Property Expo
×




Credit : Duwun

#Unicode Version

စပိန်လာလီဂါ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမားတွေစာရင်းကို ထုတ်ပြန်ကြေငြာလိုက်ကြောင်း သိရပါတယ်။ ဘောလုံးသမား တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်တွေကို အသေးစိတ်တွက်ချက်လေ့လာမှု ပြုနေတဲ့ အန်တိုနီယိုအော်တေဂါဆိုသူက စာရင်းပြုစုခဲ့တာပါ။ သူဟာ ၁၉၉၂ ခုနှစ်ကတည်းက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို စာရင်းပြုစုခဲ့သူဖြစ်ပါတယ်။

ဒါကို စပိန်သတင်းစာ AS က ပြန်လည်ဖော်ပြခဲ့တာဖြစ်ပါတယ်။ စပိန်လာလီဂါသမိုင်းတစ်လျှောက် စွမ်းဆောင်ရည် အကောင်းဆုံးကစားသမားဟာ မက်ဆီနဲ့ ရော်နယ်ဒို မဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ရာအူးလ် ဖြစ်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ ဂိုးသွင်းမှု နဲ့ လိမ်ခေါက်နိုင်ခြင်းစွမ်းရည်တွေကိုသာ တွက်ချက်တာမဟုတ်ဘဲ ဂိုးဖန်တီးပေါ်နိုင်မှု၊ အသင်းအတွက် အရေးပါဝင်မှု၊ ပြိုင်ဘက်ဘောလုံးကို တားဆီးနိုင်မှု စတာတွေကိုပါ ထည့်သွင်းတွက်ချက်ခဲ့တာဖြစ်ပါတယ်။

ရာအူးလ်ပြီးရင် ဒုတိယစွမ်းဆောင်ရည် အကောင်းဆုံးဘောလုံးသမားက ဆီဇာရိုဒရီဂွက်ဇ်ဖြစ်ပါတယ်။ လာလီဂါတစ်လျှောက် အကြီးကျယ်ဆုံး ဘောလုံးသမားစာရင်းမှာ မက်ဆီက အဆင့်-၃ ရခဲ့ပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ရော်နယ်ဒိုကတော့ ဒီစာရင်းမှာ အဆင့်-၂၃ သာ ချိတ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top