Property Expo
×







Credit:7Day Daily

Unicode Version

ပြီးခဲ့သည့် ရာသီအ တွက် စပိန်လာလီဂါ အကောင်း ဆုံး ဘောလုံးသမားဆုကို ဂရစ်ဇ် မန်းက ရရှိခဲ့ပြီး အကောင်းဆုံး နည်းပြဆုကို အက်သလက်တီကို နည်းပြ ဒီယေဂိုဆီမြွန်နီ ရရှိခဲ့ သည်။

အက်သလက်တီကိုမှ နောက်ထပ် ကစားသမားနှစ်ဦး အဖြစ် ဂိုးသမားဆုကို ဂျန်အိုဘ လက်နှင့် အကောင်းဆုံးနောက် တန်းကစားသမားဆုကို ဒီယေဂို ဂိုဒင်တို့ ရရှိခဲ့သည်။

ဘာစီလိုနာမှ မက်ဆီသည် အကောင်းဆုံးတိုက်စစ်မှူး ဆုရရှိ ခဲ့ပြီး ရီးရဲလ်မှ လူကာမိုဒရစ်မှာ အကောင်းဆုံး ကွင်းလယ်ကစား သမားဆုရရှိခဲ့သည်။

လာလီဂါအသင်းတိုင်းမှ အ သင်းခေါင်းဆောင်များက နေရာ တစ်ခုစီရှိ အကောင်းဆုံးကစား သမားအား ရွေးချယ်ပြီး အချက်အ လက်များကို လေ့လာသောစနစ် ဖြင့် ပေါင်းစပ်ကာ ယင်းဆုများကို ချီးမြှင့်ခြင်းဖြစ်သည်။

ယင်းဆုပေးပွဲသို့ ဂရစ်ဇ်မန်း တက်ရောက်ခြင်း မရှိခဲ့သော် လည်း ဂိုဒင်တက်ရောက်ခဲ့ပြီး ‘‘ကျွန်တော့်ရဲ့ အသင်းဖော်တွေရဲ့ အကူအညီမပါဘဲ ရနိုင်ခြေမရှိတဲ့ ဒီဆုကို ဒီမှာ လက်ခံရရှိခဲ့တာဟာ အထူးအခွင့်အရေးတစ်ခုပဲ ဖြစ်ပါ တယ်’’ ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်ရာသီက ဘာစီလို နာသည် ရီးရဲလ်နှင့် အက်သလက် တီကိုတို့ကိုကျော်၍ လာလီဂါ ဖလားရရှိခဲ့သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top