Property Expo
×

‘အလြမ္းသီခ်င္းႀကိဳက္ တဲ့ ေရဒီယို’ ဒီဗီဒီကို ႏိုဝင္ဘာ ၅ ရက္တြင္ စတင္ျဖန္႔ခ်ိေပးမည္ျဖစ္ ၿပီး ယင္းေန႔ညေန၌ ကန္ေတာ္ ႀကီးေမွ်ာ္စင္ကြၽန္းတြင္ အခမဲ့ေဖ်ာ္ ေျဖပြဲျပဳလုပ္ရန္ အစီအစဥ္ရွိ ေၾကာင္း ပိုပိုက ေျပာသည္။

‘‘၁၁ လပိုင္း ၅ ရက္ ညေန ၅ နာရီကေန ၇ နာရီအထိ လက္မွတ္ ထိုးမယ္။ ၇ နာရီကေန ၉ နာရီက Free Show ေပါ့။ သီခ်င္းေတြ အမ်ားႀကီးဆုိေပးမယ္’’ဟု ပိုပိုက ေျပာသည္။

ယင္းအေခြတြင္ နာမည္ႀကီး အမ်ိဳးသားသ႐ုပ္ေဆာင္မ်ားျဖစ္ သည့္ ေနတိုး၊ ေျပတီဦး၊ ျမင့္ျမတ္၊ ထြန္းထြန္း၊ ေက်ာ္ေက်ာ္ဗို၊ လႊမ္း ပိုင္၊ ထြန္းကိုိကို စသည့္အႏုပညာ ရွင္မ်ား ပါဝင္သ႐ုပ္ေဆာင္ထား ၿပီး ၎အေနျဖင့္ သီခ်င္းအားလံုး တြင္ ပါဝင္သ႐ုပ္ေဆာင္ထားကာ မင္းသမီးအေနျဖင့္ ခင္ဝင့္ဝါႏွင့္ ယြန္းယြန္းတို႔သာ ပါဝင္မည္ဟု ၎က ဆုိသည္။

‘‘ကိုယ္တုိင္ ဒါ႐ိုက္တာလုပ္ ထားတာေတာ့ သံုးေလးပုဒ္ ေလာက္ပါတယ္။ တျခားဒါ႐ိုက္ တာေတြကေတာ့ ဝင္းလြင္ထက္၊ ေအာင္ျမတ္၊ ကိုဩရသ၊ ကိုေဇာ္ ႀကီးတုိ႔လည္း ပါမယ္’’ဟု ပိုပိုက ေျပာသည္။

ေအာ္ဒီယို စီဒီထြက္ရွိခ်ိန္က သီခ်င္းဆယ့္ေလးပုဒ္မွ တစ္ပုဒ္ကို ျဖဳတ္၍ ၎ကိုယ္တုိင္ ေရးသား ထားသည့္ သီခ်င္းအသစ္တစ္ပုဒ္ ကို Bonus Track အေနျဖင့္ ထည့္ေပးထားေၾကာင္း ၎က ေျပာသည္။

‘‘ေႂကြၿပီေလ အုိင္းစ္ဆုိတဲ့ သီခ်င္းေလး။ သီခ်င္းက အျမဴး ေလး။ အခုေခတ္ ေဖ့စ္ဘြတ္ခ္မွာ ဗန္းစကားအေနနဲ႔ ေကာင္ေလး ေတြကိုျမင္ရင္ ‘ေႂကြၿပီေလ အုိင္းစ္’ဆိုတဲ့ဟာေလးကို ေရးျဖစ္သြား တာ။ တစ္ေခြလံုးနဲ႔လည္း မတူတဲ့ ပံုစံေလးမုိလို႔ ထည့္ျဖစ္သြားတာ။ အဲဒီသီခ်င္းကို ေမာ္ဒယ္ေယာက်္ားေလးေတြအမ်ားႀကီးနဲ႔ ႐ိုက္ထား ပါတယ္’’ဟု ပိုပိုက သီခ်င္းအသစ္ အေၾကာင္း ေျပာသည္။

ယင္းအေခြကို ျပည္ပတြင္ သြားေရာက္႐ိုက္ကူးခဲ့သကဲ့သို႔ ေန ရာေဒသေတာ္ေတာ္မ်ားမ်ားတြင္ သြားေရာက္႐ိုက္ကူးထားၿပီး ၾကည့္ရသည့္ ပရိသတ္မ်ားအ တြက္ ထိုက္တန္ေအာင္ ႀကိဳးစား ၍ ပံုေဖာ္ထားေၾကာင္း ၎က ဆုိ သည္။

ထို႔အျပင္ ပရိသတ္မ်ားအ ေနျဖင့္ ႏိုဝင္ဘာ ၅ ရက္တြင္ ေမွ်ာ္စင္ကြၽန္း၌ ျပဳလုပ္မည့္ အခမဲ့ ေဖ်ာ္ေျဖပြဲသို႔လည္း လာေရာက္ အားေပးေစလိုေၾကာင္း ပိုပိုက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

‘အလွမ်းသီချင်းကြိုက် တဲ့ ရေဒီယို’ ဒီဗီဒီကို နိုဝင်ဘာ ၅ ရက်တွင် စတင်ဖြန့်ချိပေးမည်ဖြစ် ပြီး ယင်းနေ့ညနေ၌ ကန်တော် ကြီးမျှော်စင်ကျွန်းတွင် အခမဲ့ဖျော် ဖြေပွဲပြုလုပ်ရန် အစီအစဉ်ရှိ ကြောင်း ပိုပိုက ပြောသည်။

‘‘၁၁ လပိုင်း ၅ ရက် ညနေ ၅ နာရီကနေ ၇ နာရီအထိ လက်မှတ် ထိုးမယ်။ ၇ နာရီကနေ ၉ နာရီက Free Show ပေါ့။ သီချင်းတွေ အများကြီးဆိုပေးမယ်’’ဟု ပိုပိုက ပြောသည်။

ယင်းအခွေတွင် နာမည်ကြီး အမျိုးသားသရုပ်ဆောင်များဖြစ် သည့် နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ လွှမ်း ပိုင်၊ ထွန်းကိုကို စသည့်အနုပညာ ရှင်များ ပါဝင်သရုပ်ဆောင်ထား ပြီး ၎င်းအနေဖြင့် သီချင်းအားလုံး တွင် ပါဝင်သရုပ်ဆောင်ထားကာ မင်းသမီးအနေဖြင့် ခင်ဝင့်ဝါနှင့် ယွန်းယွန်းတို့သာ ပါဝင်မည်ဟု ၎င်းက ဆိုသည်။

‘‘ကိုယ်တိုင် ဒါရိုက်တာလုပ် ထားတာတော့ သုံးလေးပုဒ် လောက်ပါတယ်။ တခြားဒါရိုက် တာတွေကတော့ ဝင်းလွင်ထက်၊ အောင်မြတ်၊ ကိုဩရသ၊ ကိုဇော် ကြီးတို့လည်း ပါမယ်’’ဟု ပိုပိုက ပြောသည်။

အော်ဒီယို စီဒီထွက်ရှိချိန်က သီချင်းဆယ့်လေးပုဒ်မှ တစ်ပုဒ်ကို ဖြုတ်၍ ၎င်းကိုယ်တိုင် ရေးသား ထားသည့် သီချင်းအသစ်တစ်ပုဒ် ကို Bonus Track အနေဖြင့် ထည့်ပေးထားကြောင်း ၎င်းက ပြောသည်။

‘‘ကြွေပြီလေ အိုင်းစ်ဆိုတဲ့ သီချင်းလေး။ သီချင်းက အမြူး လေး။ အခုခေတ် ဖေ့စ်ဘွတ်ခ်မှာ ဗန်းစကားအနေနဲ့ ကောင်လေး တွေကိုမြင်ရင် ‘ကြွေပြီလေ အိုင်းစ်’ဆိုတဲ့ဟာလေးကို ရေးဖြစ်သွား တာ။ တစ်ခွေလုံးနဲ့လည်း မတူတဲ့ ပုံစံလေးမိုလို့ ထည့်ဖြစ်သွားတာ။ အဲဒီသီချင်းကို မော်ဒယ်ယောကျ်ားလေးတွေအများကြီးနဲ့ ရိုက်ထား ပါတယ်’’ဟု ပိုပိုက သီချင်းအသစ် အကြောင်း ပြောသည်။

ယင်းအခွေကို ပြည်ပတွင် သွားရောက်ရိုက်ကူးခဲ့သကဲ့သို့ နေ ရာဒေသတော်တော်များများတွင် သွားရောက်ရိုက်ကူးထားပြီး ကြည့်ရသည့် ပရိသတ်များအ တွက် ထိုက်တန်အောင် ကြိုးစား ၍ ပုံဖော်ထားကြောင်း ၎င်းက ဆို သည်။

ထို့အပြင် ပရိသတ်များအ နေဖြင့် နိုဝင်ဘာ ၅ ရက်တွင် မျှော်စင်ကျွန်း၌ ပြုလုပ်မည့် အခမဲ့ ဖျော်ဖြေပွဲသို့လည်း လာရောက် အားပေးစေလိုကြောင်း ပိုပိုက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top