Property Expo
×

ဒီသတင္းေလးကို ဖတ္ျပီးေတာ့ အျမင္ေလးတစ္ခုကုိေျပာခ်င္လို႔ ေရးျဖစ္သြားတာပါ။ ေခတ္ရဲ႕ေျပာင္းလဲလာမႈေတြက လူေတြကို တကယ့္ေမတၱာစစ္ကို မခံစားတတ္ေတာ့ေအာင္ ေျပာင္းလဲေစျပီလား။ အခ်စ္ဆိုတာကို အပၚယံခံစားရုံသက္သက္အျဖစ္ပဲျမင္လာၾကျပီး သံေယာဇဥ္ေတြ၊ အၾကင္နာေတြနဲ႔ စာနာစိတ္ေတြကို ေငြနဲ႔ပဲ ဖန္တီးျပီး လုပ္ယူလုိ႔ရတယ္လို႔ ျမင္ၾကတဲ့ ေခတ္မ်ဳိးျဖစ္လာေနျပီလားဆုိတာကို ေတြးမိျပီး သတင္းေလးကို ေျပာျပေပးခ်င္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ေဆာ့ဖ္ဝဲလ္ပညာရွင္ေဟာင္းတစ္ဦးျဖစ္တဲ့ Ben ဆုိတဲ့ အမ်ဳိးသားတစ္ေယာက္က ရည္းစားေကာင္မေလး ကိုယ့္ကို စာေတြပို႔သေယာင္ခံစားဖို႔သက္သက္အတြက္ တစ္ႏွစ္ကို ေပါင္ ၁၀၀၀ ေက်ာ္သုံးေလ့ရွိတယ္လုိ႔ ေျပာျပခဲ့ပါတယ္။ Ben က သူ႔ဆီကုိ ဓာတ္ပုံေလးေတြ၊ မက္ေဆ့ခ်္ေတြနဲ႔ အီးေမးလ္ေတြ ပုိ႔ေပးဖို႔အတြက္ သူတစ္ခါမွ် စကားေတာင္မေျပာဘူးတဲ့ အမ်ဳိးသမီးတစ္ဦးကို တစ္လ ေဒၚလာ ၁၀၀( ၈၁ ေပါင္)ေပးျပီး ငွားရမ္းထားပါတယ္။ မေကာင္းတဲ့ ညစ္ညမ္းပုံေတြ၊ စာေတြ မဟုတ္သလုိ သူမ်ားျမင္ေအာင္၊ အထင္ၾကီးေအာင္လည္း မဟုတ္ဘဲ သူတစ္ေယာက္တည္းေတြ႔ႏုိင္တဲ့ ခ်စ္သူရည္းစားပတ္သက္မႈလို စာေတြ၊ ပုံေလးေတြ အျပန္အလွန္ေပးပို႔ၾကတာပဲ ျဖစ္ပါတယ္။

မနက္ပိုင္းဆုိရင္ ေမာနင္းေဘဘီ ဆိုတဲ့ မက္ေဆ့ခ်္ေလးေတြ၊ ေကာင္မေလးက အလုပ္ထဲမွာ ဘာေတြလုပ္ေနတယ္ဆုိတာမ်ဳိးေတြ၊ ေကာင္မေလးေနမေကာင္းဘူးဆုိရင္လည္း သူေခါင္းကိုက္ေနတယ္၊ ပါတီပြဲတစ္ခုခုသြားေတာ့မယ္ဆုိရင္လည္း မက္ေဆ့ခ်္ေလးပို႔ျပီး အသိေပးတာမ်ဳိးေတြ ျဖစ္ပါတယ္။ ဒါက ပုံမွန္ရည္းစားေတြလုပ္ေလ့ရွိတဲ့ အရာမ်ဳိးေတြပါ။ ဒါေပမဲ့ Ben ကေတာ့ အလုပ္အရမ္းရႈပ္တယ္လို႔ ခံစားရတဲ့အတြက္ သာမန္သမီးရည္းစားဘဝမ်ဳိးကုိ ဆႏၵမရွိေပမဲ့ ပုံမွန္ျဖစ္တယ္လို႔ ခံစားရခ်င္တဲ့အတြက္ ဒီလိုငွားရမ္းထားျခင္းျဖစ္ေၾကာင္းေျပာျပပါတယ္။

ေနာက္ျပီးေကာင္မေလးဘက္ကပဲ စာေတြပို႔ေနတဲ့ပုံစံမဟုတ္ဘဲ Ben ဘက္ကေနလည္း သူ႔ဆီကို စာေတြ၊ အလုပ္ထဲမွာၾကဳံရတဲ့ အေၾကာင္းအရာေလးေတြကိုလည္း ျပန္ပို႔ေလ့ရွိပါတယ္တဲ့။ ဒီလုိမ်ဳိးလုပ္တာက အစပိုင္းမွာေတာ့ ထူးဆန္းသလုိျဖစ္ေနေပမဲ့ ေနာက္ပုိင္းမွာေတာ့ ပုံမွန္လုိပဲ ခံစားခ်က္ရွိတဲ့ လူတစ္ေယာက္ပုံစံမ်ဳိး ေလးပဲ ခံစားရပါတယ္လို႔ ေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ဒီသတင်းလေးကို ဖတ်ပြီးတော့ အမြင်လေးတစ်ခုကိုပြောချင်လို့ ရေးဖြစ်သွားတာပါ။ ခေတ်ရဲ့ပြောင်းလဲလာမှုတွေက လူတွေကို တကယ့်မေတ္တာစစ်ကို မခံစားတတ်တော့အောင် ပြောင်းလဲစေပြီလား။ အချစ်ဆိုတာကို အပါ်ယံခံစားရုံသက်သက်အဖြစ်ပဲမြင်လာကြပြီး သံယောဇဉ်တွေ၊ အကြင်နာတွေနဲ့ စာနာစိတ်တွေကို ငွေနဲ့ပဲ ဖန်တီးပြီး လုပ်ယူလို့ရတယ်လို့ မြင်ကြတဲ့ ခေတ်မျိုးဖြစ်လာနေပြီလားဆိုတာကို တွေးမိပြီး သတင်းလေးကို ပြောပြပေးချင်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဆော့ဖ်ဝဲလ်ပညာရှင်ဟောင်းတစ်ဦးဖြစ်တဲ့ Ben ဆိုတဲ့ အမျိုးသားတစ်ယောက်က ရည်းစားကောင်မလေး ကိုယ့်ကို စာတွေပို့သယောင်ခံစားဖို့သက်သက်အတွက် တစ်နှစ်ကို ပေါင် ၁၀၀၀ ကျော်သုံးလေ့ရှိတယ်လို့ ပြောပြခဲ့ပါတယ်။ Ben က သူ့ဆီကို ဓာတ်ပုံလေးတွေ၊ မက်ဆေ့ချ်တွေနဲ့ အီးမေးလ်တွေ ပို့ပေးဖို့အတွက် သူတစ်ခါမျှ စကားတောင်မပြောဘူးတဲ့ အမျိုးသမီးတစ်ဦးကို တစ်လ ဒေါ်လာ ၁၀၀( ၈၁ ပေါင်)ပေးပြီး ငှားရမ်းထားပါတယ်။ မကောင်းတဲ့ ညစ်ညမ်းပုံတွေ၊ စာတွေ မဟုတ်သလို သူများမြင်အောင်၊ အထင်ကြီးအောင်လည်း မဟုတ်ဘဲ သူတစ်ယောက်တည်းတွေ့နိုင်တဲ့ ချစ်သူရည်းစားပတ်သက်မှုလို စာတွေ၊ ပုံလေးတွေ အပြန်အလှန်ပေးပို့ကြတာပဲ ဖြစ်ပါတယ်။

မနက်ပိုင်းဆိုရင် မောနင်းဘေဘီ ဆိုတဲ့ မက်ဆေ့ချ်လေးတွေ၊ ကောင်မလေးက အလုပ်ထဲမှာ ဘာတွေလုပ်နေတယ်ဆိုတာမျိုးတွေ၊ ကောင်မလေးနေမကောင်းဘူးဆိုရင်လည်း သူခေါင်းကိုက်နေတယ်၊ ပါတီပွဲတစ်ခုခုသွားတော့မယ်ဆိုရင်လည်း မက်ဆေ့ချ်လေးပို့ပြီး အသိပေးတာမျိုးတွေ ဖြစ်ပါတယ်။ ဒါက ပုံမှန်ရည်းစားတွေလုပ်လေ့ရှိတဲ့ အရာမျိုးတွေပါ။ ဒါပေမဲ့ Ben ကတော့ အလုပ်အရမ်းရှုပ်တယ်လို့ ခံစားရတဲ့အတွက် သာမန်သမီးရည်းစားဘဝမျိုးကို ဆန္ဒမရှိပေမဲ့ ပုံမှန်ဖြစ်တယ်လို့ ခံစားရချင်တဲ့အတွက် ဒီလိုငှားရမ်းထားခြင်းဖြစ်ကြောင်းပြောပြပါတယ်။

နောက်ပြီးကောင်မလေးဘက်ကပဲ စာတွေပို့နေတဲ့ပုံစံမဟုတ်ဘဲ Ben ဘက်ကနေလည်း သူ့ဆီကို စာတွေ၊ အလုပ်ထဲမှာကြုံရတဲ့ အကြောင်းအရာလေးတွေကိုလည်း ပြန်ပို့လေ့ရှိပါတယ်တဲ့။ ဒီလိုမျိုးလုပ်တာက အစပိုင်းမှာတော့ ထူးဆန်းသလိုဖြစ်နေပေမဲ့ နောက်ပိုင်းမှာတော့ ပုံမှန်လိုပဲ ခံစားချက်ရှိတဲ့ လူတစ်ယောက်ပုံစံမျိုး လေးပဲ ခံစားရပါတယ်လို့ ပြောပြခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top