Kantharyar Centre
×

  ရန္ကုန္ၿမိဳ႕တြင္ တရား မ၀င္ေနထိုင္လုပ္ကိုင္ေနေသာ ႏိုင္ငံျခားသားမ်ားေတြ႕ရွိပါက ဖမ္း ဆီး၍ ရဲလက္အပ္ရန္ ျပည္သူမ်ား ၌ တာ၀န္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအလုပ္သမားေရးရာႏွင့္ ရခိုင္တိုင္းရင္းသားလူမ်ဳိးေရးရာ၀န္ႀကီး ဦးေဇာ္ေအးေမာင္က ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္လုပ္ ကိုင္လ်က္ရွိေသာ ႏိုင္ငံျခားသား မ်ားသည္ မည္သည့္ဗီဇာျဖင့္ လာသနည္း၊ အလုပ္လုပ္ကိုင္ခြင့္ တရား၀င္အလုပ္ပါမစ္ရွိ၊ မရွိသိ လိုေၾကာင္း ပန္းဘဲတန္းၿမိဳ႕နယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္ စားလွယ္ ဦးသန္းႏိုင္ဦးက ရန္ကုန္ တိုင္းေဒသႀကီးလႊတ္ေတာ္သို႔ ေမးျမန္းရာ ဦးေဇာ္ေအးေမာင္က  အထက္ပါအတိုင္း    ျပန္လည္ေျဖၾကားျခင္းျဖစ္သည္။

‘‘ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ဥပ ေဒ၊ လုပ္ထံုးလုပ္နည္း၊ ၫႊန္ၾကား ခ်က္ရွိၿပီးသား။ လူေတြရဲ႕ စိတ္နဲ႔ပဲ ဆိုင္တယ္။ ဒီလူဟာ တရားမ၀င္ ဘာမွဗီဇာမရွိဘဲေနရင္ ျပည္သူမွာလည္း တာ၀န္ရွိတယ္။ သူ႕ကိုကုပ္ဆြဲၿပီး ရဲလက္အပ္ေပးရမယ္။ ျပည္သူမွာ တာ၀န္ရွိတယ္။ ရဲအပ္လို႔မွ ရဲကလႊတ္ေပးလိုက္ရင္ ဒါကို ကြၽန္ေတာ္တို႔ အေရးယူေပးမယ္။ သူ ကိုယ္တိုင္ မဖမ္းႏုိင္ရင္လည္း သ တင္းေပးပါ။ ႏိုင္ငံျခားသားတစ္ ေယာက္ကေတာ့ျဖင့္ ဘယ္ေနရာ မွာေတာ့ တရားမ၀င္ေနထိုင္ေန တယ္။ ကြၽန္ေတာ္တို႔ ႏုိင္ငံက ဥပ ေဒေတြက အရမ္းခိုင္မာၿပီးသား ျဖစ္တယ္။ ၀တၱရားမ်ားကို ေဖာက္ဖ်က္ရင္ ျပစ္ဒဏ္ပါပါၿပီးသား’’ဟု ဦးေဇာ္ေအးေမာင္က    ေျဖၾကားသည္။


 ရန္ကုန္ၿမိဳ႕တြင္ တရား၀င္ လုပ္ငန္းဗီဇာ (Business Visa) ျဖင့္ လာေရာက္လုပ္ကိုင္ေသာ ႏုိင္ငံျခားသား ၃,၉၂၈ ဦးရွိၿပီး အလုပ္သမားဗီဇာျဖင့္ ေနထုိင္ေနသည့္ ဂ်ပန္ႏုိင္ငံသား ၅၀၀ ေက်ာ္ရွိေၾကာင္း ၀န္ႀကီး ဦးေဇာ္ေအးေမာင္က ေျပာသည္။

၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္အတြင္း ႏိုင္ငံျခားသား ၆,၅၉၆ ဦးထံမွ ၀င္ေငြခြန္က်ပ္ ၆၁ ဘီလီ ယံေက်ာ္ေကာက္ခံရရွိေၾကာင္း ၎က ဆက္လက္ေျပာသည္။

 ျမန္မာႏိုင္ငံတြင္ အလုပ္ လုပ္ကိုင္ေနေသာ ႏိုင္ငံျခားသား မ်ားအေနျဖင့္ တစ္က်ပ္မွ က်ပ္သိန္း ၂၀ အထိ ၀င္ေငြရွိေသာသူမ်ားကို ၀င္ေငြခြန္ကင္းလြတ္ခြင့္ေပးထားၿပီး က်ပ္သိန္း ၂၀ ေက်ာ္မွ က်ပ္သိန္း ၅၀ ထိရရွိသူမ်ားမွာ ၀င္ေငြခြန္ ၅ ရာခိုင္ႏႈန္းေပးေဆာင္ရမည္ ျဖစ္သည္။ က်ပ္သိန္း ၅၀ ေက်ာ္မွ သိန္း ၁၀၀ ထိရရွိသူမ်ားသည္ ၀င္ေငြခြန္ ၁၀ ရာခိုင္ႏႈန္းေပး ေဆာင္ရမည္ျဖစ္ကာ က်ပ္သိန္း ၁၀၀ ေက်ာ္မွ သိန္း ၂၀၀ အထိရရွိသူမ်ားမွာ ၀င္ေငြခြန္ ၁၅ ရာခိုင္ႏႈန္းအသီးသီးေပးေဆာင္ရမည္ျဖစ္ေၾကာင္း  ဦးေဇာ္ေအးေမာင္က ေျပာသည္။

‘‘ထိုင္းလိုႏိုင္ငံမ်ဳိးေတာင္မွ ကြၽန္ေတာ္တို႔ဟာ ပတ္စ္ပို႔ကို အိတ္ထဲထည့္သြားရပါတယ္။ ႏိုင္ငံသားျဖစ္ေၾကာင္းျပဖို႔ဆိုတာ ပတ္စ္ပို႔ပဲ။ ကြၽန္ေတာ္ေနထိုင္တဲ့ စမ္းေခ်ာင္း ၿမိဳ႕နယ္ထဲက ဂ်န္းရွင္းစကြဲလိုေန ရာမ်ဳိးမွာ ညဘက္ဆိုရင္ တ႐ုတ္ ႏိုင္ငံသားေတြဟာ ဘီယာဘူးေတြ နဲ႔ အကုန္လံုးလမ္းေဘးမွာရွိတယ္။ သူတို႔မွာ ဘာအေထာက္အထား မွ မရွိဘူး။ ေျပာခ်င္တာက သူတို႔ သည္ ဆိုရွယ္ဗီဇာနဲ႔လာတယ္။ အ လုပ္လုပ္ေနတယ္။ သူတို႔သည္ အခြန္လည္း မေဆာင္ပါဘူး။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ လံုၿခံဳေရးစည္း က်ဳိးေပါက္ေနတယ္လို႔ေတာင္ ခံ စားရပါတယ္’’ဟု ပန္းဘဲတန္းၿမိဳ႕ နယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦးက ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ႏုိင္ငံမွာ ဗီဇာ အားလံုး ၁၂ မ်ဳိးရွိပါတယ္။ ဗီဇာကင္းလြတ္ခြင့္ႏိုင္ငံေတြရွိပါတယ္။ အလည္အပတ္ဗီဇာဆိုရင္ ၂၈ ရက္။ ဒါမွမဟုတ္ လုပ္ငန္းလုပ္လာရင္ လုပ္ငန္းဗီဇာ (Business Visa) ပါကိုပါရမယ္။ အလုပ္လုပ္ ဖို႔လာတယ္ဆိုရင္ မိခင္ႏိုင္ငံက သံ႐ုံးဆီမွာ အလုပ္သမားဗီဇာေတာင္းကို ေတာင္းခဲ့ရမယ္။ အလုပ္လုပ္ ဖို႔ လာတဲ့ အလုပ္သမားဗီဇာသည္ရက္ ၇၀ ေပးပါတယ္။ အဲဒီဗီဇာ ေတြပါမွ ျမန္မာႏိုင္ငံထဲမွာ အလုပ္လုပ္လို႔ရပါတယ္’’ဟု ၀န္ႀကီး ဦး ေဇာ္ေအးေမာင္က   ျပန္လည္ေျဖ ၾကားသည္။

  အလုပ္သမားဗီဇာျဖင့္ လာ ေရာက္လုပ္ကိုင္ေသာသူမ်ားကို ပထမဆံုးအႀကိမ္ သံုးလေနထိုင္ ခြင့္ေပးမည္ျဖစ္ၿပီး ဒုတိယအႀကိမ္ထပ္မံေတာင္းဆိုပါက ေျခာက္လ ထပ္ေပးမည္ျဖစ္ရာ တတိယအ ႀကိမ္ ထပ္မံေတာင္းခံပါက ၁၂ လအထိ ေနထုိင္ခြင့္ေပးမည္ ျဖစ္ ေၾကာင္း ၎က ဆက္လက္ေျပာ ၾကားသည္။

၁၉၄၇ လူ၀င္မႈႀကီးၾကပ္ေရး ဥပေဒအရ အလည္အပတ္ဗီဇာ ျဖင့္ လာေရာက္ေသာ ႏုိင္ငံျခား သားခရီးသြားမ်ားမွာ ဟိုတယ္မ်ား ၌သာ တည္းခိုေနထုိင္ရန္ ျပ႒ာန္းထားသည္။

ႏွစ္ရွည္လမ်ားအလုပ္လုပ္ ကိုင္ရန္ လာေရာက္ေနထိုင္သည့္ PR ၊ Business ဗီဇာမ်ားျဖင့္ ေန ထိုင္ပါက ရပ္ကြက္မ်ားတြင္ ငွား ရမ္းေနထိုင္ခြင့္ရွိေၾကာင္း  သတ္ မွတ္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version


  ရန်ကုန်မြို့တွင် တရား မဝင်နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသားများတွေ့ရှိပါက ဖမ်း ဆီး၍ ရဲလက်အပ်ရန် ပြည်သူများ ၌ တာဝန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအလုပ်သမားရေးရာနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်လုပ် ကိုင်လျက်ရှိသော နိုင်ငံခြားသား များသည် မည်သည့်ဗီဇာဖြင့် လာသနည်း၊ အလုပ်လုပ်ကိုင်ခွင့် တရားဝင်အလုပ်ပါမစ်ရှိ၊ မရှိသိ လိုကြောင်း ပန်းဘဲတန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်သို့ မေးမြန်းရာ ဦးဇော်အေးမောင်က  အထက်ပါအတိုင်း    ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ နိုင်ငံမှာ ဥပ ဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြား ချက်ရှိပြီးသား။ လူတွေရဲ့ စိတ်နဲ့ပဲ ဆိုင်တယ်။ ဒီလူဟာ တရားမဝင် ဘာမှဗီဇာမရှိဘဲနေရင် ပြည်သူမှာလည်း တာဝန်ရှိတယ်။ သူ့ကိုကုပ်ဆွဲပြီး ရဲလက်အပ်ပေးရမယ်။ ပြည်သူမှာ တာဝန်ရှိတယ်။ ရဲအပ်လို့မှ ရဲကလွှတ်ပေးလိုက်ရင် ဒါကို ကျွန်တော်တို့ အရေးယူပေးမယ်။ သူ ကိုယ်တိုင် မဖမ်းနိုင်ရင်လည်း သ တင်းပေးပါ။ နိုင်ငံခြားသားတစ် ယောက်ကတော့ဖြင့် ဘယ်နေရာ မှာတော့ တရားမဝင်နေထိုင်နေ တယ်။ ကျွန်တော်တို့ နိုင်ငံက ဥပ ဒေတွေက အရမ်းခိုင်မာပြီးသား ဖြစ်တယ်။ ဝတ္တရားများကို ဖောက်ဖျက်ရင် ပြစ်ဒဏ်ပါပါပြီးသား’’ဟု ဦးဇော်အေးမောင်က    ဖြေကြားသည်။


 ရန်ကုန်မြို့တွင် တရားဝင် လုပ်ငန်းဗီဇာ (Business Visa) ဖြင့် လာရောက်လုပ်ကိုင်သော နိုင်ငံခြားသား ၃,၉၂၈ ဦးရှိပြီး အလုပ်သမားဗီဇာဖြင့် နေထိုင်နေသည့် ဂျပန်နိုင်ငံသား ၅၀၀ ကျော်ရှိကြောင်း ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသား ၆,၅၉၆ ဦးထံမှ ဝင်ငွေခွန်ကျပ် ၆၁ ဘီလီ ယံကျော်ကောက်ခံရရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

 မြန်မာနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော နိုင်ငံခြားသား များအနေဖြင့် တစ်ကျပ်မှ ကျပ်သိန်း ၂၀ အထိ ဝင်ငွေရှိသောသူများကို ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးထားပြီး ကျပ်သိန်း ၂၀ ကျော်မှ ကျပ်သိန်း ၅၀ ထိရရှိသူများမှာ ဝင်ငွေခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည် ဖြစ်သည်။ ကျပ်သိန်း ၅၀ ကျော်မှ သိန်း ၁၀၀ ထိရရှိသူများသည် ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းပေး ဆောင်ရမည်ဖြစ်ကာ ကျပ်သိန်း ၁၀၀ ကျော်မှ သိန်း ၂၀၀ အထိရရှိသူများမှာ ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းအသီးသီးပေးဆောင်ရမည်ဖြစ်ကြောင်း  ဦးဇော်အေးမောင်က ပြောသည်။

‘‘ထိုင်းလိုနိုင်ငံမျိုးတောင်မှ ကျွန်တော်တို့ဟာ ပတ်စ်ပို့ကို အိတ်ထဲထည့်သွားရပါတယ်။ နိုင်ငံသားဖြစ်ကြောင်းပြဖို့ဆိုတာ ပတ်စ်ပို့ပဲ။ ကျွန်တော်နေထိုင်တဲ့ စမ်းချောင်း မြို့နယ်ထဲက ဂျန်းရှင်းစကွဲလိုနေ ရာမျိုးမှာ ညဘက်ဆိုရင် တရုတ် နိုင်ငံသားတွေဟာ ဘီယာဘူးတွေ နဲ့ အကုန်လုံးလမ်းဘေးမှာရှိတယ်။ သူတို့မှာ ဘာအထောက်အထား မှ မရှိဘူး။ ပြောချင်တာက သူတို့ သည် ဆိုရှယ်ဗီဇာနဲ့လာတယ်။ အ လုပ်လုပ်နေတယ်။ သူတို့သည် အခွန်လည်း မဆောင်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးစည်း ကျိုးပေါက်နေတယ်လို့တောင် ခံ စားရပါတယ်’’ဟု ပန်းဘဲတန်းမြို့ နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။

‘‘ကျွန်တော်တို့နိုင်ငံမှာ ဗီဇာ အားလုံး ၁၂ မျိုးရှိပါတယ်။ ဗီဇာကင်းလွတ်ခွင့်နိုင်ငံတွေရှိပါတယ်။ အလည်အပတ်ဗီဇာဆိုရင် ၂၈ ရက်။ ဒါမှမဟုတ် လုပ်ငန်းလုပ်လာရင် လုပ်ငန်းဗီဇာ (Business Visa) ပါကိုပါရမယ်။ အလုပ်လုပ် ဖို့လာတယ်ဆိုရင် မိခင်နိုင်ငံက သံရုံးဆီမှာ အလုပ်သမားဗီဇာတောင်းကို တောင်းခဲ့ရမယ်။ အလုပ်လုပ် ဖို့ လာတဲ့ အလုပ်သမားဗီဇာသည်ရက် ၇၀ ပေးပါတယ်။ အဲဒီဗီဇာ တွေပါမှ မြန်မာနိုင်ငံထဲမှာ အလုပ်လုပ်လို့ရပါတယ်’’ဟု ဝန်ကြီး ဦး ဇော်အေးမောင်က   ပြန်လည်ဖြေ ကြားသည်။

  အလုပ်သမားဗီဇာဖြင့် လာ ရောက်လုပ်ကိုင်သောသူများကို ပထမဆုံးအကြိမ် သုံးလနေထိုင် ခွင့်ပေးမည်ဖြစ်ပြီး ဒုတိယအကြိမ်ထပ်မံတောင်းဆိုပါက ခြောက်လ ထပ်ပေးမည်ဖြစ်ရာ တတိယအ ကြိမ် ထပ်မံတောင်းခံပါက ၁၂ လအထိ နေထိုင်ခွင့်ပေးမည် ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

၁၉၄၇ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အလည်အပတ်ဗီဇာ ဖြင့် လာရောက်သော နိုင်ငံခြား သားခရီးသွားများမှာ ဟိုတယ်များ ၌သာ တည်းခိုနေထိုင်ရန် ပြဋ္ဌာန်းထားသည်။

နှစ်ရှည်လများအလုပ်လုပ် ကိုင်ရန် လာရောက်နေထိုင်သည့် PR ၊ Business ဗီဇာများဖြင့် နေ ထိုင်ပါက ရပ်ကွက်များတွင် ငှား ရမ်းနေထိုင်ခွင့်ရှိကြောင်း  သတ် မှတ်ထားသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top