Property Expo
×
Credit:7Day Daily
#Unicode Version
အွန်လိုင်းတွင် ရောင်းချလေ့ရှိသော ဆေးများကို ခွင့်ပြုချက်ပေးမထားဟု FDA ကအတိအလင်းပြောကြားထားသည်။ (ဓာတ်ပုံ − စိုင်းဇော်)
အွန်လိုင်းတွင် ရောင်းချ လျက်ရှိသော ဆေးဝါးများနှင့်ပတ် သက်၍ ခွင့်ပြုထားခြင်း မရှိဟု မြန်မာနိုင်ငံအစားအသောက်နှင့် ကွပ်ကဲရေး ဦးစီးဌာန (FDA)မှ ညွှန်ချုပ်ဒေါက်တာသန်းထွဋ်က ပြောသည်။
‘‘FDA ကတော့ အွန်လိုင်း မားကတ်တင်း (Marketing) ကို ဘယ်တုန်းကမှ ခွင့်မပြုတာ။ ဒီလို ကြော်ငြာခြင်းကိုလည်း ဘယ်တုန်းကမှ ခွင့်မပြုဘူး။ ဝတဲ့သူက နေ ပိန်သွားတယ်တို့၊ ဒီဆေးစားလို့ ဉာဏ်သိပ်ကောင်းတယ်တို့ အဲဒါတွေက ဘယ်တုန်းကမှ ခွင့်မပြုပါဘူး။ အဲဒီလို ခွင့်ပြုခဲ့ရင်လည်းပဲ ဥပဒေကြောင်းအရ အရေးယူခံရမှာဖြစ်တယ်’’ဟု ၎င်းကပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ FDA ၌ တရားဝင် မှတ်ပုံတင်ထားသော ဆေးဆိုင် ၁၉,၄၀၀ ဆိုင်၊ တင် သွင်းခွင့် ကိုယ်စားလှယ် ၂၀၈ ဦး နှင့်ဆေးဝါးထုတ် စက်ရုံရှစ်ခုရှိ ကြောင်း သိရသည်။
‘‘ခက်တာက ဖေ့စ်ဘွတ်ခ်က နေ ပတ်သက်တဲ့စည်းကမ်းချက် တွေကို တောင့်တောင့်တင်းတင်း ဖြစ်လာဖို့ အဲဒါဘယ်လိုထိန်းကြမလဲဆိုတော့ ပြန်ဆက်နဲ့ပတ်သက်တယ်။ ကာယကံရှင်နဲ့ပတ်သက်တယ်။ အဲဒီတော့ အွန်လိုင်းကနေ သွားနေတာဟာ အားလုံးပူးပေါင်းဆောင်ရွက်မှဖြစ်ပါမယ်။ FDA ကတော့ ခွင့်မပြုပါဘူး။အခန့်သင့်လို့ တင်ချင်ရင်တောင်မှ တရားဝင်ဖြစ်အောင် လျှောက်ရမယ်။ ဒီလိုပုံစံနဲ့ ကြော်ငြာချင်တယ်ဆိုပြီးတော့ အဲဒီမှာ လိုတာတွေထက် ပိုမပါမှ ခွင့်ပြု တာဖြစ်ပါတယ်’’ဟု ဒေါက်တာသန်းထွဋ်က ဆက်လက်ပြောသည်။
တရားမဝင်၊ မှတ်ပုံမတင် ထားသည့် ဆေးဝါးများ ဈေးကွက် တွင်း ဝင်ရောက်လာမှုများသည် အရည်အသွေးအာမခံချက် မရှိဘဲ ဆေးဝါးအရည်အသွေးမပြည့်မီခြင်း၊ ရောဂါပျောက်ကင်းမှုမရှိ ခြင်းနှင့် ဆေးယဉ်ပါးပြဿနာဖြစ် ပေါ်ခြင်း စသည့်အကျိုး ဆက်များ ဖြစ်ပေါ်လာနိုင်သည်ဟု ပညာရှင်များက သုံးသပ်ပြောဆို ကြသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top