည့် အရောင်း စင်တာများရှိကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချသူများက ပြောသည်။

မော်တော်ယာဉ် တင်သွင်း ခြင်းနှင့်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက ထုတ် ပြန်ထားသည့် စည်းကမ်းသတ် မှတ်ချက်များ လိုက်နာမှုရှိ၊ မရှိ မော်တော်ယာဉ် အရောင်းပြခန်း နှင့် အရောင်းစင်တာများကို မြေ ပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ များဖြင့် လစဉ်စစ်ဆေးမှုများပြု လုပ်နေကြောင်း သိရသည်။

စည်းကမ်းနှင့်မညီသော အ ရောင်းပြခန်းများကို အဆင့်ခွဲခြား သတ်မှတ်ပြီး နောက်ပိုင်းတွင် ရောင်းချခွင့် လိုင်စင် ပိတ်သိမ်း သည်အထိ အရေးယူနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး  ဌာနက ရည်ရွယ်ထား သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top