Property Expo
×

အႏုပညာသက္တမ္း ၂၆ ႏွစ္နီပါးရွီေနၿပီျဖစ္တဲ့ ျပည့္သူအခ်စ္ေတာ္မင္းသမီး လင္းဇာနည္ေဇာ္က ၾကားထဲမွာေတာ့ ဇာတ္လမ္းတိုအခ်ိဳ႕ကိုသာ ရုိက္ကူးျပီး ပရဟိတအလုပ္ေတြနဲ႕ အျခားစီးပြားေရးဘက္ကုိ ပိုအသားေပးလုပ္ေဆာင္ေနခဲ့တာပါ။ စီးပြားေရးအေနနဲ႕ Lin Fashion Palace ဆိုတဲ့ ဆိုင္ေလးကို သူ႕ျခံထဲမွာ တႏိုင္တပုိင္ဖြင့္ထားတာလည္း အားလံုးသိျပီးသားျဖစ္မွာပါ။ ခုခ်ိန္မွာေတာ့ လင္းဇာနည္ေဇာ္ဟာ အျခားေသာ စီးပြားေရးလုပ္ငန္းေတြကို ေလ့လာရင္း တစ္ဖက္မွာလည္း သူမကိုခ်စ္တဲ့ ပရိသတ္ေတြနဲ႕ ျပန္လည္ထိေတြ႕ႏိုင္ဖုိ႕အတြက္ ဇာတ္ကားေတြကို ရိုက္ကူးေတာ့မယ္လို႕ သိရပါတယ္။  ဒါ့ေၾကာင့္ သူမ ပါ၀င္တဲ့ဇာတ္ကားရိုက္ကြင္း ရွိရာကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါမွာေတာ့

-ကားမရိုက္တာၾကာၿပီဆိုေတာ့ အခုမွျပန္လည္ရိုက္ကူးျဖစ္တဲ့အေၾကာင္းေလးကို ေျပာျပေပးပါဦး။

ကားကမရုိက္တာၾကာၿပီ။ ခဏေလးနားထားတယ္ဆိုတာ အျပင္အလုပ္ကေလးေတြလဲ လုပ္ေနတဲ့အခါက်ေတာ့ အႏုပညာအလုပ္ကုိ အၿပီးျဖတ္တာေတာ့ မဟုတ္ဘူး။ ကုိယ္နဲ႕လုိက္ဖက္တဲ့ ဇာတ္ေလးေတြလဲ သိပ္မရွိတဲ့အခါက်ေတာ့ မရုိက္ျဖစ္တာပါ။ အခုျပန္ရုိက္တယ္ဆိုတာကလဲ ကုိစတီးလ္က လာေျပာတဲ့အခါ အစ္မနဲ႕လဲလိုက္တယ္ထင္လို႕ ရုိက္ျဖစ္ခဲ့တာပါ။ ကားနာမည္ေလးက အမွ် အမွ်တဲ့။ မိခင္ေမတၱာကားေလးေပါ့။ အစ္မက အဲ့ဒီထဲမွာ ၀ိဥာဥ္ ကာရိုက္တာေလးပါ။

-မရုိက္တာၾကာၿပီဆိုေတာ့ ျပန္ရုိက္တဲ့အခ်ိန္မွာေရာ ဘာအမွတ္တရေတြရွိလဲ။

အမွတ္တရရယ္ မဟုတ္ပါဘူး။ အူ၀ဲတို႕ဆုိရင္လဲ ဟိုးအရင္ကတည္းကရင္းႏွီးခဲ့တဲ့လူေတြေပါ့။ ကိုခန္႕တို႕ေရာပဲေလ။ အခုအသစ္ေတြထက္စာရင္ ကိုယ့္အခ်င္းခ်င္းအရင္လူေတြနဲ႕အလုပ္ျပန္တြဲလုပ္ရတဲ့အတြက္အဆင္လဲေျပပါတယ္။ ေပ်ာ္ဖို႕လဲေကာင္းပါတယ္။

-အေရွ႕မွာ ခရီးေတြလဲ ေတာက္ေလွ်ာက္သြားျဖစ္တာေတြ႕ရတယ္ေနာ္။

အဓိကက အစ္မကစီးပြားေရးကိုလုပ္ခ်င္တာ ညီမရယ္၊ ဒါေပမဲ့ အႏုပညာသမားျဖစ္တဲ့အတြက္ စီးပြားေရးနဲ႕က အရမ္းကုိစိမ္းတယ္။ အဲ့ဒါေၾကာင့္မို႕လို႕ေလ့လာေနတုန္းပဲရွိပါေသးတယ္။

-အေရွ႕မွာ ပုဂံဘုရားေတြနဲ႕ပတ္သက္ၿပီး သြားလွဴတာမ်ိဳးလဲေတြ႕ရတယ္ေနာ္။

အစ္မတို႕ကေရႊသံလြင္ ဂီတေဖာင္ေဒးရွင္း က ကို၀င္းေမာ္ဦးေဆာင္ၿပီး ဂီတေဖာင္ေဒးရွင္းေလးတစ္ခုေထာင္ထားတယ္။ ပုဂံကုိ မသြားခင္တုန္းက အစ္မတို႕က်ိဳက္ထိုမွာရွိတဲ့ ဆိပ္ဖူးေတာင္ ပရဟိတဘုန္းေတာ္ၾကီးေက်ာင္းမွာ အဲ့ဒီေဖာင္ေဒးရွင္းနဲ႕အတူ သီခ်င္းသြားဆိုျဖစ္တယ္။ အဲ့ဒီက ဘုန္းဘုန္းၾကီးနဲ႕အစ္မတို႕ေဖာင္ေဒးရွင္းနဲ႕ေပါင္းၿပီးေတာ့ ပုဂံဘုရားေတြအတြက္ကိုသြားလွဴျဖစ္ခဲ့တာပါ။

-ျပင္ဦးလြင္သြားတာကေရာ ဘာေၾကာင့္မ်ားလဲ။

အဲ့ဒီမွာက Famous ဟိုတယ္ရွိတယ္။ အဲ့ဒီဟိုတယ္နဲ႕အစ္မတို႕နဲ႕ကမိသားစုလိုျဖစ္ေနတဲ့အခါက်ေတာ့ အလုပ္လုပ္ျဖစ္တာ မလုပ္ျဖစ္တာထက္ကို အစ္မကဟိုတယ္လုပ္ငန္းအေၾကာင္း နားလည္ခ်င္လို႕ကိုအကုန္လံုးကုိ လိုက္ၿပီးေလ့လာျဖစ္တာပါ။

-နယ္ရိႈးေတြသြားတဲ့အခါမွာေရာ ပရဟတနဲ႕ပတ္သက္ဆက္ႏြယ္ၿပီးပဲသြားျဖစ္တာလား။

အစ္မက ဘုရားပြဲတို႕အလွဴပြဲတို႕ဆို လိုက္ၿပီးဆိုေပးပါတယ္။ ၿပီးခဲ့တုန္းကလဲ ပုဂံကုိသြားတာ ပခုကၠဴပြဲသြားဆိုရင္းနဲ႕ပုဂံကို၀င္ခဲ့တာပါ။

-Linn Fashion Palace ကေရာ အေျခအေနဘယ္လိုရွိလဲ။

မဆိုးဘူးလို႕ပဲေျပာရမွာေပါ့။ အေအာင္ျမင္ၾကီးလို႕လဲမေျပာႏုိင္သလို မဆိုးဘူးေပါ့။ အသင့္အတင့္ပါပဲ။ ဘာလို႕လဲဆိုေတာ့ အစ္မအလုပ္က ဟိုဟာေရာဒီဟာေရာစံုေနတယ္။ လူကလဲတစ္ေယာက္တည္းဆိုေတာ့ ဆုိင္ကိုအရမ္းမၾကပ္မတ္ႏုိင္ေသးဘူးျဖစ္ေနတယ္။ ဒီကားၾကီးၿပီးသြားရင္ေတာ့ ဆိုင္အတြက္ကို အစ္မခရီးထြက္မယ္။ ၿပီးသြားရင္ဆုိင္ကိစၥေလးေတြျပန္လံုးပန္းဦးမွာပါ။ ကုိယ္ပဲဆုိင္ရွင္ကိုယ္ပဲ၀န္ထမ္းျဖစ္ေနတာေပါ့။

-ဆိုင္အတြက္ဘယ္လိုသြားျဖစ္မလဲ။

ဘန္ေကာက္ကလဲယူတယ္။ ၾသစေၾတးလ်ကလဲယူတယ္။ ဘန္ေကာက္က ပစၥည္းေလးအခ်ိဳ႕ ထပ္ျဖည့္စရာရွိတယ္။ ၾသစေတးလ်ကပစၥည္းေတြကေတာ့ သမီးကိုမွာတယ္ေပါ့။

-သမီးေလးကတစ္ဆင့္မွာတယ္ဆိုေတာ့ ဆုိင္နဲ႕ပတ္သက္ၿပီး သမီးဆီကအၾကံဥာဏ္ယူျဖစ္တာမ်ိဳးေရာရွိလား။

အခုဟာက အစ္မၾသစေၾတးလ်က်တာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ ခဏခဏ ေရွာ့ပင္းမထြက္ႏုိင္ဘူး။ စရိတ္စကနဲ႕ကအဆင္မေျပဘူး။ အဲ့ဒါေၾကာင့္ ၾသစေၾတးလ်ကပစၥည္းေတြက်ေတာ့ သမီးကိုပဲမွာလိုက္တယ္။ သမီးကပဲဟိုကေနပို႕ေပးတယ္ေပါ့။

-သမီးေလးကေရာ အႏုပညာဖက္ကို၀ါသနာပါတာမ်ိဳးရွိလား။

၀ါသနာပါတယ္ညီမ။ ဒါေပမဲ့အခုေလာေလာဆယ္ကေတာ့ အစ္မသူ႕ကိုေက်ာင္းကိုပဲ တက္ခုိင္းထားတယ္။ ေက်ာင္းၿပီးသြားတဲ့အခါမွာေတာ့ သူ၀ါသနာပါရာကိုပံ့ပိုးေပးရမွာေပါ့။

-သူကေရာဟိုမွာဘာေက်ာင္းတက္ေနတာလဲ။

Business နဲ႕ပတ္သက္တာပဲ တက္ေနတာပါ။ သူဟိုမွာေက်ာင္းတက္ေနတာ တစ္ႏွစ္ခြဲေက်ာ္ၿပီေပါ့။ သူစတက္တုန္းက ၁၈ ႏွစ္မျပည့္ေသးဘူး။ အဲ့ဒါေၾကာင့္ စတက္ခါစတုန္းက သူနဲ႕လုိက္သြားတယ္။ သံုးလေလာက္ေနျဖစ္တယ္။ သူနဲ႕ေနၿပီးျပန္လာေတာ့မွ အလုပ္ျပန္လုပ္ျဖစ္တာေပါ့။ ၾကားထဲမွာေတာ့ ထပ္မသြားျဖစ္ေတာ့ဘူး။ ဒါေပမဲ့ သမီးကေတာ့ ေက်ာင္းပိတ္ရင္ျပန္ျပန္လာတယ္။ အခုဒီဇင္ဘာေက်ာင္းပိတ္ရင္လဲ လာဦးမွာပါ။

-အခုအစ္မကကားျပန္ရုိက္ေနၿပီဆိုေတာ့ ပရိသတ္ကလဲ အစ္မရဲ႕ကားေလးေတြကိုဆက္တုိက္ဆိုသလို ျပန္ေမွ်ာ္ေနၾကတာမ်ိဳးရွိတယ္ေလ။ အဲ့ဒါေၾကာင့္ဒီကားအၿပီးမွာေရာ အႏုပညာနဲ႕ပတ္သက္ၿပီး ဘယ္လိုမ်ားဆက္လုပ္ျဖစ္ဦးမလဲ။

အမွန္အတုိင္းေျပာရရင္ အႏုပညာသမားက အႏုပညာအလုပ္ပဲ လုပ္တတ္တာေပါ့ေနာ္။ ကိုယ္ကုိတုိင္၀ါသနာလဲပါတယ္။ ကုိယ္ၾကီးျပင္းခဲ့တာလဲ အႏုပညာေလာကထဲမွာပဲဆိုေတာ့ ဒီအလုပ္နဲ႕ကေတာ့ ပိုၿပီးအဆင္ေျပတယ္။ အဲ့ဒါေၾကာင့္ဒီအလုပ္ကိုပဲ လုပ္ခ်င္ပါတယ္။ ဒါေပမဲ့လဲ အႏုပညာအလုပ္ဆုိတာက အျမဲတမ္းတည္ျမဲတာ မဟုတ္ဘူး။ အတက္အက်ရွိတယ္ဆိုေတာ့ အႏုပညာအလုပ္တစ္ခုတည္းကိုပဲ ဦးစားေပးလို႕မျဖစ္ဘူး။ ၀မ္းစာကလဲရွိေသးတယ္ဆိုေတာ့ေလ။ ေနာက္ၿပီးကိုယ္က ဆက္တိုက္ရုိက္ခ်င္တယ္ဆိုေသာ္ျငားလဲ ကုိယ့္ကိုလာငွားတဲ့သူက ရွိဦးမွေလ။ လာငွားတယ္ဆိုဦးေတာ့ ဇာတ္ကကိုယ္နဲ႕လိုက္ဖက္ဦးမွဆိုတဲ့အခါက်ေတာ့ အခုခ်ိန္မွာအစ္မတို႕ကအသက္အရြယ္လဲရွိေနၿပီဆိုေတာ့ ဇာတ္တုိင္းနဲ႕ကေတာ့ မလုိက္ဖက္ဘူး။ အဲ့ဒါေၾကာင့္ ကုိယ့္ကုိလဲလာငွားၿပီးကိုယ္နဲ႕လဲလိုက္ဖက္မယ္ဆိုရင္ေတာ့ ဘယ္သူ႕ကိုမဆို Welcome ပါလို႕ ။ အႏုပညာအလုပ္ကေတာ့ မေသမခ်င္းကေတာ့လုပ္ေနဦးမွာပါပဲ။ လုပ္ခ်င္ေနေသးတာပါပဲ။

-သမီးေလးကေရာ ကားရိုက္တစ္ခုတည္းကိုပဲ၀ါသနာပါတာလား။

သူက ဓာတ္ပံုရိုက္တာေရာ၊ ကားရိုက္တာေရာ ၀ါသနာပါတယ္။ မ်ိဳးရိုးေတာ့လုိက္တယ္နဲ႕တူပါတယ္။ သူ၀ါသနာပါတဲ့ဟာကိုပံ့ပိုးေပးမယ္။ ကေလးရဲ႕စိတ္ကေတာ့ အခုခ်ိန္ထိမျငိမ္သက္ေသးဘူးေပါ့။ အရင္တုန္းကဆိုရင္ အိမ္မွာေနတုန္းက ေက်ာင္းစာထက္အႏုပညာကိုအရမ္းလုပ္ခ်င္ခဲ့တယ္။ အစ္မကလဲ ပညာေရးတစ္ပိုင္းတစ္စနဲ႕ဒီဖက္ကိုေရာက္လာမွာစိုးလို႕အျမန္ဆံုးဟိုဖက္ကိုလႊတ္လိုက္တာေပါ့။ ၁၈ႏွစ္ေတာင္မျပည့္ေသးဘူး။ ဒါေပမဲ့ဟိုမွာေက်ာင္းလဲတက္ေရာ သူ႕ေခါင္းထဲမွာ အႏုပညာထက္စီးပြားေရးကပိုေနရာယူေနျပန္ေရာ။ ကေလးစိတ္ဆိုေတာ့ မျငိမ္ဘူးေပါ့။ ဘြဲ႕ရၿပီးတဲ့အခ်ိန္မွာေတာ့ သူဘယ္လုိစိတ္ေျပာင္းမလဲေပါ့။ အဲ့ဒီအေပၚမွာအစ္မက အတတ္ႏုိင္ဆံုးပံ႔ပိုးေပးမွာပါ။

-အစ္မကိုအားေပးေနတဲ့ပရိသတ္ၾကီးကိုေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

စီးပြားေရးကလဲ ၀မ္းစာျဖစ္ေနတဲ့အတြက္ေၾကာင့္ မျဖစ္မေနရွာရမဲ့အရြယ္ကိုေရာက္ေနၿပီ။ အႏုပညာကလဲ ၀ါသနာျဖစ္ေနတဲ့အတြက္ေၾကာင့္ ဘယ္ေတာ့မွ ေတာ့ အနုပညာအလုပ္ကိုစြန္႕လႊတ္မွာမဟုတ္ဘူး။ ရသေလာက္ေနရာမွာ ရသေရြ႕ေတာ့ လုပ္သြားမယ္။ အဲ့ဒါေၾကာင့္ အႏုပညာနဲ႕ပတ္သက္ၿပီးဘာေလးပဲ လုပ္လုပ္အားေပးပါ။ အႏုပညာကိုအားေပးသလို စီးပြားေရးကုိလဲအားေပးပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

အနုပညာသက်တမ်း ၂၆ နှစ်နီပါးရှီနေပြီဖြစ်တဲ့ ပြည့်သူအချစ်တော်မင်းသမီး လင်းဇာနည်ဇော်က ကြားထဲမှာတော့ ဇာတ်လမ်းတိုအချို့ကိုသာ ရိုက်ကူးပြီး ပရဟိတအလုပ်တွေနဲ့ အခြားစီးပွားရေးဘက်ကို ပိုအသားပေးလုပ်ဆောင်နေခဲ့တာပါ။ စီးပွားရေးအနေနဲ့ Lin Fashion Palace ဆိုတဲ့ ဆိုင်လေးကို သူ့ခြံထဲမှာ တနိုင်တပိုင်ဖွင့်ထားတာလည်း အားလုံးသိပြီးသားဖြစ်မှာပါ။ ခုချိန်မှာတော့ လင်းဇာနည်ဇော်ဟာ အခြားသော စီးပွားရေးလုပ်ငန်းတွေကို လေ့လာရင်း တစ်ဖက်မှာလည်း သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့ ပြန်လည်ထိတွေ့နိုင်ဖို့အတွက် ဇာတ်ကားတွေကို ရိုက်ကူးတော့မယ်လို့ သိရပါတယ်။  ဒါ့ကြောင့် သူမ ပါဝင်တဲ့ဇာတ်ကားရိုက်ကွင်း ရှိရာကို သွားရောက်မေးမြန်းဖြစ်တဲ့အခါမှာတော့

-ကားမရိုက်တာကြာပြီဆိုတော့ အခုမှပြန်လည်ရိုက်ကူးဖြစ်တဲ့အကြောင်းလေးကို ပြောပြပေးပါဦး။

ကားကမရိုက်တာကြာပြီ။ ခဏလေးနားထားတယ်ဆိုတာ အပြင်အလုပ်ကလေးတွေလဲ လုပ်နေတဲ့အခါကျတော့ အနုပညာအလုပ်ကို အပြီးဖြတ်တာတော့ မဟုတ်ဘူး။ ကိုယ်နဲ့လိုက်ဖက်တဲ့ ဇာတ်လေးတွေလဲ သိပ်မရှိတဲ့အခါကျတော့ မရိုက်ဖြစ်တာပါ။ အခုပြန်ရိုက်တယ်ဆိုတာကလဲ ကိုစတီးလ်က လာပြောတဲ့အခါ အစ်မနဲ့လဲလိုက်တယ်ထင်လို့ ရိုက်ဖြစ်ခဲ့တာပါ။ ကားနာမည်လေးက အမျှ အမျှတဲ့။ မိခင်မေတ္တာကားလေးပေါ့။ အစ်မက အဲ့ဒီထဲမှာ ဝိဉာဉ် ကာရိုက်တာလေးပါ။

-မရိုက်တာကြာပြီဆိုတော့ ပြန်ရိုက်တဲ့အချိန်မှာရော ဘာအမှတ်တရတွေရှိလဲ။

အမှတ်တရရယ် မဟုတ်ပါဘူး။ အူဝဲတို့ဆိုရင်လဲ ဟိုးအရင်ကတည်းကရင်းနှီးခဲ့တဲ့လူတွေပေါ့။ ကိုခန့်တို့ရောပဲလေ။ အခုအသစ်တွေထက်စာရင် ကိုယ့်အချင်းချင်းအရင်လူတွေနဲ့အလုပ်ပြန်တွဲလုပ်ရတဲ့အတွက်အဆင်လဲပြေပါတယ်။ ပျော်ဖို့လဲကောင်းပါတယ်။

-အရှေ့မှာ ခရီးတွေလဲ တောက်လျှောက်သွားဖြစ်တာတွေ့ရတယ်နော်။

အဓိကက အစ်မကစီးပွားရေးကိုလုပ်ချင်တာ ညီမရယ်၊ ဒါပေမဲ့ အနုပညာသမားဖြစ်တဲ့အတွက် စီးပွားရေးနဲ့က အရမ်းကိုစိမ်းတယ်။ အဲ့ဒါကြောင့်မို့လို့လေ့လာနေတုန်းပဲရှိပါသေးတယ်။

-အရှေ့မှာ ပုဂံဘုရားတွေနဲ့ပတ်သက်ပြီး သွားလှူတာမျိုးလဲတွေ့ရတယ်နော်။

အစ်မတို့ကရွှေသံလွင် ဂီတဖောင်ဒေးရှင်း က ကိုဝင်းမော်ဦးဆောင်ပြီး ဂီတဖောင်ဒေးရှင်းလေးတစ်ခုထောင်ထားတယ်။ ပုဂံကို မသွားခင်တုန်းက အစ်မတို့ကျိုက်ထိုမှာရှိတဲ့ ဆိပ်ဖူးတောင် ပရဟိတဘုန်းတော်ကြီးကျောင်းမှာ အဲ့ဒီဖောင်ဒေးရှင်းနဲ့အတူ သီချင်းသွားဆိုဖြစ်တယ်။ အဲ့ဒီက ဘုန်းဘုန်းကြီးနဲ့အစ်မတို့ဖောင်ဒေးရှင်းနဲ့ပေါင်းပြီးတော့ ပုဂံဘုရားတွေအတွက်ကိုသွားလှူဖြစ်ခဲ့တာပါ။

-ပြင်ဦးလွင်သွားတာကရော ဘာကြောင့်များလဲ။

အဲ့ဒီမှာက Famous ဟိုတယ်ရှိတယ်။ အဲ့ဒီဟိုတယ်နဲ့အစ်မတို့နဲ့ကမိသားစုလိုဖြစ်နေတဲ့အခါကျတော့ အလုပ်လုပ်ဖြစ်တာ မလုပ်ဖြစ်တာထက်ကို အစ်မကဟိုတယ်လုပ်ငန်းအကြောင်း နားလည်ချင်လို့ကိုအကုန်လုံးကို လိုက်ပြီးလေ့လာဖြစ်တာပါ။

-နယ်ရှိုးတွေသွားတဲ့အခါမှာရော ပရဟတနဲ့ပတ်သက်ဆက်နွယ်ပြီးပဲသွားဖြစ်တာလား။

အစ်မက ဘုရားပွဲတို့အလှူပွဲတို့ဆို လိုက်ပြီးဆိုပေးပါတယ်။ ပြီးခဲ့တုန်းကလဲ ပုဂံကိုသွားတာ ပခုက္ကူပွဲသွားဆိုရင်းနဲ့ပုဂံကိုဝင်ခဲ့တာပါ။

-Linn Fashion Palace ကရော အခြေအနေဘယ်လိုရှိလဲ။

မဆိုးဘူးလို့ပဲပြောရမှာပေါ့။ အအောင်မြင်ကြီးလို့လဲမပြောနိုင်သလို မဆိုးဘူးပေါ့။ အသင့်အတင့်ပါပဲ။ ဘာလို့လဲဆိုတော့ အစ်မအလုပ်က ဟိုဟာရောဒီဟာရောစုံနေတယ်။ လူကလဲတစ်ယောက်တည်းဆိုတော့ ဆိုင်ကိုအရမ်းမကြပ်မတ်နိုင်သေးဘူးဖြစ်နေတယ်။ ဒီကားကြီးပြီးသွားရင်တော့ ဆိုင်အတွက်ကို အစ်မခရီးထွက်မယ်။ ပြီးသွားရင်ဆိုင်ကိစ္စလေးတွေပြန်လုံးပန်းဦးမှာပါ။ ကိုယ်ပဲဆိုင်ရှင်ကိုယ်ပဲဝန်ထမ်းဖြစ်နေတာပေါ့။

-ဆိုင်အတွက်ဘယ်လိုသွားဖြစ်မလဲ။

ဘန်ကောက်ကလဲယူတယ်။ သြစတြေးလျကလဲယူတယ်။ ဘန်ကောက်က ပစ္စည်းလေးအချို့ ထပ်ဖြည့်စရာရှိတယ်။ သြစတေးလျကပစ္စည်းတွေကတော့ သမီးကိုမှာတယ်ပေါ့။

-သမီးလေးကတစ်ဆင့်မှာတယ်ဆိုတော့ ဆိုင်နဲ့ပတ်သက်ပြီး သမီးဆီကအကြံဉာဏ်ယူဖြစ်တာမျိုးရောရှိလား။

အခုဟာက အစ်မသြစတြေးလျကျတာ့ ပွင့်ပွင့်လင်းလင်းပြောရရင် ခဏခဏ ရှော့ပင်းမထွက်နိုင်ဘူး။ စရိတ်စကနဲ့ကအဆင်မပြေဘူး။ အဲ့ဒါကြောင့် သြစတြေးလျကပစ္စည်းတွေကျတော့ သမီးကိုပဲမှာလိုက်တယ်။ သမီးကပဲဟိုကနေပို့ပေးတယ်ပေါ့။

-သမီးလေးကရော အနုပညာဖက်ကိုဝါသနာပါတာမျိုးရှိလား။

ဝါသနာပါတယ်ညီမ။ ဒါပေမဲ့အခုလောလောဆယ်ကတော့ အစ်မသူ့ကိုကျောင်းကိုပဲ တက်ခိုင်းထားတယ်။ ကျောင်းပြီးသွားတဲ့အခါမှာတော့ သူဝါသနာပါရာကိုပံ့ပိုးပေးရမှာပေါ့။

-သူကရောဟိုမှာဘာကျောင်းတက်နေတာလဲ။

Business နဲ့ပတ်သက်တာပဲ တက်နေတာပါ။ သူဟိုမှာကျောင်းတက်နေတာ တစ်နှစ်ခွဲကျော်ပြီပေါ့။ သူစတက်တုန်းက ၁၈ နှစ်မပြည့်သေးဘူး။ အဲ့ဒါကြောင့် စတက်ခါစတုန်းက သူနဲ့လိုက်သွားတယ်။ သုံးလလောက်နေဖြစ်တယ်။ သူနဲ့နေပြီးပြန်လာတော့မှ အလုပ်ပြန်လုပ်ဖြစ်တာပေါ့။ ကြားထဲမှာတော့ ထပ်မသွားဖြစ်တော့ဘူး။ ဒါပေမဲ့ သမီးကတော့ ကျောင်းပိတ်ရင်ပြန်ပြန်လာတယ်။ အခုဒီဇင်ဘာကျောင်းပိတ်ရင်လဲ လာဦးမှာပါ။

-အခုအစ်မကကားပြန်ရိုက်နေပြီဆိုတော့ ပရိသတ်ကလဲ အစ်မရဲ့ကားလေးတွေကိုဆက်တိုက်ဆိုသလို ပြန်မျှော်နေကြတာမျိုးရှိတယ်လေ။ အဲ့ဒါကြောင့်ဒီကားအပြီးမှာရော အနုပညာနဲ့ပတ်သက်ပြီး ဘယ်လိုများဆက်လုပ်ဖြစ်ဦးမလဲ။

အမှန်အတိုင်းပြောရရင် အနုပညာသမားက အနုပညာအလုပ်ပဲ လုပ်တတ်တာပေါ့နော်။ ကိုယ်ကိုတိုင်ဝါသနာလဲပါတယ်။ ကိုယ်ကြီးပြင်းခဲ့တာလဲ အနုပညာလောကထဲမှာပဲဆိုတော့ ဒီအလုပ်နဲ့ကတော့ ပိုပြီးအဆင်ပြေတယ်။ အဲ့ဒါကြောင့်ဒီအလုပ်ကိုပဲ လုပ်ချင်ပါတယ်။ ဒါပေမဲ့လဲ အနုပညာအလုပ်ဆိုတာက အမြဲတမ်းတည်မြဲတာ မဟုတ်ဘူး။ အတက်အကျရှိတယ်ဆိုတော့ အနုပညာအလုပ်တစ်ခုတည်းကိုပဲ ဦးစားပေးလို့မဖြစ်ဘူး။ ဝမ်းစာကလဲရှိသေးတယ်ဆိုတော့လေ။ နောက်ပြီးကိုယ်က ဆက်တိုက်ရိုက်ချင်တယ်ဆိုသော်ငြားလဲ ကိုယ့်ကိုလာငှားတဲ့သူက ရှိဦးမှလေ။ လာငှားတယ်ဆိုဦးတော့ ဇာတ်ကကိုယ်နဲ့လိုက်ဖက်ဦးမှဆိုတဲ့အခါကျတော့ အခုချိန်မှာအစ်မတို့ကအသက်အရွယ်လဲရှိနေပြီဆိုတော့ ဇာတ်တိုင်းနဲ့ကတော့ မလိုက်ဖက်ဘူး။ အဲ့ဒါကြောင့် ကိုယ့်ကိုလဲလာငှားပြီးကိုယ်နဲ့လဲလိုက်ဖက်မယ်ဆိုရင်တော့ ဘယ်သူ့ကိုမဆို Welcome ပါလို့ ။ အနုပညာအလုပ်ကတော့ မသေမချင်းကတော့လုပ်နေဦးမှာပါပဲ။ လုပ်ချင်နေသေးတာပါပဲ။

-သမီးလေးကရော ကားရိုက်တစ်ခုတည်းကိုပဲဝါသနာပါတာလား။

သူက ဓာတ်ပုံရိုက်တာရော၊ ကားရိုက်တာရော ဝါသနာပါတယ်။ မျိုးရိုးတော့လိုက်တယ်နဲ့တူပါတယ်။ သူဝါသနာပါတဲ့ဟာကိုပံ့ပိုးပေးမယ်။ ကလေးရဲ့စိတ်ကတော့ အခုချိန်ထိမငြိမ်သက်သေးဘူးပေါ့။ အရင်တုန်းကဆိုရင် အိမ်မှာနေတုန်းက ကျောင်းစာထက်အနုပညာကိုအရမ်းလုပ်ချင်ခဲ့တယ်။ အစ်မကလဲ ပညာရေးတစ်ပိုင်းတစ်စနဲ့ဒီဖက်ကိုရောက်လာမှာစိုးလို့အမြန်ဆုံးဟိုဖက်ကိုလွှတ်လိုက်တာပေါ့။ ၁၈နှစ်တောင်မပြည့်သေးဘူး။ ဒါပေမဲ့ဟိုမှာကျောင်းလဲတက်ရော သူ့ခေါင်းထဲမှာ အနုပညာထက်စီးပွားရေးကပိုနေရာယူနေပြန်ရော။ ကလေးစိတ်ဆိုတော့ မငြိမ်ဘူးပေါ့။ ဘွဲ့ရပြီးတဲ့အချိန်မှာတော့ သူဘယ်လိုစိတ်ပြောင်းမလဲပေါ့။ အဲ့ဒီအပေါ်မှာအစ်မက အတတ်နိုင်ဆုံးပံ့ပိုးပေးမှာပါ။

-အစ်မကိုအားပေးနေတဲ့ပရိသတ်ကြီးကိုရော ဘာများပြောချင်သေးလဲ။

စီးပွားရေးကလဲ ဝမ်းစာဖြစ်နေတဲ့အတွက်ကြောင့် မဖြစ်မနေရှာရမဲ့အရွယ်ကိုရောက်နေပြီ။ အနုပညာကလဲ ဝါသနာဖြစ်နေတဲ့အတွက်ကြောင့် ဘယ်တော့မှ တော့ အနုပညာအလုပ်ကိုစွန့်လွှတ်မှာမဟုတ်ဘူး။ ရသလောက်နေရာမှာ ရသရွေ့တော့ လုပ်သွားမယ်။ အဲ့ဒါကြောင့် အနုပညာနဲ့ပတ်သက်ပြီးဘာလေးပဲ လုပ်လုပ်အားပေးပါ။ အနုပညာကိုအားပေးသလို စီးပွားရေးကိုလဲအားပေးပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top