Property Expo
×

သွားကိုက်ခြင်းကို ပြင်းပြင်းထန်ထန် နာကျင်ခံစားလာရပါက ကိုယ့် ကိုကိုယ် သတ်သေချင်လောက်တဲ့အထိတောင် ဖြစ်လာရပါတယ်။ ခံစားရပြင်းထန်လွန်းတဲ့ သွားကိုက်ခြင်းဝေဒနာကို ခံစားရဖူးသူတိုင်း က နောက်တစ်ကြိမ်ထပ်မံခံစားရမှာကို သေမလောက် ကြောက် သွားတတ်ကြပါတယ်။ သွား၊ သွားဖုံး၊ ခံတွင်း၊ ပါးနဲ့ မျက်နှာ၊ အာရုံ ကြောတွေ ဆက်စပ်နာကျင်ပြီး ဘယ်လိုမှ နေထိုင်လို့မရလောက် အောင်ကို နာကျင်ရပါတယ်။ နာကျင်လွန်းလို့ အစားစားလို့ မဝင်တာ ကြောင့်လည်း နေရခက်ခဲပါတယ်။
ဒီလိုသွားကိုက်ခြင်း ဝေဒနာခံစားရပြီဆိုရင် ဘယ်လိုမျိုး အလျင်အ မြန်နဲ့ နာကျင်မှု သက်သာအောင် ဆေးမြီးတိုနည်းနဲ့ ကုသဖို့ နည်း လမ်းလေးတွေ ရှိပါတယ်။

၁။ သွားကြားထဲအစာများ ညပ်ပြီး ကျန်နေခြင်းကြောင့် သွားကိုက်၊ သွားနာခြင်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ သွားမှာ တစ်စုံတစ်ခု နာကျင်ခံစားနေရပြီဆိုရင် အစာတွေညပ်နေ၊ မညပ်နေဆိုတာကို ကြည့်ရှုပြီး သွားကြားထိုးတာတို့၊ သွားကြားထိုးတဲ့ ကြိုးနဲ့ ထိုးကြည့် တာမျိုး ပြုလုပ်ကြည့်ပါ။ အစာတွေထွက်သွားပြီး သွားနာခြင်း၊ သွား ကိုက်ခြင်းကို သက်သာစေပါတယ်။

၂။ သွားကိုက်ပျောက်ဆေး၊ သွားကိုက်နာကျင်မှု သက်သာတဲ့ ဆေး ဝါးတစ်ခုခု သောက်လိုက်ပါ။ သွားကိုက်တတ်တဲ့သူဆိုရင်ဆောင်နေ ကျသွားကိုက်ပျောက်ဆေး တမျိုးမျိုးကို သောက်လိုက်ပါ။ အက်စပ ရင်၊ အိုင်ဘူပရိုဖန်တို့ အစရှိတဲ့သွားကိုက်ပျောက်ဆေးတွေ သောက် သုံးနိုင်ပါတယ်။

၃။ သွားကိုက်ပျောက်ဆေးရည်၊ နာကျင်မှုပျောက်ဆေးရည်၊ ထုံ ဆေးရည် ဖြန်းထားတဲ့ ဝါဂွမ်းစ၊ ပိတ်စတို့ကို နာကျင်ကိုက်ခဲမှု ဖြစ် ပေါ်နေတဲ့သွားကြားထဲ၊ ခံတွင်းထဲထည့်ပြီး ငုံထားပါ။ ဒါမှမဟုတ် ဆားရည်၊ ရေနွေး ငုံပြီး အာလုပ်ကျင်းတာမျိုးတွေ ပြုလုပ်ပေးမယ် ဆိုရင်လည်း သွားကိုက်မှု သက်သာစေနိုင်ပါတယ်။

၎။ ရေခဲတုံးနဲ့ ကပ်ပေးပါ။ နာကျင်နေတဲ့သွားနဲ့ အာရုံကြော၊ အ ကြောတွေနားကို ရေခဲတုံးအဝတ်စထုတ်ပြီးတော့ မကြာခဏကပ် ပေးပါ။ အအေးဓာတ်က နာကျင်ကိုက်ခဲမှု ဝေဒနာကိုသက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ တစ်ရက်ကို ၄ ကြိမ် ၁၅ မိနစ်စီအကြာ ကပ်ပေးပါ။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top