Property Expo
×

         ေမာင္ေတာေဒသသို႔ ေရာက္ရိွလာေသာ တပ္မေတာ္ရဟတ္ယာဥ္ကို ေတြ႔ရစဥ္

ရခုိင္ျပည္နယ္ ေမာင္ ေတာႏွင့္ ရေသ့ေတာင္ၿမိဳ႕နယ္မ်ားရွိ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဌာနခ်ဳပ္ႏွင့္ ကြပ္ကဲမႈေအာက္ရွိ ကင္းစခန္းသုံးခုကို အၾကမ္းဖက္စီးနင္းတုိက္ခုိက္မႈျဖစ္စဥ္တြင္ ေပ်ာက္ဆုံးခဲ့ေသာ ရဲတပ္သားတစ္ဦးႏွင့္လက္နက္တစ္လက္တုိ႔ကို သီးျခားစီျပန္လည္ေတြ႕ရွိၿပီျဖစ္ေၾကာင္း အစုိးရက ေအာက္တုိ ဘာ ၁၀ရက္၌ သတင္းထုတ္ျပန္သည္။

အၾကမ္းဖက္စီးနင္းခံရသည့္ ျဖစ္စဥ္မ်ားအေပၚ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕၀င္မ်ား ပူးေပါင္း၍နယ္ ေျမရွင္းလင္းရာ၌ ေအာက္တုိဘာ ၁၀ရက္ နံနက္ ၉နာရီခြဲခန္႔ကငါးခူ ရနယ္ေျမရဲစခန္းႏွင့္ လုိင္းခန္းမ်ား အၾကမ္းဖက္စီးနင္းတုိက္ခုိက္ခံရစဥ္ လုံၿခဳံေရးတာ၀န္ထမ္းေဆာင္ရာမွ ေပ်ာက္ဆုံးခဲ့ေသာ ရဲတပ္သားကိုထုိက္ကုိ ငါးခူရရဲစခန္းအေနာက္ဘက္ ႏွစ္မုိင္ခန္႔ရွိ ဓနိေတာအတြင္းမွ ဒဏ္ရာရရွိမႈမရွိဘဲျပန္လည္ေတြ႕ရွိျခင္းျဖစ္သည္။

ထုိ႔အျပင္ ရဲတပ္ဖြဲ႕၀င္မ်ား က ယင္းစခန္း၏ ဗဟုိကင္းတစ္ ၀ုိက္ရွိ ၿခံမ်ားအတြင္း ရွာေဖြရွင္း လင္းရာ၌ ေအာက္တုိဘာ ၁၀ ရက္ ညေန ၃နာရီခြဲခန္႔ကဗဟို ကင္းမွ ေပ်ာက္ဆုံးခဲ့ေသာ M-22 ေသနတ္တစ္လက္ကို  ျပန္လည္ ေတြ႕ရွိခဲ့ေၾကာင္း  သတင္းထုတ္ ျပန္ခ်က္တြင္ပါရွိသည္။


ေအာက္တိုဘာ ၉ရက္က အၾကမ္းဖက္စီးနင္းတုိက္ခုိက္ခံရ မႈေၾကာင့္ နယ္ျခားေစာင့္တပ္ဖြဲ႕မွ က်ဆုံးသူကိုးဦး၊ ဒဏ္ရာရရွိသူ ေလးဦး၊ ေပ်ာက္ဆုံးသူတစ္ဦး၊ လက္နက္မ်ဳိးစုံ ၅၁လက္ဆုံး႐ႈံး ၿပီး အၾကမ္းဖက္သူမ်ားထံမွ အ ေသရမိသူရွစ္ဦး၊ အရွင္ဖမ္းမိသူႏွစ္ဦး၊ လုပ္ေသနတ္ပစၥတုိတစ္လက္ႏွင့္ ဆက္စပ္ပစၥည္းမ်ားဖမ္းဆီးရမိေၾကာင္း အစုိးရကထုတ္ျပန္ထားသည္။

ရခုိင္ျပည္နယ္ေမာင္ေတာ ႏွင့္ ရေသ့ေတာင္ၿမိဳ႕နယ္တို႔တြင္ ျဖစ္ပြားခဲ့ေသာျဖစ္စဥ္မ်ားႏွင့္ပတ္ သက္၍ ျပန္ၾကားေရး၀န္ႀကီးဌာန  က ျပဳလုပ္ေသာသတင္းစာရွင္း လင္းပြဲသို႔ ေအာက္တုိဘာ ၉ရက္ ကျပည္ထဲေရး၀န္ႀကီးဌာန၊ သာ သနာေရးႏွင့္  ယဥ္ေက်းမႈ၀န္ႀကီး ဌာန၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီး ဌာန၊ ျပန္ၾကားေရး၀န္ႀကီးဌာနတုိ႔ က တက္ေရာက္ရွင္းလင္းခဲ့သည္။

ေမာင္ေတာခ႐ုိင္အတြင္းအ ၾကမ္းဖက္စီးနင္းတုိက္ခုိက္မႈမ်ား ႏွင့္ပတ္သက္၍ တရားဥပေဒႏွင့္ အညီတုံ႔ျပန္ေဆာင္ရြက္ရန္ႏွင့္ သတိႀကီးစြာထားၿပီးေျဖရွင္းၾက ရန္  ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္က  မွာၾကားထားေၾကာင္း ႏုိင္ငံျခားေရး၀န္ႀကီးဌာနဒုတိယ ၀န္ႀကီးဦးေက်ာ္တင္က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မောင်တောဒေသသို့ ရောက်ရှိလာသော တပ်မတော်ရဟတ်ယာဉ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင် တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ကင်းစခန်းသုံးခုကို အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် ပျောက်ဆုံးခဲ့သော ရဲတပ်သားတစ်ဦးနှင့်လက်နက်တစ်လက်တို့ကို သီးခြားစီပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း အစိုးရက အောက်တို ဘာ ၁၀ရက်၌ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စီးနင်းခံရသည့် ဖြစ်စဉ်များအပေါ် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍နယ် မြေရှင်းလင်းရာ၌ အောက်တိုဘာ ၁၀ရက် နံနက် ၉နာရီခွဲခန့်ကငါးခူ ရနယ်မြေရဲစခန်းနှင့် လိုင်းခန်းများ အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရစဉ် လုံခြုံရေးတာဝန်ထမ်းဆောင်ရာမှ ပျောက်ဆုံးခဲ့သော ရဲတပ်သားကိုထိုက်ကို ငါးခူရရဲစခန်းအနောက်ဘက် နှစ်မိုင်ခန့်ရှိ ဓနိတောအတွင်းမှ ဒဏ်ရာရရှိမှုမရှိဘဲပြန်လည်တွေ့ရှိခြင်းဖြစ်သည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်များ က ယင်းစခန်း၏ ဗဟိုကင်းတစ် ဝိုက်ရှိ ခြံများအတွင်း ရှာဖွေရှင်း လင်းရာ၌ အောက်တိုဘာ ၁၀ ရက် ညနေ ၃နာရီခွဲခန့်ကဗဟို ကင်းမှ ပျောက်ဆုံးခဲ့သော M-22 သေနတ်တစ်လက်ကို  ပြန်လည် တွေ့ရှိခဲ့ကြောင်း  သတင်းထုတ် ပြန်ချက်တွင်ပါရှိသည်။


အောက်တိုဘာ ၉ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရ မှုကြောင့် နယ်ခြားစောင့်တပ်ဖွဲ့မှ ကျဆုံးသူကိုးဦး၊ ဒဏ်ရာရရှိသူ လေးဦး၊ ပျောက်ဆုံးသူတစ်ဦး၊ လက်နက်မျိုးစုံ ၅၁လက်ဆုံးရှုံး ပြီး အကြမ်းဖက်သူများထံမှ အ သေရမိသူရှစ်ဦး၊ အရှင်ဖမ်းမိသူနှစ်ဦး၊ လုပ်သေနတ်ပစ္စတိုတစ်လက်နှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိကြောင်း အစိုးရကထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မောင်တော နှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်များနှင့်ပတ် သက်၍ ပြန်ကြားရေးဝန်ကြီးဌာန  က ပြုလုပ်သောသတင်းစာရှင်း လင်းပွဲသို့ အောက်တိုဘာ ၉ရက် ကပြည်ထဲရေးဝန်ကြီးဌာန၊ သာ သနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီး ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ က တက်ရောက်ရှင်းလင်းခဲ့သည်။

မောင်တောခရိုင်အတွင်းအ ကြမ်းဖက်စီးနင်းတိုက်ခိုက်မှုများ နှင့်ပတ်သက်၍ တရားဥပဒေနှင့် အညီတုံ့ပြန်ဆောင်ရွက်ရန်နှင့် သတိကြီးစွာထားပြီးဖြေရှင်းကြ ရန်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  မှာကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီးဦးကျော်တင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top