Property Expo
×

ရန္ကုန္တိုင္းထဲမွာ ေနထိုင္တဲ့ အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြအေနနဲ႔ ေနာက္ထပ္ေျခာက္လအတြင္း ကိုယ္၀န္ေဆာင္တာေတြမလုပ္ဖို႔နဲ႔ ျခင္ၾကားကိုက္တာေတြမခံရေအာင္ သတိထားဖုိ႔ က်န္းမာေရး၀န္ႀကီးဌာနက ႏိႈးေဆာ္သြားမယ္လုိ႔  ျပည္သူ႔က်န္းမာေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာစိုးလြင္ၿငိမ္းက ဒီေန႔ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ဇီကာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ ႏုိင္ငံျခားသူကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ဦးကုိ ရန္ကုန္မွာေတြ႕ရွိခဲ့ၿပီးေနာက္ပုိင္း အခုလို သတင္းထုတ္ျပန္ခဲ့တာျဖစ္ၿပီး  ဇီကာေရာဂါနဲ႔ ပတ္သက္တဲ့ ကာကြယ္ထိန္းခ်ဳပ္ႏွိမ္ႏွင္းေရး လုပ္ငန္းေတြကို အထူးအေလးေပးလုပ္ေဆာင္ေနတယ္လုိ႔ ဆိုပါတယ္။

ေရာဂါကူးစက္ခံေနရတဲ့ ႏိုင္ငံျခားသူနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြကုိေတာ့ ကမၻာ့က်န္းမာေရးအဖြဲ႔ရဲ႕ ညႊန္ၾကားခ်က္ေတြအရ ထုတ္ျပန္လုိ႔မရေသးဘူးလုိ႔ ေဒါက္တာစိုးလြင္က ေျပာခဲ့ၿပီး  ျပည္သူေတြအေနနဲ႔ စိုးရိမ္မႈမလြန္ကဲၾကဖို႔နဲ႔ အစိုးရက ပိုးေလာက္လန္းနဲ႔ ျခင္ၾကားႏိွမ္ႏွင္းေရးေတြကုိ တိုးျမွင့္လုပ္ေဆာင္သြားမယ္လုိ႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

ရန်ကုန်တိုင်းထဲမှာ နေထိုင်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ နောက်ထပ်ခြောက်လအတွင်း ကိုယ်ဝန်ဆောင်တာတွေမလုပ်ဖို့နဲ့ ခြင်ကြားကိုက်တာတွေမခံရအောင် သတိထားဖို့ ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်သွားမယ်လို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နိုင်ငံခြားသူကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ရန်ကုန်မှာတွေ့ရှိခဲ့ပြီးနောက်ပိုင်း အခုလို သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး  ဇီကာရောဂါနဲ့ ပတ်သက်တဲ့ ကာကွယ်ထိန်းချုပ်နှိမ်နှင်းရေး လုပ်ငန်းတွေကို အထူးအလေးပေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်ခံနေရတဲ့ နိုင်ငံခြားသူနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားချက်တွေအရ ထုတ်ပြန်လို့မရသေးဘူးလို့ ဒေါက်တာစိုးလွင်က ပြောခဲ့ပြီး  ပြည်သူတွေအနေနဲ့ စိုးရိမ်မှုမလွန်ကဲကြဖို့နဲ့ အစိုးရက ပိုးလောက်လန်းနဲ့ ခြင်ကြားနှိမ်နှင်းရေးတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top