1st Myanmar's Smart Living Expo (အိမ္ၿခံေျမ၊ ကားႏွင့္လူသံုးကုန္ပစၥည္းျပပြဲႀကီး - ေတာင္ႀကီး)
×

ၾသစေၾတးလ်ႏုိင္ငံသားတစ္ေယာက္ဟာ သူ႔ရဲ႕ အိမ္နီးခ်င္းတစ္ေယာက္ရဲ႕ မီးဖုိထဲမွာ အရြယ္အစား အလြန္ႀကီးမားတဲ့ ပင့္ကူတစ္ေကာင္က ၾကြက္တစ္ေကာင္လံုးကုိ ကုိက္ခ်ီသြားခဲ့တဲ့ ဗီဒီယုိကုိ “ဘယ္ေလာက္ေဂၚလဲ၊ ၾကည္ၾကည့္” ဆုိၿပီး ေခါင္းစဥ္တပ္ကာ ျပန္လည္မွ်ေဝခဲ့ပါတယ္။

ကြင္းစ္လန္းျပည္နယ္က Jason Womas ဟာ အမဲလုိက္ေနတဲ့ ပင့္ကူႀကီးက ၾကြက္ေသတစ္ေကာင္ကုိ ေရခဲေသတၱာနံရံေပၚကေန ကုိက္ခ်ီသြားတဲ့ ဗီဒီယုိကုိ ရုိက္ၿပီး Facebook ေပၚမွာ တင္ခဲ့တာပါ။

အဆုိပါ အိမ္ရွင္အေနနဲ႔ ပင့္ကူႀကီးကုိ တိရစာၦန္ထိမ္းသိမ္းေရး လုပ္ငန္းလုပ္ကုိင္သူထံ ေပးခဲ့ေၾကာင္း သိရပါတယ္။ ဗီဒီယုိကို ဒီမွာၾကည့္ရႈႏုိင္ပါတယ္။

https://youtu.be/od7trrIptvE

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin


#Unicode Version
သြစတြေးလျနိုင်ငံသားတစ်ယောက်ဟာ သူ့ရဲ့ အိမ်နီးချင်းတစ်ယောက်ရဲ့ မီးဖိုထဲမှာ အရွယ်အစား အလွန်ကြီးမားတဲ့ ပင့်ကူတစ်ကောင်က ကြွက်တစ်ကောင်လုံးကို ကိုက်ချီသွားခဲ့တဲ့ ဗီဒီယိုကို “ဘယ်လောက်ဂေါ်လဲ၊ ကြည်ကြည့်” ဆိုပြီး ခေါင်းစဉ်တပ်ကာ ပြန်လည်မျှဝေခဲ့ပါတယ်။

ကွင်းစ်လန်းပြည်နယ်က Jason Womas ဟာ အမဲလိုက်နေတဲ့ ပင့်ကူကြီးက ကြွက်သေတစ်ကောင်ကို ရေခဲသေတ္တာနံရံပေါ်ကနေ ကိုက်ချီသွားတဲ့ ဗီဒီယိုကို ရိုက်ပြီး Facebook ပေါ်မှာ တင်ခဲ့တာပါ။

အဆိုပါ အိမ်ရှင်အနေနဲ့ ပင့်ကူကြီးကို တိရစ္ဆာန်ထိမ်းသိမ်းရေး လုပ်ငန်းလုပ်ကိုင်သူထံ ပေးခဲ့ကြောင်း သိရပါတယ်။ ဗီဒီယိုကို ဒီမှာကြည့်ရှုနိုင်ပါတယ်။


https://youtu.be/od7trrIptvE


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top