Property Expo
×

အိႏၵိယႏိုင္ငံမွ အသက္ ၁၃ ႏွစ္အရြယ္ ကေလးငယ္တဦးဟာ ရွားပါးေရာဂါတမ်ိဳးေၾကာင့္ သူ႔ရဲ႕ ဦးေခါင္းဟာ ၁၈၀ ဒီဂရီေထာင့္ခ်ိဳးအတိုင္း တြဲေလာင္းက်ေနခဲ့ပါတယ္။
သူဟာ ကိုယ္တိုင္ထိုင္ႏိုင္ရံုကလြဲၿပီး အစာစားတာ၊ အေပါ့အေလးသြားတာ၊ မတ္ တပ္ရပ္တာ၊ လမ္းေလွ်ာက္တာေတြကအစ အကူအညီမပါပဲ မလုပ္ႏိုင္ခဲ့ပါဘူး။

မဟင္ျဒာအာဟိုင္၀ါအမည္ရတဲ့ အဲဒီကေလးငယ္ဟာ အိႏၵိယႏိုင္ငံ၊ မဒရာၿမိဳ႕မွာ မိသားစုနဲ႔ အတူေနထိုင္ေနတာပါ။

သူ႔ရဲ႕ လည္ပင္းမွ ႂကြက္သားေတြဟာ အားနည္းတဲ့အတြက္ ဦးေခါင္းဟာ ေထာင္ မတ္မထားႏိုင္ပဲ ခုလိုတြဲေလာင္းက်ေနခဲ့တာလို႔ ေဒးလီးေမးလ္သတင္းမွာ ေအာက္တုိ ဘာလ ၁၀ ရက္ေန႔က ေဖာ္ျပပါတယ္။

သူ႔ရဲ႕ အေၾကာင္းဟာ သတင္းစာမ်က္ႏွာေတြေပၚမွာ ေခါင္းစီးသတင္းေတြအေနနဲ႔ ပ်ံ႕ႏွံ႕ခဲ့ၿပီးေနာက္မွာေတာ့ မိုင္ေပါင္း ၄ ေထာင္ေလာက္အကြာအေ၀းရွိ လီဗာပူးလ္ၿမိဳ႕မွ ကေလး ၂ ဦးတို႔ရဲ႕ မိခင္ ဂ်ဴလီဂ်ဳန္းဟာ ခြဲစိတ္ရာမွာကူညီဖို႔ ၿဗိတိန္သံုးေပါင္ေငြ ၁၂၀၀၀ လွဴဒါန္းခဲ့ပါတယ္။

ဖခင္ျဖစ္သူ အသက္ ၄၁ ႏွစ္အရြယ္ မူခက္ရွ္က “ဒါဟာ တကယ့္ကို အံ့ၾသစရာပါပဲ။ သူဟာ ၾကည့္ေကာင္းပါတယ္။ သူ႔လည္ပင္းဟာ ေျဖာင့္တန္းသြားခဲ့ပါၿပီ။ ၿပီးေတာ့ သူ႔ဘ၀ဟာ ျခားနားသြားခဲ့ပါတယ္။ ျပန္ေကာင္းသြားၿပီဆိုေတာ့ ယံုၾကည္မႈရွိရွိနဲ႔ ေရွ႕ဆက္ ႏိုင္ပါလိမ့္မယ္။ က်ေနာ္တို႔လည္း ေပ်ာ္ရႊင္မိပါတယ္”လို႔ ေျပာပါတယ္။

မဟင္ျဒာဟာ ေမြးဖြားလာခ်ိန္တုန္းကေတာ့ သာမန္အတိုင္းေမြးဖြားလာခဲ့တာျဖစ္ၿပီး အသက္ႀကီးလာခ်ိန္မွာမွ သူ႕ရဲ႕ လည္ပင္းအရိုးေတြနဲ႔ ႂကြက္သားေတြ အားနည္းလာၿပီး ခုလိုလည္ပင္းဟာ ေကြးညြတ္သြားခဲ့တာလို႔ သတင္းက ဆိုပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကတည္းက သူ႔ကို အခ်ိန္ကာလရွည္ၾကာ ေဆးကုသမႈေတြ လုပ္ခဲ့ေပမယ့္လည္း ျပန္ေကာင္းမလာခဲ့ပဲ ဒီအေျခအေနနဲ႔ ေနသြားရမွာလို႔ ထင္ေန ခဲ့ၾကတာပါ။

မိဘေတြကေတာ့ ခုလိုျဖစ္ေနမယ့္အစား ေသသြားတာကမွ ပိုေကာင္းလိမ့္မယ္လို႔ ေတာင္ ေတြးမိခဲ့ၾကတယ္လို႔ ၀န္ခံေျပာဆိုလိုက္ပါတယ္။

သူ႔ကို ခြဲစိတ္ခဲ့တဲ့ ေဒလီၿမိဳ႕၊ အပိုလိုေဆးရံုမွ ေက်ာရိုးခြဲစိတ္ဆရာ၀န္ ေဒါက္တာ ရာဂ်ာဂိုပလန္ ခရစ္ရွ္နန္က “က်ေနာ္ မဟင္ျဒာကို ေတြ႔လိုက္ခ်ိန္မွာ ဘာလို႔မ်ား ၁၂ ႏွစ္ေလာက္ ဒီအေျခအေနကို လစ္လ်ဴရႈခဲ့ၾကပါလိမ့္ဆိုၿပီး အံ့ၾသမိပါတယ္။ သူ႕ရဲ႕ ဘ၀ မွာ ပိုမိုေကာင္းမြန္ေအာင္ျဖတ္သန္းႏိုင္ဖို႔ က်ေနာ့္ဘက္က ေသခ်ာပါတယ္။ ခုလို ကမၻာ ႀကီးကို ေျပာင္းျပန္ၾကည့္ေနရတာထက္ တည့္တည့္မတ္မတ္ၾကည့္ႏိုင္ေစဖို႔ေပါ့”လို႔ ေျပာပါတယ္။

ခုခ်ိန္မွာေတာ့ မဟင္ျဒာဟာ တျခားေသာ သက္တူရြယ္တူေကာင္ေလးေတြလို လြတ္လြတ္လပ္လပ္လႈပ္ရွားႏိုင္ၿပီး ေက်ာင္းသြားႏိုင္ခဲ့ကာ စာေရးသင္ေနခဲ့ပါၿပီ။

ဒါေပမယ့္ သူ႕ရဲ႕ အေျခအေနကိုေတာ့ ၃ လတႀကိမ္ တိုးတက္ေကာင္းမြန္လာမႈ ရွိမ ရွိ ေဆးစစ္မႈေတြ ပံုမွန္လုပ္ေဆာင္သြားရဦးမွာျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB


#Unicode Version
အိန္ဒိယနိုင်ငံမှ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးဟာ ရှားပါးရောဂါတမျိုးကြောင့် သူ့ရဲ့ ဦးခေါင်းဟာ ၁၈၀ ဒီဂရီထောင့်ချိုးအတိုင်း တွဲလောင်းကျနေခဲ့ပါတယ်။
သူဟာ ကိုယ်တိုင်ထိုင်နိုင်ရုံကလွဲပြီး အစာစားတာ၊ အပေါ့အလေးသွားတာ၊ မတ် တပ်ရပ်တာ၊ လမ်းလျှောက်တာတွေကအစ အကူအညီမပါပဲ မလုပ်နိုင်ခဲ့ပါဘူး။

မဟင်ဒြာအာဟိုင်ဝါအမည်ရတဲ့ အဲဒီကလေးငယ်ဟာ အိန္ဒိယနိုင်ငံ၊ မဒရာမြို့မှာ မိသားစုနဲ့ အတူနေထိုင်နေတာပါ။

သူ့ရဲ့ လည်ပင်းမှ ကြွက်သားတွေဟာ အားနည်းတဲ့အတွက် ဦးခေါင်းဟာ ထောင် မတ်မထားနိုင်ပဲ ခုလိုတွဲလောင်းကျနေခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ အောက်တို ဘာလ ၁၀ ရက်နေ့က ဖော်ပြပါတယ်။

သူ့ရဲ့ အကြောင်းဟာ သတင်းစာမျက်နှာတွေပေါ်မှာ ခေါင်းစီးသတင်းတွေအနေနဲ့ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ မိုင်ပေါင်း ၄ ထောင်လောက်အကွာအဝေးရှိ လီဗာပူးလ်မြို့မှ ကလေး ၂ ဦးတို့ရဲ့ မိခင် ဂျူလီဂျုန်းဟာ ခွဲစိတ်ရာမှာကူညီဖို့ ဗြိတိန်သုံးပေါင်ငွေ ၁၂၀၀၀ လှူဒါန်းခဲ့ပါတယ်။

ဖခင်ဖြစ်သူ အသက် ၄၁ နှစ်အရွယ် မူခက်ရှ်က “ဒါဟာ တကယ့်ကို အံ့သြစရာပါပဲ။ သူဟာ ကြည့်ကောင်းပါတယ်။ သူ့လည်ပင်းဟာ ဖြောင့်တန်းသွားခဲ့ပါပြီ။ ပြီးတော့ သူ့ဘဝဟာ ခြားနားသွားခဲ့ပါတယ်။ ပြန်ကောင်းသွားပြီဆိုတော့ ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက် နိုင်ပါလိမ့်မယ်။ ကျနော်တို့လည်း ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။

မဟင်ဒြာဟာ မွေးဖွားလာချိန်တုန်းကတော့ သာမန်အတိုင်းမွေးဖွားလာခဲ့တာဖြစ်ပြီး အသက်ကြီးလာချိန်မှာမှ သူ့ရဲ့ လည်ပင်းအရိုးတွေနဲ့ ကြွက်သားတွေ အားနည်းလာပြီး ခုလိုလည်ပင်းဟာ ကွေးညွတ်သွားခဲ့တာလို့ သတင်းက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက သူ့ကို အချိန်ကာလရှည်ကြာ ဆေးကုသမှုတွေ လုပ်ခဲ့ပေမယ့်လည်း ပြန်ကောင်းမလာခဲ့ပဲ ဒီအခြေအနေနဲ့ နေသွားရမှာလို့ ထင်နေ ခဲ့ကြတာပါ။

မိဘတွေကတော့ ခုလိုဖြစ်နေမယ့်အစား သေသွားတာကမှ ပိုကောင်းလိမ့်မယ်လို့ တောင် တွေးမိခဲ့ကြတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

သူ့ကို ခွဲစိတ်ခဲ့တဲ့ ဒေလီမြို့၊ အပိုလိုဆေးရုံမှ ကျောရိုးခွဲစိတ်ဆရာဝန် ဒေါက်တာ ရာဂျာဂိုပလန် ခရစ်ရှ်နန်က “ကျနော် မဟင်ဒြာကို တွေ့လိုက်ချိန်မှာ ဘာလို့များ ၁၂ နှစ်လောက် ဒီအခြေအနေကို လစ်လျူရှုခဲ့ကြပါလိမ့်ဆိုပြီး အံ့သြမိပါတယ်။ သူ့ရဲ့ ဘ၀ မှာ ပိုမိုကောင်းမွန်အောင်ဖြတ်သန်းနိုင်ဖို့ ကျနော့်ဘက်က သေချာပါတယ်။ ခုလို ကမ္ဘာ ကြီးကို ပြောင်းပြန်ကြည့်နေရတာထက် တည့်တည့်မတ်မတ်ကြည့်နိုင်စေဖို့ပေါ့”လို့ ပြောပါတယ်။

ခုချိန်မှာတော့ မဟင်ဒြာဟာ တခြားသော သက်တူရွယ်တူကောင်လေးတွေလို လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ပြီး ကျောင်းသွားနိုင်ခဲ့ကာ စာရေးသင်နေခဲ့ပါပြီ။

ဒါပေမယ့် သူ့ရဲ့ အခြေအနေကိုတော့ ၃ လတကြိမ် တိုးတက်ကောင်းမွန်လာမှု ရှိမ ရှိ ဆေးစစ်မှုတွေ ပုံမှန်လုပ်ဆောင်သွားရဦးမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top