Property Expo
×

 ညစ္ညမ္းေသာ ေလထုႏွင့္ ထိေတြ႕မႈမ်ားေသာေၾကာင့္ လူငယ္ မ်ားႏွင့္ က်န္းမာေသာ အရြယ္ေရာက္ၿပီးသူမ်ားတြင္ ေသြးေၾကာမ်ား ထိခိုက္ပ်က္စီးမႈႏွင့္ ေရာင္ရမ္းမႈမ်ားျဖစ္ႏုိင္ၿပီး ႏွလံုးေသြးေၾကာဆုိင္ရာေရာဂါႏွင့္ အျခားဆက္စပ္ေသာ ေသဆံုးမႈမ်ား ျဖစ္ေပၚလာႏုိင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း သုေတသီမ်ားက ေျပာၾကား သည္။


ေလထုညစ္ညမ္းမႈက ေသြးေၾကာမ်ားကုိ ထိခိုက္ႏုိင္ပံုႏွင့္ ေရာဂါျဖစ္လာႏုိင္သည့္ အႏၲရာယ္ျမင့္မားလာပံုတို႔ကုိ ယခုေလ့လာ မႈက ေဖာ္ျပထားသည္။

ေလထုထဲတြင္ ပါ၀င္ေသာ ညစ္ညမ္းသည့္အမႈန္႔မ်ားႏွင့္ ထိ ေတြ႕ျခင္းေၾကာင့္ ေသြးထဲတြင္ ပံုမွန္မဟုတ္ေသာ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚလာကာ ႏွလံုးေသြးေၾကာဆုိင္ရာေရာဂါ ျဖစ္လာႏုိင္ သည္။

ေလထုညစ္ညမ္းမႈပိုမ်ားလာစဥ္ ညစ္ညမ္းေသာ အမႈန္႔မ်ား ေၾကာင့္ ဆဲလ္မ်ား ထိခိုက္ပ်က္စီးမႈႏွင့္ ေသဆံုးမႈပုိမ်ားလာေၾကာင္း သုေတသီမ်ားက ေျပာၾကားသည္။

ေလထုညစ္ညမ္းမႈႏွင့္ ထိေတြ႕မႈမ်ားျခင္းေၾကာင့္ ေသြးေၾကာ မ်ားထဲရိွ ပ႐ုိတင္းဓာတ္ပမာဏကုိ ျမင့္တက္လာေစၿပီး ေရာင္ရမ္းမႈ ျဖစ္ေပၚေစေသာ ပ႐ုိတင္းဓာတ္ကိုလည္း ျမင့္တက္လာေစႏုိင္ သည္။

ညစ္ညမ္းေသာ ေလထုႏွင့္ ထိေတြ႕ျခင္းေၾကာင့္ ႏွလံုးေရာဂါ (သုိ႔မဟုတ္) ေလျဖတ္ႏုိင္သည္။ ေလထုညစ္ညမ္းေသာ အဆင့္ျမင့္ တက္လာျခင္းမွာ နာမက်န္းျဖစ္ေနသူမ်ားႏွင့္ သက္ႀကီးရြယ္အုိမ်ား အတြက္သာမဟုတ္ဘဲ မိမိတို႔အားလံုးအတြက္ စုိးရိမ္စရာကိစၥျဖစ္ ေနေၾကာင္း အေမရိကန္ႏုိင္ငံလူး၀စ္ဗီလီတကၠသုိလ္မွ သုေတသီမ်ားကေျပာၾကားသည္။

ညစ္ညမ္းေသာ ေလထုရိွသည့္ပတ္၀န္းက်င္တြင္ ေနထိုင္သူ မ်ားသည္ ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္းတုိ႔ျဖစ္ေပၚ လာႏုိင္ေျခပုိမ်ားေၾကာင္း သုေတသီမ်ားက ေျပာသည္။

က်န္းမာေရးေစာင့္ေရွာက္မႈေပးသူမ်ားအေနျဖင့္ နာမက်န္း ျဖစ္ေနသူမ်ား (သုိ႔မဟုတ္) သက္ႀကီးရြယ္အိုမ်ားအတြက္သာမဟုတ္ ဘဲ လူနာအားလံုးအေပၚ ညစ္ညမ္းေသာ ေလထု၏ ထိခိုက္ႏုိင္မႈကုိ ထည့္သြင္းစဥ္းစားသင့္ေၾကာင္း သုေတသီမ်ားက အႀကံေပးထား သည္။

ေမာ္ေတာ္ယာဥ္မ်ား၊ စက္႐ံုမ်ား၊ ဓာတ္အားေပးစက္႐ုံမ်ားမွ ထုတ္လႊတ္ေသာ ညစ္ညမ္းမႈမ်ားႏွင့္ ေဆးလိပ္ေသာက္သံုးမႈႏွင့္ ဆုိင္ေသာ ညစ္ညမ္းမႈမ်ားတို႔ကုိ သုေတသီမ်ားက ေလ့လာခဲ့ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ညစ်ညမ်းသော လေထုနှင့် ထိတွေ့မှုများသောကြောင့် လူငယ် များနှင့် ကျန်းမာသော အရွယ်ရောက်ပြီးသူများတွင် သွေးကြောများ ထိခိုက်ပျက်စီးမှုနှင့် ရောင်ရမ်းမှုများဖြစ်နိုင်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် အခြားဆက်စပ်သော သေဆုံးမှုများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မြင့်မားကြောင်း သုတေသီများက ပြောကြား သည်။


လေထုညစ်ညမ်းမှုက သွေးကြောများကို ထိခိုက်နိုင်ပုံနှင့် ရောဂါဖြစ်လာနိုင်သည့် အန္တရာယ်မြင့်မားလာပုံတို့ကို ယခုလေ့လာ မှုက ဖော်ပြထားသည်။

လေထုထဲတွင် ပါဝင်သော ညစ်ညမ်းသည့်အမှုန့်များနှင့် ထိ တွေ့ခြင်းကြောင့် သွေးထဲတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်လာနိုင် သည်။

လေထုညစ်ညမ်းမှုပိုများလာစဉ် ညစ်ညမ်းသော အမှုန့်များ ကြောင့် ဆဲလ်များ ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုပိုများလာကြောင်း သုတေသီများက ပြောကြားသည်။

လေထုညစ်ညမ်းမှုနှင့် ထိတွေ့မှုများခြင်းကြောင့် သွေးကြော များထဲရှိ ပရိုတင်းဓာတ်ပမာဏကို မြင့်တက်လာစေပြီး ရောင်ရမ်းမှု ဖြစ်ပေါ်စေသော ပရိုတင်းဓာတ်ကိုလည်း မြင့်တက်လာစေနိုင် သည်။

ညစ်ညမ်းသော လေထုနှင့် ထိတွေ့ခြင်းကြောင့် နှလုံးရောဂါ (သို့မဟုတ်) လေဖြတ်နိုင်သည်။ လေထုညစ်ညမ်းသော အဆင့်မြင့် တက်လာခြင်းမှာ နာမကျန်းဖြစ်နေသူများနှင့် သက်ကြီးရွယ်အိုများ အတွက်သာမဟုတ်ဘဲ မိမိတို့အားလုံးအတွက် စိုးရိမ်စရာကိစ္စဖြစ် နေကြောင်း အမေရိကန်နိုင်ငံလူးဝစ်ဗီလီတက္ကသိုလ်မှ သုတေသီများကပြောကြားသည်။

ညစ်ညမ်းသော လေထုရှိသည့်ပတ်ဝန်းကျင်တွင် နေထိုင်သူ များသည် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ဖြစ်ပေါ် လာနိုင်ခြေပိုများကြောင်း သုတေသီများက ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် နာမကျန်း ဖြစ်နေသူများ (သို့မဟုတ်) သက်ကြီးရွယ်အိုများအတွက်သာမဟုတ် ဘဲ လူနာအားလုံးအပေါ် ညစ်ညမ်းသော လေထု၏ ထိခိုက်နိုင်မှုကို ထည့်သွင်းစဉ်းစားသင့်ကြောင်း သုတေသီများက အကြံပေးထား သည်။

မော်တော်ယာဉ်များ၊ စက်ရုံများ၊ ဓာတ်အားပေးစက်ရုံများမှ ထုတ်လွှတ်သော ညစ်ညမ်းမှုများနှင့် ဆေးလိပ်သောက်သုံးမှုနှင့် ဆိုင်သော ညစ်ညမ်းမှုများတို့ကို သုတေသီများက လေ့လာခဲ့ခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top