Property Expo
×

ရန္ကုန္ၿမိဳ႕ လသာၿမိဳ႕နယ္ (၁၉) လမ္း ကမ္းနားလမ္းရွိ ကမ္းနားလမ္းမေဟာင္းေပၚတြင္ ေအာက္တုိဘာလ (၁၆)ရက္ေန ့နံနက္ ၅ နာရီက ယာဥ္ငယ္ႏွစ္စီး မ်က္ႏွာခ်င္းဆုိင္တုိက္မိရာ ယာဥ္ေမာင္းႏွစ္ဦးအပါအဝင္ ခရီးသည္ငါးဦးကုိ ရန္ကုန္ေဆး႐ုံသို႔တင္ပို႔လုိက္ရသည္ဟု ယင္းေနရာအနီးေနထုိင္သူ အသက္ ၅ဝ အရြယ္အမ်ဳိးသားတစ္ဦးက ေျပာသည္။

ေဆာက္လုပ္ေရးလုပ္ငန္းခြင္သံုးသံျငမ္းမ်ားတင္ေဆာင္လာေသာTown Ace အမ်ဳိးအစား ယာဥ္အမွတ္ 8K/ -----သည္ ကမ္းနားလမ္းေဟာင္းေပၚတြင္ အေနာက္မွွအေရွ႕သို႔ေမာင္းႏွင္လာစဥ္ (၁၉)လမ္း ကမ္းနားထိပ္အနီးအေရာက္ ကမ္းနားလမ္းမေဟာင္းအတိုင္း အေရွ႕မွ အေနာက္သို႔ေမာင္းႏွင္လာေသာ တိုယိုတာ Caldina အမ်ဳိးအစား အငွားတကၠစီယာဥ္အမွတ္ BB/-----အား လမ္းလယ္မ်ဥ္းေက်ာ္၍ ဝင္တုိက္မိခဲ့သည္။

စတုိက္မိသည့္ေနရာတြင္ ယင္းယာဥ္ ေနာက္ပုိင္းတြင္ တင္ေဆာင္လာေသာ သံျငမ္းအမ်ားစုမွာ ကားလမ္းမေပၚသုိ႔ ျပဳတ္က်ခဲ့သည္။ ယာဥ္တိုက္သည့္အရွိန္ေၾကာင့္ ယာဥ္ႏွစ္စီးစလုံး စတုိက္သည့္ေနရာမွ အေရွ႕ဘက္သုိ႔ အနည္းငယ္ေရြ႕သြားၿပီး ယာဥ္ေၾကာေပၚတြင္ ကန္႔လန္႔အေနအထားျမင္ေတြ႕ရ သည္။

ယာဥ္ေမာင္းႏွစ္ဦးႏွင့္ တကၠစီယာဥ္ေပၚပါ ခရီးသည္ စုစုုေပါင္း ငါးဦးကုိ ရန္ကုန္ေဆး႐ုံႀကီးသုိ႔ ပုိ႔ေဆာင္ေပးခဲ့သည္ဟု သိရသည္။ ယာဥ္တုိက္မႈျဖစ္ပြားေသာ ေနရာသုိ႔ သက္ဆုိင္ရာက လာေရာက္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Mirror Daily

#Unicode Version
ရန်ကုန်မြို့ လသာမြို့နယ် (၁၉) လမ်း ကမ်းနားလမ်းရှိ ကမ်းနားလမ်းမဟောင်းပေါ်တွင် အောက်တိုဘာလ (၁၆)ရက်နေ့နံနက် ၅ နာရီက ယာဉ်ငယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ ယာဉ်မောင်းနှစ်ဦးအပါအဝင် ခရီးသည်ငါးဦးကို ရန်ကုန်ဆေးရုံသို့တင်ပို့လိုက်ရသည်ဟု ယင်းနေရာအနီးနေထိုင်သူ အသက် ၅ဝ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးသံငြမ်းများတင်ဆောင်လာသောTown Ace အမျိုးအစား ယာဉ်အမှတ် 8K/ -----သည် ကမ်းနားလမ်းဟောင်းပေါ်တွင် အနောက်မှှအရှေ့သို့မောင်းနှင်လာစဉ် (၁၉)လမ်း ကမ်းနားထိပ်အနီးအရောက် ကမ်းနားလမ်းမဟောင်းအတိုင်း အရှေ့မှ အနောက်သို့မောင်းနှင်လာသော တိုယိုတာ Caldina အမျိုးအစား အငှားတက္ကစီယာဉ်အမှတ် BB/-----အား လမ်းလယ်မျဉ်းကျော်၍ ဝင်တိုက်မိခဲ့သည်။

စတိုက်မိသည့်နေရာတွင် ယင်းယာဉ် နောက်ပိုင်းတွင် တင်ဆောင်လာသော သံငြမ်းအများစုမှာ ကားလမ်းမပေါ်သို့ ပြုတ်ကျခဲ့သည်။ ယာဉ်တိုက်သည့်အရှိန်ကြောင့် ယာဉ်နှစ်စီးစလုံး စတိုက်သည့်နေရာမှ အရှေ့ဘက်သို့ အနည်းငယ်ရွေ့သွားပြီး ယာဉ်ကြောပေါ်တွင် ကန့်လန့်အနေအထားမြင်တွေ့ရ သည်။

ယာဉ်မောင်းနှစ်ဦးနှင့် တက္ကစီယာဉ်ပေါ်ပါ ခရီးသည် စုစုုပေါင်း ငါးဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားသော နေရာသို့ သက်ဆိုင်ရာက လာရောက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:The Mirror Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top